Wednesday, October 24, 2007

TV ဆင်ဆာ

ဒီဆင်ဆာက ဘာသဘောလည်း မသိဘူး။ ဒီက TV channel တွေမှာပြောပါတယ်။ ကိုရီးယား series တွေမှာဆိုရင် ရည်းစားတွေ နမ်းရင် ဖြတ်တယ်။ Lip kiss ဆိုရင်တော့ မပြောနဲ့တော့၊ ပါးကိုနမ်းတာကိုပဲ ဖြတ်တာ။ ကောင်မလေးက ပါးကိုကိုင်ပြီး ရှက်သလိုဖြစ်သွားရင် နမ်းလိုက်လို့ပဲ လို့နားလည်ပေးနေရတယ်။ ဒီ့ထက်ကြောင်တာ ရှိသေးတယ်။ ပါးရိုက်လိုက်ရင် လည်းဖြတ်တယ်။ ဒါလည်း ပါးကိုကိုင်ပြီး နာနေသလိုဖြစ်နေရင် ပါးရိုက်လိုက်လို့ နားလည်ပေးရတယ်။

ကျွန်တော်ထင်တာပြောမယ်နော်။ ကြိုင်ကြိုင်က သန်းရွှေကို တစ်ခါမှ မနမ်းဖူးဘူးတဲ့။ အဲဒါ သန်းရွှေက TVမှာ သူများတွေနမ်းတာမြင်တိုင်း စိတ်နာလို့ TVမှာ နမ်းတာမပြရလို့ အမိန့်ထုတ်ထားတာ။ နောက်ပြီး ကြိုင်ကြိုင်က သန်းရွှေကို တစ်ချိန်လုံး ပါးချနေတာ။ သန်းရွှေက TVမှာ သူများတွေ ပါးချတာ မြင်တိုင်း ရင်နာလွန်းလွန့် ဆိုပြီး TVမှာ ဘယ်သူမှ ပါးမချရလို့ အမိန့်ထုတ်ထားတာဒဲ့။ :D
င်္( http://dathana.blogspot.com/2007/08/blog-post_10.html မှ)

1 comment:

Anonymous said...

အိန္ဒိယမှာ ဂန္ဒီတုံးကတော့ ဘာမှလုပ်မရတော့... ဆားသွားချက်တယ်... အစက တယောက်တည်းထွက်တာ... (အင်္ဂလိပ်က ဆားချက်ခွင့် လက်ဝါးကြီးအုပ်ထား) လူတွေက သိတော့ သူနောက်က လိုက်ကြတာပေါ့။ လိုက်သူတွေ သိန်းနဲ့ချီ တရုံးရုံးဖြစ်သွားတော့တာပဲ။ လုပ်လို့မရတော့ ရအောင်ကြံတဲ့ ပုံကို ပြောတာပါ။ အခုကျုပ်တို့လည်း ဘီယာချက် ထွက်ရမယ်ထင်တယ်။

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။