Thursday, October 18, 2007

နအဖ သဘောထား

~~~ ပြည့်အင်အားသည် ပီကင်းမှာ သာရှိသည်။ ~~~
* ထိုင်ခုံကို လိုလားသည်။
* ကိုယ်ကျိုးကိုသာ လိုလားသည်။
* အပြောင်းအလဲကို မလိုလား။
မိုးလုံးပြည့် မုသာဝါဒီ - MRTV လိမ်နေသည်။ MWD ညာနေသည်။ MRTV3 ငဖား ဇာတ်ခင်းနေသည်။ သူတို့တွေ မကြာခင် ငရဲကြီး ရှစ်ထပ်တွင် ရဲရဲနီသော သံတွေသံခဲများ မျိုကြရပေတော့မည်။

နေ့ခင်းကြောင်တောင် မြို့လယ်ကောင်က လူသတ်သမားများ။
ပြည်သူအားလုံး သတိထား။
နအဖ ၏ အကြမ်းဖက်မှု ကြောင့် မည်သူတွေ အကျိုးရှိပြီး မည်သူတွေအကျိုးမဲ့နေရပါသနည်း။

နအဖ ၏ အကြမ်းဖက်မှုကြောင့်
* သံဃာတော်များ အသက်ဆုံးကြရသည်။ ကျောင်းသားကျောင်းသူများ သေဆုံးကြသည်။
ပြင်းထန်စွာ အရိုက်အနှက်၊ အပစ်အခတ် ခံကြရသည်။
* ပြည်သူများ ကျိတ်၍ ငိုကြရသည်။
* သာသနာတော်ကြီး မှေးမှိန်ရသည်။

နအဖ ၏ အကြမ်းဖက်မှုကြောင့်
* အမှန်တကယ် အကျိုးရှိသူများမှာ ကြံ့ဖွံ့ နှင့် စွမ်းအားရှင်များ နှင့် ခရက၊ မရက တို့သာ ဖြစ်သည်။
* လူထုထောက်ခံပွဲတွေစီစဉ်သူတွေသာ လူတွေကို အပြည့်မပေး၊ ဖြတ်စားလပ်စား လုပ်စားပြီး တိတ်တိတ်ပုန်း သွေးနံ့ညှီသော ငွေများရနေကြသည်။
* လက်ကိုင်တုတ်များ သာကောင်းစားကြသည်။
* စွမ်းအားရှင်ကြံဖွတ်များ ဆုကြေးရနေကြသည်။
မိုးလုံးပြည့် မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင်လုပ်နေသည်။
MRTV လိမ်နေသည်။ MWD ညာနေသည်။ MRTV3 ငဖား ဇာတ်ခင်းနေသည်။
အဲဒီ ဒေ၀ဒတ်များ(သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ) မယုံလေနဲ့သတိထား။

No comments:

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။