Tuesday, October 23, 2007

မြန်မာ့အရေးအပေါ် ဂျပန်သံဟောင်း၏ လွဲမှားသော အမြင်များ(၂)

အမှန်အတိုင်းပြောရရင်တော့ ပျင်းလို့ရယ်၊ ဒီပြင်အလုပ်လေးတွေ ရှိနေလို့ရယ် `မြန်မာ့အရေးအပေါ် ဂျပန်သံဟောင်း၏ လွဲမှားသော အမြင်များ(၂)´ ကို ဆက်မရေးဖြစ်ဘူး။ သူတို့ခမျာလည်း သူတို့ဖက်က လိုက်ပြောပေးတဲ့သူလေး တစ်ယောက်ပေါ်လာတော့ ၀မ်းသာအားရနဲ့တင်လိုက်ကြတာ။ ရယ်ရတာတောဲ့ပြောမနေနဲ့။ သနားစရာပဲ။

စဉ်စားကြည့်ဗျ။ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ဂျပန်တွေထဲမှာ အကုန်က ထောက်ခံနေရင်တော့ ဘယ်သဘာဝကျမလဲ။ ဒါပေမယ့် ထောက်ခံသူ တစ်ထောင်မှာ ကန့်လန့်က တစ်ယောက်နှုန်းလောက်ပါဗျာ။ မြန်မာပြည်မှာလိုပေါ့။ နအဖကို လက်မခံသူက ရှစ်ထောင်ကိုးထောင် ငဖားက တစ်ကောင်ထဲ။

ငဖားတွေအပါအ၀င်၊ နအဖကို ပင်းပြောတဲ့ ဂျပန်ရော ပြောလာတဲ့ လေလုံးက မြန်မာပြည်ကကျောင်းသားတွေ စာမေးပွဲခိုးချတဲ့ အတိုင်းပဲ။ အကုန်လုံး ဒီအတိုင်းပဲ။ Usage တောင် ဘာမှမပြောင်းဘူး။ အထက်လူကြီးက သူ့ရို့ပါးစပ်ထဲ သွတ်ထည့်ပေးတဲ့အတိုင်း ပြန်ပြောတာပဲ။ Mouthpiece ခေါ်တာပေါ့ဗျာ။

အခုသူတို့မရှက်ပေမယ့် သူတို့ သားသမီးမြေးမြစ်တွေ အရှက်ရလိမ့်မယ်။

ပစ္စုပ္ပန်၊ သံသရာ ဘာမှကောင်းနိုင်ဖို့ မရှိပါဘူး။


1 comment:

Kaung Kin Ko said...

ချေပချက် ၁ ကော၊ ၂ကော အရမ်းထိတယ်ဗျို့ ။ ဆက်ချဗျို့ ။

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။