Tuesday, October 30, 2007

ဘလော့ဂ်နောက်မီးလင်းခြင်း

မောင်ဒိုင်းဆော်၍
အများက `၀မ်းစမိုး´အော်သည်
ခေါင်းမဖော်နိုင်ဇော်မျောက်။

ခါတော်မီ ထရမ်းသဖြင့်
ကျော်ဆန်းက နဖားထိုးလိုက်သည့်
အဖားမျိုး သာဂိနွား။

အပြေးဖားချင်ပေမယ့်
အရေးအသားမတတ်ရှာတဲ့
နွားကလေးနအာဖ။

ဗာလကောင်
နှမတောင်မရှောင်တဲ့
ဂွစာက နေလင်းကြောင်။

ဒီ မျောက်၊ နွား၊ ကြောင် တသိုက်ကို
ကြောက်ဖျား အောင် ကျနော် Fight လေတော့
ခြောက်ခြားကာ ဒီကောင်တွေလုပ်ပုံ မှားတာက
ဘလော့ဂ်များ အသစ်ထွင်
လင်းချင်တဲ့ နောက်မီး။

ပရိတ်သတ်တွေနဲ့
အချိတ် အ Chat ကလေးရှိတဲ့သူပါဗျာ
ဖားရှာသူ ပြေးပေါက်မှား။

စီဒီဟောင်းကြီးကို
တကျီကျီမောင်းကာဖွင့်ရရင်တော့
`ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မရိုင်းရအောင်
အကြင်ဆရာမောင်ဒိုင်းရေးကာ´
အပျောက်ဆော်ပါသည်
နောက်ပေါ် `မြန်ပြည်ဖျက်သား´တို့၊
(ပြေးပေါက်မှားချင်သည့်)
`ခွေးသားစေတမန်´တို့
ပြေးထားဖို့ရန် ကြံကြစေကုန်သတည်း။ ။

(ဂိမ်းကနေမတက်သည့် နေလင်းကြောင်၊ ၀ိပဿနာကို ခုတုံးလုပ်တဲ့ ဇော်မျောက်၊ သတ်ပုံ လေ့ကျင့် နေတဲ့ နအာဖ၊ မရေးတတ်တော့လို့ မရဲတရဲတင့်ဆွေ ကူရေးပြီး `ဘူ´နေတဲ့ သာဂိနွားတို့ ဘလော့ဂ်ဟောင်းတွေပစ်ပြီး ဘလော့ဂ်သစ်တွေနဲ့ နောက်မီးလင်းကြံနေကြသည်ကို ဂန်ဒူးလုပ်ကြဖို့ (ဟုတ်ပါဘူး) ဂုဏ်ပြု ရေးထဲ့လိုက်ပါသည်။)

Sunday, October 28, 2007

Thursday, October 25, 2007

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၅)

သန်တာရှည်လေးရဲ့အဆိုအက၊ အငိုအလှလေးတွေပြီးတာနဲ့ ..... ဟော .....

ပြောင်ရှည်ကိုယ်တော်မြတ် ..... ဘယ်ဇာတ်ကငှားလာလဲ မသိတဲ့ ဘုရင်အ၀တ်အစားတွေဝတ်ထားတော်မူပြီးသကာလ၊ လက်ထဲမှာ ရုရှားလုပ် အေကေ-၄၇ မောင်းပြန်ရိုင်ဖယ်စွဲကိုင်တော်မူလို့ပါလား .....

စိန်ပြောင်ရှည်ရဲ့ (ဗေထုံပေတပ်၊ ပတ်ဗေ ထိထိ ..) တီးလုံးအချိုးပြီးသည်နှင့် ..... ဗုံထောက်အလိုက်နှင့်ဆို .....

ပြောင်ရှည် ။ ။ “ တိုင်းမဟာနေပြည်တော်က ဗိုလ်သန်းရွှေလို့ခေါ်ပါသည်ခင်ဗျ၊ ဗိုလ်သန်းရွှေလို့ခေါ်ပါသည်ခင်ဗျား ....၊ ကလိန်ကကျစ် အလွန်တော်သည် .....၊ ပညာအရာမဟော်အလား .....၊ ကုလလောက်တော့ ပျင်းပါသည်၊ ..... ကုလလောက်တော့ ပျင်းပါသည်ခင်ဗျား ..။ ကျုပ်မှာတပ်ထား ..... ဒုံးတွေက များများ.... ဟား .. ဟာ .. ၊
သယ် !! .. အမှောင်မိုက်မဲ ...၊ ငါတစ်ယောက်တည်း၊ စမ်းတ၀ါးဝါး၊ လမ်းအမှားမှား နဲ့ လာလိုက်တာ ..၊ (၁၉) နှစ်ကျော်၊ အနှစ် (၂၀) ပျော်၊ မဟာကလိန်ကျ၊ အသာတကြည်နေပြမဲ့ ၊ ကြပ်ပြေးဆိုတာရောက်ပါပေါ့ ..။ .. ဟယ် !! .. ရောက်လျှင်ဆိုရင်ပဲ ..၊ မြေပြင်အခြေအနေ သိရအောင်၊ တောလိုက်တော်မူမယ်ဟေ့ .. ”

လျှာရှည် ။ ။ “ ဧရာဝတီ ..၊ ရာဇ၀င်ထဲက သတို့သမီး ..၊ သူတို့ရဲ့မိခင် ... ၊ ဧရာဝတီ ... (သီချင်းဆိုရင်း .. ရေခပ်ဆင်းစေ ..)၊ အင်း .. မာတာမိဘ၊ ကုသိုလ်ကံဆိုး၊ မျက်စိအစုံကိုးမရအောင် ဖြစ်ခဲ့ပါပေါ့ ..... ၊ အေးလေ .... ဒါကြောင့်လည်း..၊ မိအိုဖအိုတို့ ..၊ သောက်ရေသုံးရေအတွက်၊ ရွှေသမင်အပေါင်းနဲ့၊ နေညိုညို .. အချိန်မကုန်ရအောင် ...... ရေခပ်လိုက်ဦးမှပဲလေ ...... ။ ”

ပြောင်ရှည် ။ ။ “ အလို !! .. အရှေ့မှာ အရောင် တ၀င်းဝင်း တ၀ါဝါနဲ့၊ လူလော ..၊ နတ်လော .. ရဟန်းလော ..၊ စုရုံး ..စုရုံး .. လာနေ လိုက်တာ၊ ကြက်သီးများတောင် ထမိပါဘိ၊ ငါ့ဆီနီးလာရင်တော့ မလွယ်ချေဘူး ..၊ အဲဒါကြောင့် ..၊ ရဟန်းလူနတ်၊ သုံးလီမကပ်ရအောင်၊ တအားကုန်ပစ်ထည့်လိုက်မယ် ..၊ သေရော့လဟယ် ..။ (ဒိုင်း .. ဒိုင်း .. ဒိုင်း .. ) ”

လျှာရှည် ။ ။ “ အား !! .. သေပါပြီဗျာ .... (အဆိုတော်ဘိုဘိုရဲ့ .. သီချင်းလေးအတိုင်းလဲကျသွားကာ..) ငါဟာမြားဆိပ်တက်နေလား၊ ဆေးအမြန်ကုပေးပါ၊ မဲမဲတွေ့သမျှ သောက်ရမ်းပစ်တယ်၊ ဘုရင်ရူးရူးသူရယ်။ နင်ဘယ်ဥကပေါက်တာလဲ ..၊ ယုတ်မာသူကြီးရယ် .. ရယ် ..) အလို .. ဆိုနေ လို့မပြီးသေးပါဘူး .....၊ တရားမရှိ၊ အမှားမသိ၊ ၀ိဇ္ဇာအမှောင်ဖုံး ..၊ ဆင်ကန်းတောတိုးသလိုမျိုး ..ရက်စက်ပါပေ့၊ မည်သူကများလုပ်ရက်လေအား ..... အော် ... ကျွတ်ကျွတ်ကျွတ် ..... ။ ”

ပြောင်ရှည် ။ ။ “ အလို !! .. မှားပြီထင်ပါ့ ..၊ တရုတ်နဲ့စကားပြောဖို့၊ ကုလားစကားကျက်လာမိရဲ့သားဖြစ်ပြီ။ ဆေးရုံပို့ရအောင်တောကြီး မျက်မည်း၊ အမ်ဗြူးလဲ(န်) လည်းမရှိ၊ ရှိတော့လည်းဘာမှမထူး၊ဆေးရုံမှာဆေးစုံတာမဟုတ်၊ နာရေးကူညီမှုကိုခေါ်ရမလား ..၊ ဖုံး ဆက်ဖို့ဂျီအက်စ်အမ်လိုင်းကလည်း၊ ငါ့အမိန့်နဲ့ဖြတ်ထား၊ အွန်လိုင်းကလည်းသုံးမရ .... ၊ ခက်တော့နေပြီ၊ အဲ .. ပြောနေတာကြာတယ်၊ ဖြစ်ချင်တာဖြစ်၊ သေတာရေမျှော၊ နာတာထောင်ထည့်၊ ရှင်တာစစ်ကြည့်ရအောင်.. ၊ အနီးကပ်ကြည့်လေဦးမှ ..... ။ ”

လျှာရှည် ။ ။ “ မေတ္တာသန္တော အနန္တောလို့ မြတ်ရှင်စော၊ ဟောကြားခဲ့တာပဲလေ၊ မေတ္တာကိုအရင်းခံထား၊ သေရင်လည်းကောင်းရာ လားရအောင်၊ မေတ္တာပို့ရင်းပဲ အသေခံတော့မယ် .. ”

ပြောင်ရှည် ။ ။ “ အလို ..... လက်ချည်းဗလာ၊ တအားညင်သာ၊ ငါ့အားရန်မပြု၊ အများသူတစု၊ ပုံ့ပုံ့လေး၊ကြုံ့ကြုံ့ကွေးပြီးလဲနေပါလား၊ မဖြစ်ချေဘူး၊ အလျှောက်ကောင်း၊ အထောင်းသက်သာဆိုသလို၊ နဲနဲတော့ဟန်ဆောင်ပြီး၊ လူနာမေးချင်ယောင်ဆောင်ဦးမှ ..၊ အဲ .. မသိလို့ ပစ်မိတာပါနော် ..၊ စိတ်မဆိုးပါနဲ့ .. ကျုပ်ဗိုလ်သန်းရွှေဖြစ်ပေတယ်၊ သင်လိုရာပြော၊ လင့်ခရူဇာလား၊ ဖာစီတီးလား၊ အို ...... ကြိုက်တာပြော၊ ကျုပ်အာဏာမလုရင်ပြီးရော ..၊ လိုတာပေးမည်သာပ ။ ”

လျှာရှည် ။ ။ “ အရှင်မင်းကြီး၊ ကျုပ်ဘာမှမလို၊ မေတ္တာသာလိုပါတယ်။ ”

ပြောင်ရှည် ။ ။ “ မေတ္တာလား၊ ခေါ်ပေးမယ်လေ၊ ကျုပ်အခုစောင့်ကြည့်ခိုင်းထားတယ် ..။ ”

လျှာရှည် ။ ။ “ အဲဒီမေတ္တာမဟုတ်ဘူး၊ အသင်မင်းကြီးရဲ့ ရင်ထဲကမေတ္တာပြောတာ .. ”

ပြောင်ရှည် ။ ။ “ အင်း ... သေကာနီးတောင်ကျုပ်မှာ ရှိပါ့မလား မသိ .. ”

လျှာရှည် ။ ။ “ ကျုပ် .. ယမ်းဆိပ်တက်နေပြီ ..၊ အသင့်ထံမှာ ဇာဂနာပါသလား .. ”

ပြောင်ရှည် ။ ။ “ ဒီကောင့်ကိုခေါ်ဘူး ..၊ ဒီကောင်ကျုပ်ကိုစိတ်တိုအောင်အရမ်းလုပ်တာပ၊ မှန်တာချည်းပဲပြောတယ်၊ မနေ့တနေ့က မှပြန်လွှတ်လိုက်တယ်၊ အခုထပ်ပြောနေပြန်ပြီ .. ။ ”

လျှာရှည် ။ ။ “ ဟာ .. ဒီဇာဂနာပြောတာမဟုတ်ဘူး၊ ကျည်ဆွဲထုတ်ဖို့ ဇာဂနာ၊ ပြောရင်းနဲ့ အသက်ထွက်တော့မယ် .. ။ ”

ပြောင်ရှည် ။ ။ “ အဲ .. လွှတော့ပါတယ်၊ အဲဒါနဲ့ ဖြတ်ထုတ်မယ်လေ ..၊ ”

လျှာရှည် ။ ။ “ အောင်မလေး ... ပြောင်ရှည်ဘုရင်ရူးရဲ့ .. ၊ လွှနဲ့ရလွှနဲ့ဖြတ်၊ ဓါးနဲ့ရဓါးနဲ့ခုတ်၊ လက်သီးနဲ့ရလက်သီးနဲ့ထိုး၊ အဲဒီလိုဖြစ် နေပါပေါ့လား၊ သေအောင်သာသတ်လိုက်ပါတော့၊ ကျုပ်မျက်စိတွေပြာလာပါပေါ့လား .....။ ”

ပြောင်ရှည် ။ ။ “ ဟမ် ..၊ မှားပြန်ပြီ၊ ငါကိုကလျှာရှည်တာ ..၊ ကိုင်း .. ဖြစ်ချင်တာပြော ..၊ ကျုပ်လည်းအရူးမီးဝိုင်းသလိုဖြစ်နေပြီ .. ။ ”

လျှာရှည် ။ ။ “ အင်း ..ကောင်းပြီ ..... ၊ အသင်မင်းကြီး၊ ကျုပ်မိဘနှစ်ပါးသာ ရအောင်ခေါ်ပေးပါတော့ ..... ။ ”

ပြောင်ရှည် ။ ။ “ အို ... ၊ ဖြစ်တယ် .. ဖြစ်တယ်၊နှစ်ယောက်တည်းဆိုရင်ဖြစ်တယ်၊ လူများရင်သာမရတာ ..၊ ဘယ်မှာနေတာလဲပြော။”

လျှာရှည် ။ ။ “ ဟိုး ........ တောနက်ကြီးထဲက ညောင်ပင်ထီးထီးကြီးရဲ့အောက်မှာရှိတယ် .. ။ ”

ပြောင်ရှည် ။ ။ “ ရပြီ .. ၊ သိပြီ ..၊ အိုင်စီး ..၊ ယာဇနာရု၊ ပိုညား(လ်) .. ”

လျှာရှည် ။ ။ “ မရောက်သေးဘူး .. ၊ အဲဒီညောင်ပင်အောက်မှာရှိတဲ့ အုန်းမှုတ်ခွက်ကိုလှန်လိုက်၊ အင်း ... အဲဒီအုန်းမှုတ်ခွက်လှန် လိုက်ရင် ဘယ်ကိုသွားပါဆိုတဲ့လမ်းပြမြေပုံတွေ့မယ်၊ အဲဒီလမ်းညွှန်အတိုင်းလိုက်သွားရင် ..... ၊ ”

ပြောင်ရှည် ။ ။ “ ရောက်ပြီလား .. ”

လျှာရှည် ။ ။ “ နေဦး .. မရောက်သေးဘူး ..၊ အဲ .. အဲဒီအတိုင်းလိုက်သွားရင် ပိန္နဲပင်ကြီးတွေ့မယ်၊ အဲဒီအပင်ကြီးရဲ့အောက်မှာတဲ ငယ်လေးတွေ့မယ် ....... ။ ”

ပြောင်ရှည် ။ ။ “ အိုခေ .. ကဲ .. အခုပဲ သွားလိုက်မယ် .. ၊ ”

လျှာရှည် ။ ။ “ နေဦးလေ .. အဲဒီမှာ .. မှာ မှာ မှာ .... ”

ပြောင်ရှည် ။ ။ “ ဟဲ့ ..၊ ဒီနေ့ရောက်ပါဦးမလား ... ”

လျှာရှည် ။ ။ “ စိတ်မဆိုးပါနဲ့ မင်းကြီး၊ လုပ်အားပေးနဲ့ .. ထောက်ခံပွဲတွေ လိုက်ရလွန်းလို့ .. ဒီလိုနေကြရတာပါ ။ ”

ပြောင်ရှည် ။ ။ “ အမ် .... ”

လျှာရှည် ။ ။ “ အဲဒီကိုရောက်ရင်အရှင်မင်းကြီး ဒီအတိုင်းခေါ်လို့ရမှာမဟုတ်ဘူး၊ ကျုပ်ဂါထာပေးလိုက်မယ်။ အဲဒါကိုသာရွတ်ပေတော့။ ”

ပြောင်ရှည် ။ ။ “ ငါ့ လမ်းပြမြေပုံသာရှည်တယ်မှတ်တယ် ..၊ သူ့ဟာလည်းရှည်ပေသကိုး ..၊ ကဲ ... အဲဒါသင်ပေးပေတော့ .. ပြော .. ”

လျှာရှည် ။ ။ “ အင်း .. ဂါထာက ဒီလိုပါတဲ့ .. မှတ်ထား ..၊ (လူတွေနဲ့ ဝေး ..ဝေး ..၊ ဝေးတဲ့နယ်မြေ၊ တစ်နေရာ ..ရှိ ..ရှိ ..၊ ရှိရမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ..၊ သဘာဝရဲ့ ရင်သွေးငယ်တွေ .. ဟေ ဟေ၊ သဘာဝရဲ့ရင်သွေးငယ်တွေ .... ) တဲ့ ..။ ”

ပြောင်ရှည် ။ ။ “ အင်း .. အဲဒါ ငါကြားဖူးသလားလို့ .. ၊ ထားလိုက်ပါတော့ .. ၊ အားလုံးဟာငါ့ကြောင့်ပဲနဲ့တူပါရဲ့ ..၊ အင်း .. ဒါကြောင့် .. မနှေးအမြန်တခဏ၊ ပြေးကာလေ .. ဟန်ပြမယ် ..၊ ကိုင်း ... ရွာစားရေ ..မတိမ်းမစောင်း၊ ဗိန်းမောင်းနဲ့သာပို့ပေတော့ ..။ ”

ဇာတ်စင်ဝဲယာမှာ မီးရောင်မှိန်သွားပြီး၊ နောက်ခံကားများအမြန်ပြောင်းစေ။ ....

ပြောင်ရှည် ။ ။ “ အင်း .. ပြေးလာလိုက်တာ၊ မောပါပေ့၊ အသက်ကလည်း (၇၀) ကျော်ပြီကိုး ..၊ ကိုင်း .. တဲ ..တော့တွေ့ပြီ၊ ဂါထာ ရွတ်မှ..၊ (လူတွေနဲ့ ဝေး ..ဝေး ..၊ ဝေးတဲ့နယ်မြေ၊ တစ်နေရာ ..ရှိ ..ရှိ ..၊ ရှိရမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ..၊ သဘာဝရဲ့ ရင်သွေးငယ်တွေ .. ဟေ ဟေ၊ သဘာဝရဲ့ရင်သွေးငယ်တွေ .... ) .. ”

ထိုအချိန်တွင် .. တီးလုံးပြောင်းလို့ သီချင်းသံထွက်ပေါ်လာစေ ..... ။

မင်းသမီး ။ ။ “ ကိုကို ကျမကိုညာပြီးတော့ မခေါ်နဲ့ ၊ နာမည်ရှိတယ်မကြိုက်ဘူးသိရဲ့လား၊ ကိုကိုနဲ့ ကျနော်ပြိုင်ပြီးအရွေးခံမလား၊ ဘယ်နိုင်လိမ့်မလဲ .. ဒါလေးများ ..၊ အာ .. ဟား ဟား ဟာ .... ။ ”

ပြောင်ရှည် ။ ။ “ ရော ...... ခက်ချေပြီ၊ ဘာပြန်ခေါ်ရပါ့၊ စဉ်းစားစမ်း ....၊ ကြံစမ်း၊ဟုတ်ပြီ၊ ရွေးကောက်ပွဲငါမပေးတာ ..၊ အိုး ... ခေ၊ အဖြေရပြီ ၊ (၁၂) နှစ်မ၊ (၁၂) နှစ်မ ၊ အိုး .. ဟို .. အို ဟိုး ဟို ဟိုး ...... ”

မင်းသမီး ။ ။ “ အလို .. မိတ်ဆွေ ဟောင်းကြီးပါလား၊ သတိလဲထားဆက်ဆံမှပဲ၊ ဥာဏ်ကများပါဘိသနဲ့၊ အင်း .. ဂါထာရွတ်ဦးမှ ..၊ ဒါမှ သူ့စိတ်ရင်းကိုသိမှာ ..၊ (ကြယ်တွေစုံတဲ့ည ...၊ ဒို့အိပ်မက်လေးရယ် ..၊ တကိုယ်ရေ နေခဲ့ရ နေ့စဉ်ညတိုင်းကွယ်၊ ရင်ခုန်သံနဲ့ထုဆစ် ထားတဲ့ တိုင်းပြည်လည်း ..... ၊ ပိုလို့ မွဲသွားအောင် .. ဒါတွေမလုပ်ပါနဲ့ ..... ။) ”

ပြောင်ရှည် ။ ။ “ ဟိုက် ..... ဘာပြန်ဆိုရပါ့ ..၊ ဂါထာလည်းမရှိတော့ဘူး ..၊ ကြံစမ်း .. ကြံစမ်း ..၊ ဟုတ်ပြီ၊ ၀မ်း..တူး..သရီး..၊ (ငါ .. မင်းကိုသတ်ချင်တယ်၊ ငါမင်းကိုသတ်ချင်တယ်၊ ) ”

မင်းသမီး ။ ။ “ အော် .. ဟော ... ၊ သူဟန်ဆောင်တာတွေပေါ်ပြီ၊ အေးလေ၊ မေတ္တာသာထားလိုက်ပါတော့မယ်၊ .. အသင်မင်းကြီး၊ အဘယ်အကြောင်းကြောင့်၊ အခုလို လာခေါ်ရပါသနည်း .. ”

ပြောင်ရှည် ။ ။ “ သိပ်ခေါ်ချင်လွန်းလို့မဟုတ်ပါဘူး၊ မင်း .. သားလေ၊ ငါဟိုဝါးရုံကိုပစ်တာ၊ ကျည်ဆန်က ဘယ်နှယ့် . . . ၀ါးရုံကနေ စင်ပြီး၊ ပိန္နဲပင်ကိုမှန်၊ ပိန္နဲပင်ကတဆင့်ပြန်ကန်ပြီး၊ မင်းရဲ့သားကိုသွားထိတာ၊ တော်တော်ဆိုးတဲ့ ကျည်ဆံ ..၊ မျက်စိမရှိဘူးလားမသိ။ ထောင်ကိုချပစ်ဦးမယ်။ ”

မင်းသမီး ။ ။ “ အလို .. အလို !! ... ၊ ကြားရ ... နားဝမှာမသက်သာပါလား၊ သားတော်မောင်သုဝဏ္ဏသတင်းကိုလ၊ ချစ်သောမေရွှေ ရင်ဆို့ရပါရဲ့၊ ဘုရင့်ရာဇသံမှားဟားဟား ...၊ ဘုရင့်ရာဇသံမှား .. ဟား .. ဟား .. မှား ....၊ရက်စက်လိုက်ကြပါပေ့ ။ ” (မင်းသမီးငိုချင်းချ၊ ဆိုင်းကလည်း၊ ငိုချင်းချစေ .. )

ပြောင်ရှည် ။ ။ “ ဒါနဲ့ .. အသင့်ရဲ့လင်ယောင်္ကျားရော .. ”

မင်းသမီး ။ ။ “ ပြောင်းလဲတတ်တဲ့မင်းကို .. ဒို့ဘယ်လိုမှ နားမလည် ..၊ လင်သေလေသောဒီကမ္ဘာမြေကြီးထဲ အကျဉ်းကျလေရဲ့..၊ မေ့မရနိုင်အောင်ခါးသီးခဲ့လေရဲ့ ..၊ မင်း ..... ရက်စက်မှုတွေ၊ ကိုယ့်ရင်ထဲမှာညစဉ်အိပ်မက်ပေး၊ မှောင်နေတယ် ကိုယ့်ရဲ့ကမ္ဘာမှာအလင်းမရှိခဲ့ရင်လေ၊ ဒီမိုကရေစီသာ ဒို့ရဲ့ အလင်းတန်းလေး၊ ဘယ်ဆီကိုရောက်နေပြီလဲ၊ အိုး .. အိုး ... ဟိုး ..၊ ရက်စက်လေအား၊ (ထူးအိမ်သင်အလိုက်ကလေးနဲ့ပါ၊ ဆိုကရေးတီးထဲကလိုသီချင်း တွေပဲထိုင်ရေးနေရင်၊ ပရိတ်သတ်ပျင်းနေမှာစိုးလို့ .. ) ”

ပြောင်ရှည် ။ ။ “ အင်း .. ဒင်းတောင်မှ ဆိုနိုင်သေးတယ်၊ ငါလည်းဆိုတယ်ဟာ ..၊ (ကိုင်ဇာအလိုက်နဲ့ ..)
အားကိုးထိုက်တဲ့သူရယ် ကယ်ပါအုံးကွယ်၊
ငါ့ဘ၀တော့ ဒီတစ်ခါသေတော့မယ်၊
ဝိုင်းပြီးတော့လေ၊ သူတို့ပိတ်ဆို့တော့မယ်၊
ပြေးပုန်းစရာနေရာ ရှာမယ်။ ”

မင်းသမီး ။ ။ “ အဲဒီအတွက်တော့ တကယ်ကိုမပူနဲ့ကွယ်၊
ကျွန်မတစ်ယောက်လုံး ဒီမှာ ကျန်သေးတယ်၊
ရှင့်ဘက်ကသာ မရိုးမသားမလုပ်နဲ့ကွယ်၊
ကောင်းသွားလိမ့်မယ် တကယ်ပဲဟယ်။ ”
မင်းသမီး ။ ။ “ (Chrous ) အသေကြံမှာလား၊ ဒီတစ်ခါညာမှာလား၊
တကယ်ကိုကွယ်၊ ရှင်းရှင်းပြောဟယ်၊ ”
ပြောင်ရှည် ။ ။ “ တကယ်ကိုမညာပါဘူး၊ အကြံအဖန်မပါပါဘူး၊
ပါတယ်ဆိုရင် ပါးပါးလေးပါကွယ်၊ ”

မင်းသမီး ။ ။ “ အမှန်တကယ်လက်တွဲ၊ အောင်မြန်ရန်မလွဲရွှေပြည်တော် ခရီးနီးပါတယ် ၊ ”

အားလုံးရှုပ်ကုန်ပါပေါ့ ... ကဲပြန်ဆက်ချည်ဦးမှ ..
ပြောင်ရှည် ။ ။ “ အဲဒါကြောင့် .. သုဝဏ္ဏအလောင်းတော်တမလွန်မလားရအောင် .. ၊ ကိုင်း .. ရွာစား ..ဗိန်းမောင်းဗျာ .. ”

ဧရာဝတီမြစ်ကမ်းသို့ဖြတ်လမ်းကပြန်ရောက်စေ ..... ။
မင်းသမီး ။ ။ “ အလို .. အမေ ရွှေရင်ဆို့ရပါပေ့ သားရယ် ... ၊ ဘယ်နှယ့်လုပ်ကြံရမတုန်း .. အရပ်ကတို့ရေ .. ၊ မိဘကိုလုပ်ကျွေး၊ လူမမယ် သားတော်လေး၊ ခုတော့ ကိုယ်ကျိုးနည်းပါပေါ့၊ အေး .. ဒါကြောင့် .. ၊ တိုင်းအထက်လွှာ၊ နှိုင်းစက်စရာက၊ သိကြားသခင်၊ အခင်းမြင်ရင်ပဲ၊ မနှေးယခု .. အလေးပြုရအောင်၊ ရွာစား ...... ၊ သိကြားသံပင့်စေ ......။ ”

စိန်ပတ်ရှည် ။ ။ “ အလို ..၊ ထိုင်ရင်းငုတ်တုတ်၊ ငါလည်းမလုပ်၊ ဖင်အောက်က ဒန်းလော့ကြီး တဗြုတ်ဗြုတ်လှုပ်နေပါရောလား၊”

ပတ်မတီး ။ ။ “ ပန်သုကမ္ဗလာ၊ မြကျောက်ဖျာလုပ်စမ်းပါ။ ”

စိန်ပတ်ရှည် ။ ။ “ ဟဲ့ ..နင်ဘာသိလို့လဲ .. ငါ့ဘာသာငါ ဆိုင်းတီးနေတာ၊ သိကြားမင်းကြီးလုပ်ပေးစမ်းပါဆိုပြီးပြောင်ရှည်လာခေါ်လို့ သိကြားငုတ်တုတ်ဖြစ်ရပါရောလား ..၊ အဲ ... အဲ . ဘယ်ရောက်ကုန်ပါလိမ့် ..၊ အဲဒီ ဒန်းလော့က မြကျောက်ဖျာထက်ကောင်းတယ်ဆိုပြီး၊ ဗိုလ်သန်းရွှေပေါ့၊ ရွှေတိဂုံ ထီးတော်တင်တုန်းက ငါလူ့ပြည်ဆင်းတုန်းလာလဲ သွားတယ်၊ ခုတော့ နတ်သမီး ငါးရာနဲ့ ဒီဒန်းလော့နဲ့တော့ခက် ချေပြီ၊ မိဘုရားတွေက အာဇာနည် စမ်းစမ်း အားကျပြီး၊ ငါ့ဒန်းလော့ပေါ်တက်တက်ခုန်တယ်လေ၊ ဒန်းလော့ကြီးကအမြဲလှုပ်နေတော့၊ ငါလည်းလူ့ပြည်မှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတော့ဘူး၊ အခုတော့ နတ်တွေ ဥပုသ်လမို့ ငါခဏလှဲတုန်းလှုပ်တယ်ဆိုတော့ထူးတာပဲ။ ကိုင်း .. အဲသဟာကြောင့်၊ လူ့ပြည်အရေး အမြန်အကဲခတ်လိုက်မဟယ် .....၊လာလေရော့ .. ၊ဟိုက်..ငါ့ဘလောက်ကြီးအဖျက်ခံလိုက် ရပြီကော ..၊ ”

ပတ်မတီး ။ ။ “ နတ်ပြည်အထိတောင်မလွတ်ပါလား .. ကဲ .. ကဲ ၊ ရှိတဲ့တန်ခိုးလေးပဲ ထုတ်သုံးလိုက်တော့ ... ။ ”

စိန်ပတ်ရှည် ။ ။ “ အေး ..၊ ဒါကြောင့်ပြောနေကြာတယ်၊ ကိုယ်တိုင်ဆင်းပြီး .. အကဲခတ်ရအောင် ..၊ ကိုင်း .. ရွာစား .. ကိုယ့်ဘာသာ ကိုယ်တီးလို့ဆင်းပြီးသွားမယ်ဗျား ..... ။ .. ( ငါ၏ တန်ခိုး၊ အလျှံတိုးလို့၊ မိုးယံထက်တင်၊သုံးဘက်မြင်၊ မြင်သူမှတ်ထား၊ ငါသိကြား ဆိုတာ ..၊ သိကြရော့ လဟယ် ..... )။ ”

ရိုးကနဲ့ရိပ်ကနဲဖြင့်စိန်ပတ်ရှည်သိကြား၊ လူ့ပြည်ရောက်သွားစေ ..... ။

စိန်ပတ်ရှည် ။ ။ “ ဟင် .. လောကတခုလုံးမှောင်လို့မဲနေပါလား ... ၊ ငါ့ကိုဘယ်သူမှဂရုမစိုက်၊ ဘယ်နှယ့်ဖြစ်ပါလိမ့်၊ သိကြားတော့ ကိုယ်ကျိုးနည်းပြီထင်ပါ့ .... ။ ”
အရပ်ရှစ်မျက်နှာတခွင်စူးစမ်းဆင်ခြင်ပြီးသကာလ .... ။

စိန်ပတ်ရှည် ။ ။ “ အော် .. သိပြီ ..၊ သိပြီ ၊ မီးမလာပဲအမှောင်ထဲနေလာတာကြာလို့၊ ငါသိကြားကိုယ်ရောင်ကိုယ်ဝါအရမ်းတောက်ပ သွားပြီးမျက်စိကျိန်းကုန်တာဖြစ်မယ်၊ မက်ဂါဝပ် နဲနဲလျှော့ပြမှ ..၊ ကိုင်း .. ဟိုရေအား၊ ဒီရေအား၊ သူများနူကလီယားတော့လည်းယား၊ ဟိုမရောက်၊ ဒီမရောက်ခပ်ဂေါက်ဂေါက်နဲ့၊ ရုရှားရောက်ပေါက်တောက်တောက်မဖြစ်ရလေအောင်၊ ၂ မဂ္ဂါဝပ်အလင်းဆောင်မဲ့ ...၊ အလင်းရောင်အစာကြေဆေး (အဲလေ .. ယောင်လို့) .. ၊ ငါသိကြားဖြစ်တော့သကိုး ..... ။ ”

အားလုံး ။ ။ “ ဟာ .. သိကြား .. သိကြား .. ”

စိန်ပတ်ရှည် ။ ။ “ မလန့်ကြပါနဲ့ ..၊ ငါသိကြားလူ့ပြည်ဆင်းပြီး၊ အမျိုးကောင်းသားတွေ ဒုက္ခရောက်နေလို့လာကယ်တာ၊ ဟော .... အခု သူတော်လောင်းလျာ သားမဟာ၊ ယမ်းဆိပ်တက် အသက်ထွက်က မခက်ပေဘူးလား၊ ဒါကြောင့် ငါသိကြားက ကူနိုင်သမျှ ကူရမှာပဲ၊ ဒါကြောင့် .. တစ်ခုသောဆုကိုငါပေးစွမ်းနိုင်ပါရဲ့ ၊ .. ဟိုတောင်း .. ဒီတောင်းတောင်းလွန်းရင်လည်း တရုတ်နတ်ကကြိုက်တာမဟုတ် ၊ ကုလားနတ်ကလည်း သိတဲ့အတိုင်း၊ ဂက်(စ်) ပိုက်လိုင်းသွယ်ပြီး၊ မီးနင်းဖို့စောင့်နေတာ၊ကျုပ်ကကြားကနေ ရနိုင်တာလေးလုပ်ပေးနေရ တာ၊ သိပ်တော့အားမကိုးနဲ့ .. ဟုတ်ပြီလား၊ ဒါကြောင့် နံပါတ်(၁) အနေနဲ့ .. သင်မျက်စိပြန်ကောင်းချင်သလား၊ (၂) သားအသက်ပြန် ရှင်စေချင်သလား၊ (၃) သင်တို့ရွှေမြန်မာပြည်ကြီးကောင်းစားတာမြင်ချင်သလား၊ ကိုင်း .... တစ်ခုကိုသာတောင်းပေတော့ ..... ”

မင်းသမီး ။ ။ “ မှန်ပါ .. လိုသော ဆုတစ်ခုကိုတောင်းရပါလျှင် ..၊ ရွှေမြန်မာပြည်ကြီးမှာ သားအသက်ရှင်လျက်ချမ်းသာ ပြုံးပျော်နေ တာကို မြင်ချင်စမ်းလှပါတယ် .. အရှင်သိကြားမင်း ... ”

စိန်ပတ်ရှည် ။ ။ “ အလိုလေး .. တော်ပါပေ့ .. တော်ပါပေ့ .. ၊ ဒါဆိုနတ်သဘင်မှာ ဒီဆုကိုတင်ပြရင် ..ကြိမ်းသေအောင်မြင်မှာ အမှန်ပဲ။ .. ဒါပေမယ့် .. ဒီဆုတကယ်ပြည့်မပြည့်ဆိုတာ မေတ္တာပွား၊ သစ္စာထားမှရမယ်၊ ဒါကြောင့် သစ္စာပြုပေတော့ ..... ”

မင်းသမီးသစ္စာပြုစေ ..... ။

မင်းသမီး ။ ။ “ မှန်ရာကိုသစ္စာဆိုပါမည်၊ အများပြည်သူတကယ်ကိုငတ်ပါသည်၊
နုံချာလှသောဘ၀မို့အားငယ်သည်၊
ဆင်းရဲတွင်းက ... လွတ်ဖို့မမြင်တော့သည်၊
မှန်ရာကိုသစ္စာဆိုပါမည် ..သိကြားသခင်တောင်ဖင်ထိုင်လဲပါပြီ၊
အမှန်ကိုမမြင်သော န-အ-ဖ ကြောင့်ခက်နေပြီ၊
မိုးနတ်မင်းကြီးလည်း သိမ့်သိမ့်တုန်သွားသည်။ (ကိုလွှမ်းမိုးရဲ့အလိုက်ကလေးပါဗျာ ..... )

စိန်ပတ်ရှည် ။ ။ “ ဟော ... သုဝဏ္ဏသာမအလောင်းအလျာ တစ်ဝက်တော့သက်သာလာပေါ့ .. ။ ကဲ .. ပြောင်ရှည် .. ဒီတစ်ခါ မင်းအလှည့် .. ဆိုစမ်း ..”

ပြောင်ရှည် ။ ။ “ အမလေး ၊ ဘုရားကယ်ပါ၊ ဘယ်လိုဆိုရပါ့မလဲ၊ သစ္စာဆိုဖို့ ကောင်းကွက်တစ်ခုမှ မရှိ၊ ဒါပေမယ့် .. အင်း .. ရွာဦးကျောင်းကဘုန်းဘုန်းပြောဖူးတာမှတ်မိပြီ၊ မကောင်းတာဆိုလည်းသစ္စာပဲတဲ့ ..၊ ကဲ ဆိုမယ်ဗျာ .. ။
(မှန်ရာကိုသစ္စာဆိုပါမည်၊ .. ဘုရားဌာပနာ အမှန်ကိုဖေါက်ပါသည်၊
သံဃာကိုလည်းအကြောင်းမဲ့သတ်ပါသည်၊ ငရဲအိုးနဲ့တော့ ဂျိုးကပ်ခါ နီးပြီ ...၊
မြေယာမကျန်တိုက်ကာယူပါသည်၊ တရုတ်ပြည်မှာ ပေါင်နှံထားပါသည်၊
မြန်မာပြည်ကြီး၊ မွဲသထက်မွဲစေသည်၊ ဆင်းရဲတွင်းထဲ ဆွဲလို့ခေါ်ခဲ့သည်။
မှန်ရာကိုသစ္စာဆိုပါမည်၊ ဘုရားသခင်ထံရွှေခွာဖူးပါသည်၊ ...
ကျွန်တော်ဟာလူဆိုး၊ ရသမျှခိုးပါသည်၊ ငရဲသို့ဆင်း...လို့ သွားရပေဦးမည် ...... ) ”

သုဝဏ္ဏသာမမေ့မြောနေရာက ထလာစေ ..... ။
စိန်ပတ်ရှည် ။ ။ “ ဟာ .. ကြည့်စမ်း၊ အခုမှ လုံးလုံးသက်သာသွားပြီ၊ ဒါ သစ္စာတန်ခိုးပဲ ..၊ ”

ပြောင်ရှည် ။ ။ “ အင်း .. ကျုပ်လည်း ဆိုးသမျှ၊ သုံးမရ .. ဖြစ်ခဲ့တာကြာပါပေါ့၊ ကိုင်း .. ဒါကြောင့် ..ရှေးမင်းတို့ထုံး .. နှလုံးမူရင်း၊ စိပ်ပုတီးကိုစလွယ်သိုင်း ..၊ မြိုင်ရပ်သို့ဝင်ပြီး၊ တရား ရရ .. မရရ .. လူဝတ်ကြောင်နဲ့ပဲအားထုတ်တော့မယ်၊ သင်္ကန်းကတော့ဒီတစ်သက် ရုံလို့မရတော့တာ၊ ... အင်း .. ချစ်သက်ဝေ ကြိုင်လေးကိုတော့၊ ဟောဒီလိုပဲ နှုတ်ဆက်လိုက်တော့မယ်၊
(ဒီအာဏာဟာ .. တကယ်ကိုမီးခဲကြီးပဲ ..၊ လူလူချင်းနှိပ်စက်တာမှားပေါ့ကွယ်၊ ကိုယ်မှန်တယ်ထင်တာလုပ်ခဲ့မိတယ်၊ တကယ်တမ်းကျ တော့မှားပေါ့ကွယ်၊ { ဒိုးရတော့မယ်ချစ်ရယ်၊ နှုတ်ဆက်ခဲ့ပါတယ်} ၂ .. ကိုယ်တကယ်မခံစားနိုင်တော့ဘူးချစ်ရယ် ... ။ ”

ဤတွင်နောင်ကမ္ဘာများစွာ၌ပွင့်တော်မူမည်ဖြစ်သော၊ သုံးလူ့ထွဋ်ထား အရိမေတ္တယျမြတ်စွာဘုရားရှင်သည်၊ ရှေးဘုရားအဆက်ဆက်၊ တရားဦးဟောသော၊ မိဂဓါဝုန်တောအုပ်ကြီးကိုအမှီပြုရင်း၊ ထိုဇာတ်တော်ကိုဤသို့ပေါင်းလေသည်။ “ ထိုစဉ်အခါကကျဆုံးလေပြီးသော အမျိုးကောင်းသားတို့သည်ကား ယခုအခါ ငါဘုရားခြေရင်းတွင် ၀ပ်ဆင်းနေကြကုန်သော၊ ရဟန္တာတွေဖြစ်ကြကုန်သည်။ မယ်တော် သည်ကား အောင်ဆန်းစုကြည် ၀ိသာခါမ ဖြစ်တော့သည်။ သိကြားသည်ကား ဘန်ကီမွန်းဖြစ်ပေသည်။ သူသတ်သမားသည်ကား ဗိုလ်သန်းရွှေဖြစ်လေတော့သည် ” ဟု တရားတော်ကို အဆုံးသတ်တော်မူလိုက်သည်ဆိုလျှင်ပဲ တရားနာ ရဟန်းရှင်နတ်လူ၊ ပရိတ်သတ်အပေါင်း သောတပန်၊ သဒါဂမ်၊အနာဂမ်၊ ရဟန္တာတွေဖြစ်ကြကုန်ပြီးသကာလ၊ ကျွတ်တမ်းဝင်ကြကုန်လေသည်။ ထို့အပြင် ..၊ တိရိစ္ဆာန်တို့သည် လည်း၊ ကောင်းရာသုဂတိဘုံသို့လားကြလေသည်။ သို့သော်ငြားလည်း၊ ကြံ့တို့ရဲ့အုပ်၊ ဖွတ်တို့ရဲ့အချုပ်ဖြစ်လေသော ဖွတ်ချုပ်ကြီးနဲ့ နောက်လိုက်များမှာတော့၊ တရားကိုကြားသော်ငြားလည်း၊ ရှေးဘ၀အလီလီကပြုခဲ့ဖူးသော အကုသိုလ်ကံအကျိုးအား တွေကြောင့်၊ ကံအကျိုးပေးလေသမျှ .. သံသရာမှာ ဆက်လက်ငရဲခံကြရလေတော့သတည်း ........ ။

စိန်ပတ်ရှည် ။ ။ “ မြန်မာပြည်တစ်ဝှမ်းမှာ မေတ္တာပို့သူတွေ ... အောင်ပါစေ ..၊
မင်္ဂလာရက်မြတ်ရောက်မဲ့နေ့ကိုလေ .. ကြိုပါလေ ..၊
ရွှေရေချမ်းလောင်းလို့ တောင်းဆုမေတ္တာဝေ ..၊
ကမ္ဘာကိုအမှီပြုတဲ့ လူထုအားလုံးကျန်းမာချမ်းသာပစေ၊
အောင်ပါစေဗျ ..၊ အောင်ပါစေ။ (အဘရွှေမန်းတင်မောင်ရဲ့ နာမည်ကျော် မေတ္တာပို့သီချင်းနဲ့အဆုံးသတ်ပေးလိုက်လေသည်။)

(ကွန်ပြူတာရှပ်ဒေါင်းသတင်း)
နေပြည်တော်တိုင်းမဟာရဲ့ ..၊ဆိုကရေးတီးပြိုင်ပွဲကြီးတွင် သုဝဏ္ဏသာမ ဇာတ်တော်ကြီးကိုအောင်မြင်စွာဖျော်ဖြေတင်ဆက်သွားရာ ..၊ ပရိတ်သတ်အပေါင်းသောင်းသောင်းဖျဖျအားပေးပြီးသကာလ၊ ၀က်ဝံများ၊ ဆိတ်များလည်း၊ သဘောတွေ့မနောခွေ့ကာ ..၊ ပြန်ပါလေစွ၊ ပြန်လေစွ ..၊ ဖြစ်ကြတော့သတည်း ။ ။

ဘုရားရိုက်မည့် နွားငမိုက်များသို့


အမှန်အကန်
အဖန်ဖန်သစ္စာရှိကြဖို့
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့
ပလာတာမကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာခံကြပေရော့လို့
မလျော့မပို
အသော့ဆိုလိုက်ပါရဲ့။

ဇာဂနာ

Wednesday, October 24, 2007

ကျုပ်သားငသန်းရွှေကို ဆုံးမပေးကြပါ..အရပ်ကတို့ ရေ…

ကိုးလလွယ်ဆယ်လမွေး.နို့ ချိုကြွေးထမင်းခွံ့ 
အမေ့ရဲ့မေတ္တာ..မင်းပြန်မဆပ်တာအကြောင်းမဟုတ်။

မင်းကိုလူဖြစ်အောင်ကျွေး..ပညာရေးပေးခဲ့
အဖေ့ကျေးဇူး..မသိဘူးတာ..အရေးမဟုတ်။

ငယ်စဉ်ကိုယ်ရင်ဘ၀..ရွာဦးကျောင်းကဘဘုန်းကြီးရဲ့
သွန်သင်ကျေးဇူး မေ့လျော့ဖူးတာ..အထူုးဆန်းမဟုတ်။

ကြီးခါလေလေ..ပိုပိုမိုက်..ကိလေသာရဲ့အမှောင်တိုက်
အာဏာနဲ့ ..အဿပြာ..ရုးမိုက်စွာတက်မက်
သွေးစွန်းနေတဲ့မင်းရဲ့လက်..မာနထန်တဲ့ မင်းမျက်ခွက်
“မောင်သန်းရွှေ “ အမည်ရ..အမေ့သား..
မရဏရဲ့ တံခါးဝနားမှာ...တံခါးခေါက်ဖို့ အချိန်ရောက်တောင်
သတိ.သစ္စာ..သမာဓိ ကိုမဆောင်နိုင်ဘဲ..ဆက်ဆက်ခါ..မိုက်မဲ..
ဒီ သံသရာထဲက..မင်း လွတ်ဖို့ ရယ်.တကယ်မလွယ်..

ဖူးမျှော်မာန်လျှော့..ထိခြင်းငါးပါးနဲ့ကန်တော့..
လောကရဲ့ဦးသျှောင်.ဗုဒ္ဓရဲ့တန်ဆောင်..
သရဏဂုံမတည်တဲ့..လညစ်မိုက်..
ငါ့ဝမ်းကြာတိုက်ကထွက်ခဲ့တာ..ငါ့အသည်းနာ..၀မ်းရေစပ်
မင်းကိုယ်ထဲက ငါ့သွေး ရှိသမျှတွေ..ဖောက်ထုတ်စမ်းချင်..
နောင်..ဘယ်ဘ၀ရောက်ရောက်..မင်းနဲ့ အမျိုးမတော်စေချင်။

ဘုရားကိုစော်ကား..ပြက်လုံးများလုပ်ရယ်..
တရားကိုမထီ်.ကတိသစ္စာမတည်တဲ့လူသား
သံဃာကိုဂိုဏ်းခွဲ..ညှဉ်းပန်းရဲတဲ့ယောက်ျား..
ထွီ..ရွံ့ ရှာသွား…ဝေးဝေးသွား...ဝေးဝေးသွား...
မင်းဟာ..ငါတို့ သားမဟုတ်..
မာရ်နတ်မင်းရဲ့..နိမိတ်ပုံရုပ်
ထထိုင်နေတဲ့ ဘီလူးငုတ်တုတ်
အယုတ်တကာ..ထိပ်ခေါင်..

မွေးမေ့ အသည်းနာစေခဲ့..ခွေးကောင်..

လူမျိုးမြိုမှ လူမျိုးပြုတ်..
သာသနာ.ဘာသာကိုချိုးဖြုတ်..
ဒီဂုဏ်ယုတ်နဲ့ ကျမသား..ရှက်လွန်းအားကြီးလှပါချည့်
ဒီအတိုင်းမကြည့်ထားနဲ့အရပ်ကတို့ ရေ..
သားသမီးမကောင်းရင်မိဘခေါင်း..
ကျမတို့ဟာ..မိဘကောင်း..
မွေးထားတဲ့ သားမိုက်ကို..လက်နဲ့သတ်ပစ်ချင်ငြား
မလုပ်ရက်အားနိုင်တာမို့ ..
အရပ်ကောင်းရင်အလောင်းလှ..
ဒင်းကိုသာ..အ၀ီဇိငရဲကို ဆွဲပဲချကြပါတော့..
ကျမတို့ အပြစ်မမြင်..ကျေးဇူးဥပကာရတင်.

သာဓုသာခေါ်လိုက်ချင်။

မသဒ္ဓါ (၉။၂၁။၂၀၀၇)
(ဦးသန်းရွှေ၏ မိခင်ကြီးထံမှ အိတ်ဖွင့်ပေးစာဖြစ်ပါသည်၊၊)

(မသဒ္ဓါ၏ နာမည်ကျော်ကဗျာတစ်ပုဒ်ကို ပြန်လည်ဆန်းသစ် ဖော်ပြပါသည်။)

TV ဆင်ဆာ

ဒီဆင်ဆာက ဘာသဘောလည်း မသိဘူး။ ဒီက TV channel တွေမှာပြောပါတယ်။ ကိုရီးယား series တွေမှာဆိုရင် ရည်းစားတွေ နမ်းရင် ဖြတ်တယ်။ Lip kiss ဆိုရင်တော့ မပြောနဲ့တော့၊ ပါးကိုနမ်းတာကိုပဲ ဖြတ်တာ။ ကောင်မလေးက ပါးကိုကိုင်ပြီး ရှက်သလိုဖြစ်သွားရင် နမ်းလိုက်လို့ပဲ လို့နားလည်ပေးနေရတယ်။ ဒီ့ထက်ကြောင်တာ ရှိသေးတယ်။ ပါးရိုက်လိုက်ရင် လည်းဖြတ်တယ်။ ဒါလည်း ပါးကိုကိုင်ပြီး နာနေသလိုဖြစ်နေရင် ပါးရိုက်လိုက်လို့ နားလည်ပေးရတယ်။

ကျွန်တော်ထင်တာပြောမယ်နော်။ ကြိုင်ကြိုင်က သန်းရွှေကို တစ်ခါမှ မနမ်းဖူးဘူးတဲ့။ အဲဒါ သန်းရွှေက TVမှာ သူများတွေနမ်းတာမြင်တိုင်း စိတ်နာလို့ TVမှာ နမ်းတာမပြရလို့ အမိန့်ထုတ်ထားတာ။ နောက်ပြီး ကြိုင်ကြိုင်က သန်းရွှေကို တစ်ချိန်လုံး ပါးချနေတာ။ သန်းရွှေက TVမှာ သူများတွေ ပါးချတာ မြင်တိုင်း ရင်နာလွန်းလွန့် ဆိုပြီး TVမှာ ဘယ်သူမှ ပါးမချရလို့ အမိန့်ထုတ်ထားတာဒဲ့။ :D
င်္( http://dathana.blogspot.com/2007/08/blog-post_10.html မှ)

စွေစောင်းခေါ် နေလင်းကြောင်သည်..ဘယ်လိုကောင်လဲ..

(မနှင်းစုက မှတ်တမ်းတင်ပေးထားတာပါ။ အခု သရော်ဖို့ မအားသေးဘူး။ ဖတ်ပြီး ဆွေးနွေး၊ ဆဲဆိုနှင့်ကြဗျာ။ နောက်မှကြည့်ကျက်ရေးကြတာပေါ့။ ပါးစပ်က ဘုရား...ဘုရား...လက်က ကားယားကားယားဆိုတာ ဒီငနွား နေလင်းကြောင် ကြောင့် ထင်ပါ့။ စစ်ဖိနပ်နဲ့ မျက်နှာ ဖြတ်ကန်မယ့် နေလင်းကြောင်ကိုလည်း စိတ်မှာမှန်းပြီး မေတ္တာပို့ရအောင် ပုံကို ရှုကြပါ။ စီဘောက်ထဲက စာဖြစ်တဲ့အတွက် စာကို အောက်ဆုံးက စဖတ်ပါ။)


MgMgGyi: ကျန်တာတော့ မင်းနဲ့သိပ်မကွာပါဘူး မင်းက စွေစောင်း ဒီကောင်က ရွဲ့နေတယ်

22 Oct 07, 20:39

MgMgGyi: ပြောလို့ပြောတာမဟုတ်ဘူး ဇော်ငမျိုးက ဦးနှောက်ဖွံ့ဖြိုးမှု ညဏ်ရည်ညဏ်သွေး အပိုင်းမှာ မင်းထက်အများကြီးသာတယ်

22 Oct 07, 20:36

MgMgGyi: ဒါပေမယ့် မင်းရဲ့စိတ်ဓါတ်နဲ့အကျင့်ကိုတော့ စိတ်ဓါတ် ကျင့်ဝတ် ပညာ စည်းကမ်းနဲ့ပြည့်စုံတဲ့ အနာဂတ်ဒီမိုကရေစီတပ်မတော်က လက်ခံမှာမဟုတ်ဘူး

22 Oct 07, 20:36

MgMgGyi: မင်းဆတ်ဆတ်ထိမခံတတ်တာ (အစွယ်ပေါက်ကာစခွေးလို လိုက်ကိုက်နေတာ) ငါနားလည်ပေးနိုင်တယ် ခွင့်လွှတ်ပေးနိုင်တယ်

22 Oct 07, 20:34

MgMgGyi: မင်းလို စိတ်ဓါတ်မျိုးရှိတဲ့လူစားမျိုးက တပ်မတော်သားဘ၀နဲ့ မထိုက်တန်ဘူး

22 Oct 07, 20:33

MgMgGyi: ငါမြင်နေတယ် တချိန်မှာ မင်းဒုက္ခရောက်တော့မယ် စိတ်ဓါတ်၊ ကျင့်ဝတ်၊ ပညာ၊ စည်းကမ်းနဲ့ပြည့်စုံတဲ့တပ်မတော်သားဘ၀ကိုမင်းမရထိုက်ဘူး

22 Oct 07, 20:32

MgMgGyi: ငါမြင်နေတယ် တချိန်မှာ မင်းလှလှကြီးဒုက္ခရောက်တော့မယ်

22 Oct 07, 20:32

MgMgGyi: စွေစောင်း စွေစောင်း မင်းထင်တိုင်းရမ်းကားလို့ရအောင် ဗိုလ်သန်းရွှေတို့ကို မင်းက ဘုရားထူးနေတာပါကွာ ဘာခံယူချက်မှရှိလို့မဟုတ်ပါဘူး

22 Oct 07, 20:30

MgMgGyi: အခုအချိန်မှာတော့ ပြည်သူလူထုကို မင်းက စော်ကားချင်တိုင်းစော်ကားထားပေါ့ကွာ နောင်တချိန်မှာ မင်းအဲဒါမျိုးတွေလုပ်လို့မရတော့ဘူး

22 Oct 07, 20:29

MgMgGyi: မျက်နှာကို စစ်ဖိနပ်နဲ့ဖြတ်ကန်မယ်တို့ မျိုးဖြုတ်ပစ်မယ်တို့ မင်းပြောရဲဦးမလား ကြည့်ကြသေးတာပေါ့

22 Oct 07, 20:28

MgMgGyi: အေးစွေစောင်း တိုင်းပြည်ရှိနေသမျှတပ်မတော်ရှိနေသလို ပြည်သူလူထုကရွေးကောက်တင်မြှောက်နိုင်တဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်လာတဲ့အခါမှာလည်း တပ်မတော် ရှိနေဦးမှာပါ အဲဒီအခါမှာ မင်းခုနကပြောသလိုမျိုး မျက်နှာကို စစ်ဖ

22 Oct 07, 20:24

kwe shen: OppositEye: ကိုဝိုင်းမပြောကြပါနဲ့တော့ ဒီကောင်ကမွေး၇ာပါ ဦးနှေုာက်မပါလာဘူး

22 Oct 07, 20:22

app: year do that. don't waste public money $250

22 Oct 07, 20:22

OppositEye: အရေမရမဖတ်မရ လာလာမပြောကျနဲ့ ကလေးတွေ

22 Oct 07, 20:21

app: lol

22 Oct 07, 20:21

OppositEye: ကဲ စာလုပ်လိုက်အုန်းမယ်ကွာ..

22 Oct 07, 20:19

OppositEye: လေးတိုးရင် ယိုင်လဲမဲ့ အယူအဆနဲ့ အငြင်းလားမပွားနဲ့

22 Oct 07, 20:19

OppositEye: တပ်မတော်ဆိုတာကတော့ တိုင်းပြည်ရှိနေသမျှကာလပတ်လုံး ရှိနေမှာပါပဲကွာ..ဟားဟားဟား

22 Oct 07, 20:15

OppositEye: အခုလောလောဆယ်တော့ ခင်ဗျားလိုလူတွေ ဘေးထွက်နေလိုက်ပါ

22 Oct 07, 20:14

OppositEye: ခင်ဗျားဖြစ်ချင်တာတဲ့ ခင်ဗျားတပ်က ရဲဘော်ဆိုတဲ့ဘ၀ကို ဒီတသက်မကဘူး နောက်တစ်သက်လဲ မျှော်ကိုးမနေနဲ့တော့

22 Oct 07, 19:58

MgMgGyi: အမျိုးပါဖြုတ်ပစ်မယ် စစ်ဖိနပ်နဲ့ဖြတ်ကန်မယ်တဲ့ မင်းစိတ်ဓါတ်က မဟုတ်သေးဘူးနော် ကိုယ်ကစစ်သား လက်နက်ကိုင်ထားတယ် ကိုင်ထားတဲ့လက်နက်က ရမ်းကား အနိုင်ကျင့် ခြိမ်းချောက်ဖို့မဟုတ်ဘူးကွ မင်းသိလား

22 Oct 07, 19:58

OppositEye: ခွေးမသားတွေ အခုချိန် စစ်မှုမထမ်းမနေရ ဥပဒေထုတ်ကြည့်လိုက် ..ခွေးပြေးဝက်ပြေးနဲ့ ပြည်ပပြောမဲ့ကောင်တွေ

22 Oct 07, 19:57

OppositEye: စစ်တပ်က အသက်တွေပေးထားလို့ လူဖြစ်လာရတဲ့ကောင်တွေက

22 Oct 07, 19:57

MgMgGyi: လက်ခုပ်ဆိုတာ ၂ ဘက်တီးမှ မြည်တာ မင်းက လက်ခုပ်တင်မဟုတ်ဘူး အိုးစည်ဒိုးပတ်ပါ ချပြီး ၀ိုင်းထောင်စားသလိုဖြစ်နေတယ်

22 Oct 07, 19:56

OppositEye: အဲဒီတော့မှ ခြေထောက်လာဖတ်တောင်းပန်ရင် မျက်နှာကို စီးထားတဲ့ စစ်ဖိနပ်နဲ့ ဖြတ်ကန်မယ်

22 Oct 07, 19:56

MgMgGyi: မင်းလုပ်နေပုံကိုက မဟုတ်သေးဘူး ဒေါသတွေကို တမင်တကာ သွားဆွပေးသလိုဖြစ်နေတယ်

22 Oct 07, 19:55

OppositEye: မုန်းစမ်းပါစေဗျာ..ကိုယ့်တာဝန်ကို ထမ်းပြီး ကိုယ့်ထမင်းကိုစားတာ..ဒီကောင်မုန်းလို့လဲ ထမင်းမငတ်သွားပါဘူး..ဒါပေမဲ့ စစ်တပ်တော့ လာမထိနဲ့ အမျိုးပါဖြုတ်ပစ်မယ်

22 Oct 07, 19:55

MgMgGyi: အခုလိုမင်းက ဒိုင်ခံပြီး ဖြေရှင်းနေတော့ ပုဇွန်ခေါင်း ဟိုဟာတွေပုံချ ဆိုသလို အရာရာ မင်းခေါင်းပေါ်ကို ရောက်တော့မှာပေါ့

22 Oct 07, 19:53

MgMgGyi: OppositEye မင်းမှာလဲ ဒုက္ခဘဲကွာ လာသမျှလူကို ဘာဖြစ်လို့ပြန်ပြီး ရန်တွေ့နေမလဲ လွှတ်ထားပေးလိုက်ပေါ့ မင်းက အခုလိုပြန်ပြီး ရန်တွေ့လေ သူတို့က ကြိုက်လေဘဲ ကြာတော့ မင်းလဲ ငပွကြီးဖြစ်ပြီး လူမုန်းများမယ်

22 Oct 07, 19:51

OppositEye: လေတိုးရင် ယိုင်လဲမဲ့အယူအဆနဲ့ လာအငြင်းမပွားနဲ့

22 Oct 07, 19:51

MgMgGyi: ဘယ်သူပြောတာလဲ အဲဒီစကား ငါ့ညီ OppositEye မင်းပြောမိလား အရက်သောက်ပြိုင်မလားတို့ ဘာတို့လေ ဟိုအကောင် ရူပပြောနေတာတေ

ဘယ်ပြေးမလဲ..မိရွှေသန်း

ဒီနေ့တော့ ရေးစရာတခုခု စဉ်းစားနေရင်းနဲ့ email ထဲမှတယောက်က ပို့ပေးလာတဲ့ ကြခတ်ဝိုင်းဆရာတော်ရဲ့ အသံ File ကိုပြန်နားထောင်မိတယ်လေ

မီးကြွင်းမီးကျန်လဲ မထားနဲ့
ရောဂါကြွင်း ရောဂါကျန်လဲ မထားနဲ့
ကြွေးကြွင်း ကြွေးကျန်လဲ မထားနဲ့
ရန်ကြွင်း ရန်ကျန်လဲမထားနဲ့ တဲ့လေ

ဟဲဟဲဟဲ…
မထားပါဘူး ဘုန်းကြီးဦးဗာလရယ်
အခါသင့်လာရင်တော့ ဘုန်းကြီးကိုလဲ ကျုပ်တို့က ချန်ထားကြမှာတော့ မဟုတ်ဘူးဗျို့

ဒါကြောင့်ကျုပ်အခုစီစဉ်လိုက်ပြီ
ဒီအကြံဘုန်းကြီးဘဲပေးတာနော် နောက်မှကျုပ်ကို အပြစ်တော့မပြောနဲ့


ဒီမှာမိတ်ဆွေတို့

ကျွန်တော်တို့ဘုန်းဘုန်းတွေနဲ့ ကျောင်းသားပြည်သူတွေကိုသတ်ဖြတ်…
လူတွေကိုအရှင်လတ်လတ် မီးရှို့သတ်…
ဘုန်းကြီးဘဏ္ဏာကို ဓါးပြတိုက် သီလရှင်တွေကို မုဒိန်းကျင့်…
ဒီကောင်တွေကဒီလောက် ရက်စက်
ပြည်သူတွေကို ဆင်းရဲတွင်းနက်ထဲ ပို့နေချိန်မှာ…
သူတို့ အမျိုးအဆွေတွေကတော့ ပြည်ပမှာစာသင်တဲ့သူကသင်
စီးပွားရေးသောင်းကျန်းရင်း ကြီးပွားပြီး အပြီးအပိုင်နေသူကနေ…
တချို့ဆို သောက်ရှက်မရှိ Political Asylum ဆိုတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင် တောင်းလိုက်ပါသေးတယ်ဗျို့

ဒီတော့ကျုပ်တို့ကလဲ ကျူပင်ခုတ်မယ်ဆို အနီးဆုံးကျူငုတ်တွေကို စရှင်းကြတာပေါ့

ခုထုတ်လိုက်တဲ့ Sanction တွေထဲမှာ စစ်အသိုင်းအ၀ိုင်းရဲ့ မိသားစုတွေ သူတို့ရဲ့စီးပွားရေးတွေကိုပါ ဆန့်ကျင်ဖို့ပါပါတယ်
ဒါကြောင့်လဲ နိုင်ငံအတော်များများမှာ စစ်အသိုင်းအ၀ိုင်းက အမျိုးတွေကို Visa မပေးကြတော့ပါဘူး ဒါတင်မက ရှိပြီးသားလူတွေကိုတောင် Stay ကနေ Deny လုပ်တော့မှာပါ
ဒီတော့ ကျွန်တော်တို့ တာဝန်ကြေကြရအောင်
ကျွန်တော့်ကို ဘာလုပ်ပေးရမလဲ ဘာကူညီနှိုင်မလဲ တဖွဖွမေးလာသူတွေရှိပါတယ်

ကဲအခုလုပ်ပေးကြပေတော့ဗျို့…..

သူတို့စစ်တပ် အသိုင်းအ၀ိုင်းနဲ့ပါတ်သက်သူတွေ မိတ်ဆွေတို့ ပြည်ပနိုင်ငံတွေမှာ အများကြီးပါ
ဒီလူတွေထဲမှာ မိတ်ဆွေတို့ အသိတွေ သူတို့နဲ့ ပါတ်သက်ဆက်စပ်နေသူတွေအများကြီးရှိမှာပါ
အဲဒိလူတွေရဲ့ အမည် အပြည့်အစုံ နေရပ်လိပ်စာ ဖုံးနံပါတ် တွေကို စုံစမ်းပါ
အရင်ဆုံးကျွန်တော့် ဒီ post က comments ထဲမှာ share လုပ်သွားပါ
ပြီးရင် အဲဒိနိုင်ငံရဲ့ Immigration ခေါ် လူဝင်မှုကြီးကြပ်ရေး ကိုဆက်သွယ်ကြပါ
ပြီးရင်ဒီလူတွေဟာ Sanction အလုပ်ခံထားရတဲ့ နအဖ ရဲ့ မိသားစုတွေဆိုတာ သတင်းပို့ပေးပါ
America မှာတော့ သတင်းရထားတဲ့ Asylum Applicant ၃၀ ကျော်လောက်ကို Deny လုပ်ပြီး Deportation ပေးလိုက်ပြီလို့သိရပါတယ် US ကတော့ပေါ်တင်ကို ကြမ်းနေပါပြီ
အခုကြားထားတာ Green Card နဲ့နေနေသူတွေကိုတောင် Deport လုပ်မယ်လို့သိရပါတယ်
ဒါဟာ သတင်းကောင်းပါဘဲ

သူတို့အမျိုးအများစုရဲ့ သားသမီးတွေဟာနိုင်ငံခြားမှာစာသင်နေကြပါတယ်
ဒီတော့သူတို့နဲ့ကျောင်းချင်းတူတူတက်နေသူများရှိရင်လဲ သူတို့မျက်နှာပုံတွေနဲ့
ကျောင်းက Bulletin Board မှာ စာကပ်ပြီးဖြစ်ဖြစ် လက်ကမ်းစာစောင်တွေဖြန့်ဝေပြီးဖြစ်ဖြစ်
သူတို့ဘယ်လိုအတန်းအစားကလာတယ်ဆိုတာသိအောင်လုပ်ကြ
သူတို့ကားမှန်တွေခွဲပြစ် ကားကိုဆေးနဲ့မှုတ်ပစ် အိမ်ကိုပစ်နှိုင်ရင်ပစ် (ဘာနဲ့ဖြစ်ဖြစ်)
သူတို့အိမ်နဲ့ ကျောင်းမှာ ရပ်ကွက်ထဲမှာ လုံခြုံမှုမရှိတော့တဲ့အထိ
အရှက်တကွဲဖြစ် နေစရာမရှိဖြစ်တဲ့အထိ ကျွန်တော်တို့လုပ်ကြရမယ်
သူတို့ဒီကမ္ဘာပေါ်မှာပြေးစရာမြေမရှိဖြစ်စေရမယ်
ဟဲဟဲ ကျူပင်ခုတ်ကျူငုတ်မကျန် ပေါ့ သန်းရွှေ နဲ့ ဘုန်းကြီး ဦးဗာလ ရယ်
ခုခင်ဗျားတို့အလှည့်ဘဲဗျို့ နွဲ့မယ်တော့မကျန်နဲ့
ဗိုလ်ချုပ်ရူးကြီးတို့ရေ ခင်ဗျားတို့ မြေးလေးတွေပုံလေးတွေကိုသေချာကြည့်ထားပေတော့…
မကြာခင်ပြန်တွေ့ရင်တွေ့ …
မဟုတ်ရင်နောက်ဘယ်တော့မှပြန်မတွေ့တော့ဘူးသာ အောက်မေ့လိုက်ပေတော့…

(မျိုးချစ် ၏
ခုခင်ဗျားတို့အလှည့်ဘဲဗျို့ နွဲ့မယ်တော့မကြံနဲ့)

Tuesday, October 23, 2007

အဖြစ်မှန်များအား ဂျော့ဘုရှ် အသိလွန်

(သာဂိနွားရဲ့ ခေါင်းစဉ်က အဖြစ်မှန်များအား ဂျော့ဘုရှ် သိရန်လို တဲ့။ ဂရုမစိုက်ဘူးဆို။ ဇော်မျိုးရေ..ဖြေစမ်းပါဦးဟ..။ မင်းတို့ အနောက်ဆန့်ကျင်ရေး လုပ်နေတာ မဟုတ်လား။ မင်းတို့ စိတ်ဓာတ်စစ်ဆင်ရေးက ပြောတာနဲ့..ပြန်ကျားရေး ဂွတို တော်စမ်းပါ ကျော်ဆန်းရာတို့ အပေါက်မညီတာ ပြောပါတယ်။)


ယနေ့ခေတ်မီဒီယာများအနေဖြင့် ကမ္ဘာနှင့် အ၀ှမ်းဖြန့်ကျတ် (စာလုံးပေါင်းမှား) နေပြီး လူငယ်များအား မကောင်းမှုကို တိုက်တွန်း နိုင်သည်မှာ လည်း ရှိသလို ၊(ကြံ့ဖွတ်) လူငယ်/ လူရွယ်များအား လမ်းမှားရောက်အောင် ပို့ဆောင် နိုင်သည်မှာလည်း (လျက်တပြက်လို ) မီဒီယာမျိုးစုံပင် ဖြစ်ပေသည်။


(ဟုတ်လိုက်လေဗျာ။ စွမ်းအားရှင်မဟုတ်တဲ့ ဖမ်းအားရှင်တို့၊ ကြံ့ဖွတ်တို့လို ဝေလေလေလေးတွေ လမ်းမှားရောက်အောင်ပို့နေတာ လျပ်တပြက်လို ဂျာနယ်၊ MK လို မီဒီယာတွေပေါ့။ ကျန်တဲ့သူတွေတော့ လိမ်လို့မရဘူးလေ။ သူတို့ကိုလည်းလမ်းမှားပို့ရင်း ကိုယ်ပါ လမ်းဆုံးရောက်နေပြီ မဟုတ်လား။)

သတင်းနှင့် နည်းပညာခေတ်ထဲတွင် မြေပြင် စစ်ပွဲများမှ အစ မီဒီယာများ၏ထိုးနှက်မှုများကြောင့် စစ်ပွဲအောင်မြင်ခြင်းများ ရှိသလို တစ်ဖက်ရန်သူများမှလည်း အဆိုပါအသံလွှင် မီဒီယာများကြောင့် ရူံးနိမ့် ရခြင်းများလည်း ရှိပါသည်။ သာဓက အား အမေရိကန်တို့ ဆင်နွဲခဲ့သော ကူဝိတ် စစ်ပွဲကို ကြည့်ပါက အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ကောလင်းပါဝယ် မှ စစ်ပွဲအောင်မြင်ခြင်း ရှုံးနိမ်ခြင်းသည် ၄င်းတို့မှ ပြောလို့ မရကြောင်း CNN မှ စစ် ပွဲအနိုင်အရှုံး ကြေညာမှသာ စစ်ပွဲ ပြီးဆုံးကြောင်း ပြောခဲ့ဘူးပါသည်။


(ဒါလည်းမှန်ပေတယ်။ ရေးပုံရေးလက်ကတော့ စာပေကင်ပေတိုင်ရုံးက ဆိတ်ဗိုလ် မရဲတရဲတင့်ဆွေ ရေးတဲ့အတိုင်းပဲ...ဟိ..ဟိ။ မယုံရင် အလဲဗင်း (11) နိုင်ငံတကာဂျာနယ်ထဲက မရဲတရဲတင့်ဆွေရေးတာတွေနဲ့ ယှဉ်ဖတ်ကြည့်။ အခုလည်း စစ်အုပ်စု ခွေးကျင့်ခွေးကြံ ကြံပုံဟာ တာဝန်သိပြည်သူသတင်းထောက်၊ မီဒီယာ၊ ဘလော်ဂါတွေကြောင့် ၀က်ဝက်ကွဲ ပေါ်ကုန်တာမဟုတ်လား။ ဘာဖြစ်ဖြစ် တကယ်တမ်းမှာ ဘယ်သူ အရှုံးပေါ်သလဲဆိုတာ အခု သူတို့ နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ နာမည်ပျက်စာရင်းသွင်းခံရတာ၊ နိုင်ငံတကာမှာ စစ်အုပ်စု မရှိတဲ့ သိက္ခာခွေးစားသွားတာတွေ၊ အို...ပြောနေဖို့ မလိုပါဘူးလေ။)

ထိုနည်းတူစွာပင် အသံလွှင်မီဒီယာများ၏ ထိုးနှက်ချက်မှာ မည်မျှပြင်းထန်ကြောင်း သိသာလှပါသည်။

(ဒီလို ၀န်ခံသင့်တာကြာပီ။ မီဒီယာကို မီဒီညာနဲ့ တိုက်တာ ရှုံးပါပြီလို့ ၀န်ခံခြင်းတမျိုးပေါ့။)


ထိုနည်းတူစွာပင် ယနေ့ သတင်းနှင့်နည်းပညာ (နအဖ အတွက်တော့ အတင်းနှင့် နည်းပြင်ညာပေါ့ဗျာ) ခေတ်ကြီးတွင် တိုင်းပြည် တစ်ပြည်၏ ကောင်းကွက်များကို ချန်လှပ်ထားပြီး ဆိုးကွက်များအား ဖော်ကြူးပြီး နိုင်ငံ ကိုအုပ်ချုပ် (သွေးစုပ်) နေသော တာဝန်(မ)ရှိသူများအား ဆိုးသွမ်း ယုတ်မာသည့် အသွင်(စရိုက်ရင်းကို) ဖော်ညွှန်းကာ မြန်မာပြည်ကြီင်္းအား (စစ်အုပ်စုကိုပါ..မြန်မာပြည်ကို ဆွဲမထည့်ပါနဲ့) Presidential Statement များအား အမေရိကန် သမ္မတ ဂျော့ဘုရှ်မှ ချမှတ်နိုင်ရေး ဆွေးနွေးသွားကြောင်း သိရှိရပါသည်။

(ဘယ်နေရာမှာ ကောင်းသလဲ ဆိုတာ ရေးနေကြပါတယ်။ ကောင်းကွက်တွေ မချန်လှပ်ပါဘူး။ ဥပမာ - ဗြောင်လိမ်ဗြောင်စားတို့၊ သောက်ရှက်မရှိတာတို့၊ မျက်နှာဗြောင်တိုက်တာတို့၊ ဦးနှောက်မဲ့တာတို့မှာ သူများတွေတက် သာလွန်ကောင်းမွန်၊ ပြိုင်ဘက်ကင်းဖြစ်ကြောင်း ကျနော်အပါအ၀င် အားလုံးက အခုတ်တရ ရေးကြပါတယ်။

ခင်ဗျားတို့ ဖအေသန်းရွှေကြီးကိုလည်း `ပရက်ဆီဒန်ရှယ် စတိတ်မန့်´ တွေကို ချမှတ်ခိုင်းပေါ့ဗျာ။ ကျုပ်သိပါတယ်။ သူက `အမိန့် တော်မျတ်´ပဲ ခင်ဗျားတို့ကို ချချပြီး မှတ်နေတာ မဟုတ်လား။)


အမေရိကန် သမ္မတ ဂျော့ဘုရှ် အနေဖြင့် မြန်မာစစ်အစိုးရအား နိုင်ငံအား အကြောက်တရားဖြင့် အုပ်ချုပ်နေကြောင်း ပြောဆိုသွားပါသည်။

(မဟုတ်လို့လား။ အနာပေါ်ဒုတ်တင်မကဘူး...ဓားတွေ၊ ကပ်ကြေးတွေပါ ကျတာ။ အဲဒါကြောင့် နာနေတာမဟုတ်လား။ ခင်ဗျားကိုယ်တိုင် ကြောက်နေရလို့ စိတ်ပါပါမပါပါ ပို့စ်တွေတင်နေရတာ မဟုတ်လား။)


မြန်မာစစ်အစိုးရအနေဖြင့် စစ်အစိုးရ ဖြစ်သောကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်ရန်လိုပါသည်။

(စစ်အစိုးရဖြင့် စစ်အစိုးရပေါ့။ နိုင်ငံတော်အကြီးအကဲတွေ၊ အပြူးအပြဲတွေ လုပ်မနေနဲ့။ ကိုယ့်အကြောင်းကိုယ်သိ။)


သို့သော် ပြည်ထောင်စုမပြိုကွဲအောင် (ဂက်စ်တွေ၊ သစ်တောတွေ ရောင်းစားတဲ့ သတင်းဖတ်) ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲအောင်(တိုင်းရင်းသူများကို မုဒိန်းကျင့်သည့် သတင်းဖတ်) ဆောင်ထိန်းနေသော (ဘာကိုဆောင်ထိန်းတာလဲ...စာလုံးလေးတောင် မှန်အောင် မပေါင်းတတ်ဘူး) တပ်မတော် ဖြစ်သည့် အတွက် မာရှယ်လောဖြင့် အုပ်ချုပ်ခြင်း မရှိဘဲ ရှိပြီးသား (သေနတ်) ဥပဒေ (ထောင်) နည်းဥပဒေများအတိုင်း တရားဥပဒေ စိုးမိုးရေး (ခြောက်လှန့်ရေး) အတွက် သာ အုပ်ချုပ်နေပါသည်။ (သေနတ်ဖြင့်....)


မြန်မာပြည် အကြောင်း ဂဃနဏ မသိသော အမေရိကန် သမ္မတ မှ မြန်မာပြည် အကြောင်း ပြောနေခြင်းများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ လက်ရှိ အစိုးရအပေါ် မလိုလားသော သူများမှ ပုံကြီးချဲ့ သူများမှ မီဒီယာများအား အသုံးပြုပြီး မြန်မာနိုင်ငံအား ဆိုးသွမ်းနေသည့် အသွင်များ ဖေါ်ကျူး တင်ပြခြင်းများအား အတည် မှတ်ယူပြီး ဆိုခဲ့သည့် Presidential Statement အား ချမှတ်သွားခြင်း ဖြစ်ပါသည်။ (မြန်မာလူထုအကြောင်း အေဘီင်္စီဒီမျှ သောက်ဂရုမစိုက်သော သန်းရွှေမှ ဒီမိုကရေစီအကြောင်း ပြောနေခြင်းများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ စစ်အုပ်စု အပေါ် မလိုလားသူများမှ အမှန်အတိုင်း ကိုယ့်အသိစိတ်ဖြင့်ကိုယ် စစ်အုပ်စုအား ဆိုးသွမ်းနေသည့် အသွင်များ ဖေါ်ကျူး တင်ပြခြင်းများအား အတည် မှတ်ယူပြီး ဆိုခဲ့သည့် Presidential Statement အား ချမှတ်သွားခြင်း ဖြစ်ပါသည်...လို့ ပြင်ဖတ်ပါ။)

အနှစ်ချုပ်ရပါက ပြည်ပမီဒီယာများ၏ ထိုးနှက်ချက်များကြောင့် ကောင်းသည့် အသွင်စရိုက်များပျောက်ကွယ်သွားပြီး (အစကတည်းက မရှိတာခင်ဗျ။) ၄င်းတို့လိုလားသော ဆိုးသည့် အသွင်စရိုက်များ ဖြစ်သွားပါသည်။ (၀န်ခံ...၀န်ခံ....ရှေ့ကဖုံးနောက်ကပေါ်။)

မည်သို့ပင် ဖြစ်စေ ငဖား သာဂီနွား၊ ဇော်မျိုး၊ န.အာ.ဖ၊ စွေစောင်းတို့အနေဖြင့် မိမိ မြန်မာပြည်ကြီးအား အမှန်တကယ် ချစ်မြတ်နိုးရာ မရောက်ဘဲ နှစ်ရာရောက်သော အပြုအမှုများပင် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

Blog Watch (1)

(၁) စွေစောင်းက စာလုပ်နေလို့ပါဆိုပြီး ပို့စ်တင်ဖို့ လက်ရှောင်ချင်ပေမယ့်၊ မတင်ပြန်ရင်လည်း (သူ့စကားနဲ့ သူ့ကိုပြန်ပြောရရင်) ထမီဝတ်ထားလို့ အပြောခံရမှာစိုးလို့ ပို့စ်တင်ရှာပါတယ်။ ဂိမ်းဆော့တဲ့အကြောင်းတဲ့။ ဘာသာရေးတင်တော့လည်း ခိုးချတာလူမိ၊ နိုင်ငံရေး တင်တော့လည်း ၀ိုင်းဝေဖန်ခံရ၊ ကိုယ့်အတွေး ကိုယ်ရေးပြန်တော့လည်း ထောက်ခံမယ့်သူမရှိ (ရုရှက စစ်သည်ကျောင်းသားတွေကတောင် အားနာပါးနာနဲ့ ကော်မန့် မပေးချေဘူး။ ဘ၀ဆိုးပုံက။) နိုင်ငံရေးတွေဗရမ်းဗတာတင်ရင် ကျုပ်ကဆော်ဖို့ ရယ်ဒီပဲဗျ။

(၂) စွေစောင်းတို့ ဇော်မျိုးတို့ ကော်မန့်တွေ Anyone, Anonymous မလုပ်ရဲတော့ဘဲ Approve လုပ်ပြီးမှ တင်ပေးမယ်ဆိုပြီး ပြောင်းလိုက်ကြရတဲ့ ဘ၀ရောက်နေကြပါတယ်။ ဒီလိုပဲ မဟုတ်တာလုပ်သူတွေရဲ့ ဘ၀ဟာ မလုံခြုံ၊ လိပ်ပြာမသန့်နိုင်ပါဘူး။

ဇော်မျိုးက သူများကျတော့ ပြော၊ လျောက်အကြံပြုနေပြီး သူကျတော့ စစ်အစိုးရကို ထောက်ပြပြောဆိုတဲ့သူတွေကျတော့ `NLD´၊ အနောက်လိုလားသူဆိုပြီး သိမ်းကျုံးလျောက်ပြောနေပါတယ်။ ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်ဆိုတာလိုပေါ့။

ဘလော့ဂ်ဖတ်၊ ဆွေးနွေး၊ ကော်မန့်ပေးနေကြသူတွေဟာ `NLD´ တွေ၊ အနောက်လိုလားသူချည်းပဲတဲ့လား။ မျက်နှာသစ်လိုက်ဦး ဇော်မျောက်။

(၃) သာဂီနွားကတော့ အထက်ကပေးတာပဲ ဘလော့ဂ်တင်ရတာဆိုတော့ ဇော်မျိုး၊ စွေစောင်းတို့လောက် မလွတ်လပ်ဘူး။ ချက်ကျလက်ကျ ချေပရေအောင်လည်း ဘာမှဦးနှောက်ထဲ ရှိပုံမပေါ်ဘူး။ ပုဇွန်ဆိတ်ခေါင်းကမှ ချီးရှိသေးတယ်။ ကြိမ်တို့တဲ့ နွားလို နောက်ကချပေး၊ ဆော်ပေးတာ ငြိမ်ပြီးလိုက်လျောပေါ့။

(၄) Myanmar Media, Education and Development Watch - MMEDWatch (မြန်မာ့မီဒီယာ၊ ပညာရေးနှင့် ဖွံ့ဖြိုးမှုစောင့်ကြည့်လေ့လာရေး) ကို အားလုံးက Media Watch ဆိုပြီး ရေးနေ၊ သုံးနေကြပါတယ်။ ကျနော်က မော်နီတာအဖွဲ့ကို သဘောထားမေးကြည့်တော့ `ကိစ္စမရှိပါဘူး၊ Media Watch ဆိုတာ MMEDWatch ထဲမှာ အကျုံးဝင်ပြီးသားပဲ´ဟု ဓာတ်မေးလ် ပြန်ကြောင်းပါ။

(၅) ဒေါက်တာလွဏ်းဆွေဘလော့ဂ်ကတော့ သတင်းတွေ မြိုင်မြိုင်တက်နေပါတယ်။

(၆) ဘလော့ဂ်အသစ်လေးတွေ ပေါ်ထွက်လာတာ ကြိုဆိုပါကြောင်းနှင့် စီဘောက်ထဲမှာ လင့်ခ်ပေးသွားပါက လာရောက်လည်ပတ် အားပေးမည်ဖြစ်ကြောင်း။

မြန်မာ့အရေးအပေါ် ဂျပန်သံဟောင်း၏ လွဲမှားသော အမြင်များ(၂)

အမှန်အတိုင်းပြောရရင်တော့ ပျင်းလို့ရယ်၊ ဒီပြင်အလုပ်လေးတွေ ရှိနေလို့ရယ် `မြန်မာ့အရေးအပေါ် ဂျပန်သံဟောင်း၏ လွဲမှားသော အမြင်များ(၂)´ ကို ဆက်မရေးဖြစ်ဘူး။ သူတို့ခမျာလည်း သူတို့ဖက်က လိုက်ပြောပေးတဲ့သူလေး တစ်ယောက်ပေါ်လာတော့ ၀မ်းသာအားရနဲ့တင်လိုက်ကြတာ။ ရယ်ရတာတောဲ့ပြောမနေနဲ့။ သနားစရာပဲ။

စဉ်စားကြည့်ဗျ။ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ဂျပန်တွေထဲမှာ အကုန်က ထောက်ခံနေရင်တော့ ဘယ်သဘာဝကျမလဲ။ ဒါပေမယ့် ထောက်ခံသူ တစ်ထောင်မှာ ကန့်လန့်က တစ်ယောက်နှုန်းလောက်ပါဗျာ။ မြန်မာပြည်မှာလိုပေါ့။ နအဖကို လက်မခံသူက ရှစ်ထောင်ကိုးထောင် ငဖားက တစ်ကောင်ထဲ။

ငဖားတွေအပါအ၀င်၊ နအဖကို ပင်းပြောတဲ့ ဂျပန်ရော ပြောလာတဲ့ လေလုံးက မြန်မာပြည်ကကျောင်းသားတွေ စာမေးပွဲခိုးချတဲ့ အတိုင်းပဲ။ အကုန်လုံး ဒီအတိုင်းပဲ။ Usage တောင် ဘာမှမပြောင်းဘူး။ အထက်လူကြီးက သူ့ရို့ပါးစပ်ထဲ သွတ်ထည့်ပေးတဲ့အတိုင်း ပြန်ပြောတာပဲ။ Mouthpiece ခေါ်တာပေါ့ဗျာ။

အခုသူတို့မရှက်ပေမယ့် သူတို့ သားသမီးမြေးမြစ်တွေ အရှက်ရလိမ့်မယ်။

ပစ္စုပ္ပန်၊ သံသရာ ဘာမှကောင်းနိုင်ဖို့ မရှိပါဘူး။


Monday, October 22, 2007

စစ်တပ်အလုပ်

လားဟူကလေးမအား စစ်သားအုပ်စုလိုက် အဓမ္မပြုကျင့်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်း အခြေစိုက် ခမရ ၃၆၀ မှ နယ်လှည့်စစ်ကြောင်း တစ်စိတ်ခန့်သည် မိုင်းပြင်းမြို့ တောင်ဘက် တောထဲသို့ မျှစ်ထွက်ရှာသော အသက် ၁၆ နှစ်အရွယ် လားဟူကလေးမ တစ်ဦးအား ၄င်း၏မောင်လေး ရှေ့မှောက်၌ပင် အုပ်စုလိုက် အဓမ္မပြုကျင့်ကြကြောင်း နယ်စပ်ရောက် မိုင်းပြင်း ဒေသခံတစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ဂျူလိုင်လက ခမရ ၃၆၀ မှ ဗိုလ်ကြည်အောင် ဦးစီးသော တပ်သား ၁၀ ယောက်သည် မိုင်းပြင်း တောင်ဘက် ကျေးရွာများသို့ ၀င်ရောက် လှည့်ပတ်ရာ လားဟူ အမျိုးသမီး (အသက် ၁၆ နှစ်) နှင့် ၄င်း၏မောင်လေး (အသက် ၁၁ နှစ်) တောထဲ၌ ဆုံမိလေသည်။

ဗိုလ်ကြည်အောင်နဲ့ စစ်သား ၁၀ ယောက်က မောင်လေး ရှေ့မှာဘဲ အမ နားမီးဂျိုးကို မုဒိန်းကျင့်ကြတယ်။ ၀မ့်စန်း (ပလောင်ရွာ) အရှေ့ဘက် နမ့်အန်ချောင်း ဘေးမှာ ဗမာစစ်သားယောက်တိုင်း အဓမ္မပြုကျင့်ပြီးတာနဲ့ ဘယ်သူ့ကိုမှ သွားမပြောရဘူး၊ ပြောရင် တမိသားစုလုံး ပစ်သတ်မယ်။ ဘာ၊ ညာခြိမ်းခြောက်လိုက်တယ်တဲ့ဟု အဆိုပါ မိုင်းပြင်းဒေသခံက ပြောပြသည်။

၎င်းကဆက်၍ ကလေးမကတော့ ပြန်မပြောရဲဘူး။ သူ့မောင်လေးက မိဘအားလုံးကို ပြန်ပြောပြတော့ တရွာလုံး ပျံ့သွားတာ။ ရွာသူကြီးကလည်း အားကိုးလို့မရဘူး။ နအဖစစ်သားကို ကြောက်တာလွန်ရော၊ တာဝန်ယူ တိုင်ကြားပေးမဲ့သူမှ မရှိတာ၊ ဒီတိုင်းဘဲ ပြီးသွားတာပေါ့ဟု ဆို၏။

အဆိုပါ လားဟူမောင်နှမသည် မိုင်းပြင်းမြို့နယ် ဟောင့်ကန်အုပ်စု ဟိုနားရွာနေ အဖ ဂျဝို နှင့် အမိနားဖို့ တို့၏ သားသမီးများ ဖြစ်ကြပြီး မြို့ဈေးတက်ရောင်းရန် တောထဲ၌ မျှစ်သွားရှာစဉ် စစ်သားများ၏ အဓမ္မပြုကျင့်မှု ခံရခြင်း ဖြစ်သည်။

*************************************


သျှမ်း/အရှေ့ ကျေးရွာသမီးပျိုများအား နယ်လှည့်စစ်ကြောင်း ဗလက္ကာရပြုကျင့်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းအခြေစိုက် နယ်လှည့်စစ်ကြောင်း နအဖ စစ်တပ်များသည် ရောက်လေရာ ဒေသမှ အမျိုးသမီးများအား အဓမ္မ ပြုကျင့်လျက်ရှိကြောင်း တာချီလိတ်-မယ်ဆိုင် နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ယခုလ ရက်နေ့က မိုင်းပြင်းအခြေစိုက် ခလရ ၄၃ မှ ဗိုလ်ကြီး အောင်အောင် ဦးစီးသော အင်အား ၂၀ ရှိ စစ်ကြောင်း တစ်ကြောင်းသည် မိုင်းပူးအွန် တိုက်နယ်ဘက် နယ်လှည့်ထွက်ရာ၊ မိုင်းပြင်း တောင်ဘက် မိုင်ခန့် အကွာ မိုင်းပူးအွန်အသွား ကားလမ်းဘေးရှိ ယန်းမိုင်အုပ်စု အ၀င်လမ်း ကျူတန်မောက် လမ်းဆုံအနီး တောင်ယာသွားစောင့်နေသူ အမျိုးသမီး (အသက် ၁၈ နှစ်) နှင့် ဆုံမိလေသည်။

အဆိုပါ စစ်ကြောင်းသည် နန်းဆိုင်အား တွေ့ဆုံသည့် နေရာမှ မိုင်ခန့် ဝေးသည့် ၀မ့်မိုင်ကုန်းခါးရွာနှင့် ကီလိုဝက်ခန့် အကွာ နမ့်ယင်ချောင်း ဘေးသို့ ခြိမ်းခြောက် ဖမ်းခေါ်သွားပြီး ဗိုလ်ကြီးအောင်အောင် ကိုယ်တိုင် ဦးဆောင်၍ စစ်သား ၁၀ ယောက် အလှည့်ကျ အဓမ္မပြုကျင့်သည်ဟု ဆို၏။

မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ ဖြစ်တယ်၊ နှမချင်းမစာနာ၊ သမီးချင်း မစာနာ အဓမ္မပြုကျင့်တာ နန်းဆိုင်ခမျာ ညနေတိုင်အောင် နေရာက မထနိုင်ဘူးတဲ့။ ညနေခင်း ရောက်တော့ ကျွဲသွားရှာတဲ့ မိုင်းဖိုင်အုပ်စု ၀မ့်ပုံရွာက စိုင်းအင်းတာ့ က သွားတွေ့မိတော့မှ သူ့ကို အိမ်ပြန်ပို့ပေးတာ။ ရွာသူကြီးကို သူ့မိဘတွေ သွားတိုင်တော့လည်း မြန်မာစစ်သားတွေ ဒဏ်ပေးမှာ ကြောက်လို့ ဘယ်မှာမှ သွားမတိုင်ရဲဘူးတဲ့ဟု နယ်စပ်ရောက် မိုင်းပြင်းဒေသခံ တစ်ဦးက ပြောပြသည်။

နန်းဆိုင်သည် မိုင်းပြင်းမြို့နယ် ယန်းမိုင်အုပ်စု နားခေါရွာနေ ဦးလုံးဆော-ဒေါ်ပါအိုင်း တို့၏ သမီးဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက် ကလည်း မိုင်းပြင်းအခြေစိုက် ခမရ ၅၂၈ မှ ဗိုလ်ကြီး တစ်ယောက် ဦးဆောင်သော စစ်သား ၃၆ ယောက်ပါ စစ်ကြောင်းတစ်ခုသည် မိုင်းပြင်းအရှေ့ဘက် ၁၂ မိုင်ခန့် အကွာ ယန်းဟိုင်းအုပ်စု ဘက်သို့ ထွက်သွားရာ၊ ညနေ ၁၅း၀၀ နာရီခန့်တွင် ယန်းဟိုင်းသို့ ဈေးဝယ်ရာမှ ပြန်လာသည့် ရှမ်းအမျိုးသမီး (အသက် ၁၆ နှစ်) အား နမ့်တုံချောင်းဘေး တစ်ယောက်တည်း ထိုင်အနားယူနေသည်ကို တွေ့မိလေ၏။

ထို ရှမ်းအမျိုးသမီးအား ထိုစစ်ကြောင်းက ယန်းဟိုင်းဘက်သို့ ပြန်ခေါ်သွားပြီး ဆုံမိရာ နေရာနှင့် မိုင်ခန့် အကွာ နမ့်မတ်ရွာ နတ်စင်အနီး၌ ဦးဆောင်သည့် စစ်ဗိုလ်နှင့်အတူ စစ်သား ၅ ယောက်က ၀ိုင်း အဓမ္မပြုကျင့်သည်ဟု ဆို၏။ ထို့နောက် နန်းခမ်းအား ၁၆း၃၀ နာရီ ပြန်လွတ်လိုက်ပြီး သတင်းပေါက်ကြားပါက အိမ်အထိ တစ်မိသားစုလုံး သွားရောက် ပစ်သတ်မည်ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ထိုဖြစ်စဉ်ကို မိဘများကိုသာ ပြောပြခဲ့ပြီး နောက်မှ ဆွေမျိုးများပါ သိသွားရာမှ တရွာလုံး တီးတိုး သတင်းပျံ့နှံ့သွားကြောင်း။ ကျေးရွာအုပ်စု ဥက္ကဌကလည်း မည်သူ့ဆီမှ အရေးယူ တိုင်ကြားပေးခြင်း မပြုရဲဟု ပြောကြောင်း ဆိုပါသည်။

နန်းခမ်းသည် မိုင်းပြင်းမြို့နယ် ယန်းဟိုင်းအုပ်စု ၀မ့်အွန်ရွာနေ ဦးလုံးဆူးဝမ်း - ပါအိုင် တို့၏ သမီးဖြစ်သည်။

(
သျှမ်းသံတော်ဆင့် သတင်းစဉ်မှ)

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။