Tuesday, October 23, 2007

Blog Watch (1)

(၁) စွေစောင်းက စာလုပ်နေလို့ပါဆိုပြီး ပို့စ်တင်ဖို့ လက်ရှောင်ချင်ပေမယ့်၊ မတင်ပြန်ရင်လည်း (သူ့စကားနဲ့ သူ့ကိုပြန်ပြောရရင်) ထမီဝတ်ထားလို့ အပြောခံရမှာစိုးလို့ ပို့စ်တင်ရှာပါတယ်။ ဂိမ်းဆော့တဲ့အကြောင်းတဲ့။ ဘာသာရေးတင်တော့လည်း ခိုးချတာလူမိ၊ နိုင်ငံရေး တင်တော့လည်း ၀ိုင်းဝေဖန်ခံရ၊ ကိုယ့်အတွေး ကိုယ်ရေးပြန်တော့လည်း ထောက်ခံမယ့်သူမရှိ (ရုရှက စစ်သည်ကျောင်းသားတွေကတောင် အားနာပါးနာနဲ့ ကော်မန့် မပေးချေဘူး။ ဘ၀ဆိုးပုံက။) နိုင်ငံရေးတွေဗရမ်းဗတာတင်ရင် ကျုပ်ကဆော်ဖို့ ရယ်ဒီပဲဗျ။

(၂) စွေစောင်းတို့ ဇော်မျိုးတို့ ကော်မန့်တွေ Anyone, Anonymous မလုပ်ရဲတော့ဘဲ Approve လုပ်ပြီးမှ တင်ပေးမယ်ဆိုပြီး ပြောင်းလိုက်ကြရတဲ့ ဘ၀ရောက်နေကြပါတယ်။ ဒီလိုပဲ မဟုတ်တာလုပ်သူတွေရဲ့ ဘ၀ဟာ မလုံခြုံ၊ လိပ်ပြာမသန့်နိုင်ပါဘူး။

ဇော်မျိုးက သူများကျတော့ ပြော၊ လျောက်အကြံပြုနေပြီး သူကျတော့ စစ်အစိုးရကို ထောက်ပြပြောဆိုတဲ့သူတွေကျတော့ `NLD´၊ အနောက်လိုလားသူဆိုပြီး သိမ်းကျုံးလျောက်ပြောနေပါတယ်။ ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်ဆိုတာလိုပေါ့။

ဘလော့ဂ်ဖတ်၊ ဆွေးနွေး၊ ကော်မန့်ပေးနေကြသူတွေဟာ `NLD´ တွေ၊ အနောက်လိုလားသူချည်းပဲတဲ့လား။ မျက်နှာသစ်လိုက်ဦး ဇော်မျောက်။

(၃) သာဂီနွားကတော့ အထက်ကပေးတာပဲ ဘလော့ဂ်တင်ရတာဆိုတော့ ဇော်မျိုး၊ စွေစောင်းတို့လောက် မလွတ်လပ်ဘူး။ ချက်ကျလက်ကျ ချေပရေအောင်လည်း ဘာမှဦးနှောက်ထဲ ရှိပုံမပေါ်ဘူး။ ပုဇွန်ဆိတ်ခေါင်းကမှ ချီးရှိသေးတယ်။ ကြိမ်တို့တဲ့ နွားလို နောက်ကချပေး၊ ဆော်ပေးတာ ငြိမ်ပြီးလိုက်လျောပေါ့။

(၄) Myanmar Media, Education and Development Watch - MMEDWatch (မြန်မာ့မီဒီယာ၊ ပညာရေးနှင့် ဖွံ့ဖြိုးမှုစောင့်ကြည့်လေ့လာရေး) ကို အားလုံးက Media Watch ဆိုပြီး ရေးနေ၊ သုံးနေကြပါတယ်။ ကျနော်က မော်နီတာအဖွဲ့ကို သဘောထားမေးကြည့်တော့ `ကိစ္စမရှိပါဘူး၊ Media Watch ဆိုတာ MMEDWatch ထဲမှာ အကျုံးဝင်ပြီးသားပဲ´ဟု ဓာတ်မေးလ် ပြန်ကြောင်းပါ။

(၅) ဒေါက်တာလွဏ်းဆွေဘလော့ဂ်ကတော့ သတင်းတွေ မြိုင်မြိုင်တက်နေပါတယ်။

(၆) ဘလော့ဂ်အသစ်လေးတွေ ပေါ်ထွက်လာတာ ကြိုဆိုပါကြောင်းနှင့် စီဘောက်ထဲမှာ လင့်ခ်ပေးသွားပါက လာရောက်လည်ပတ် အားပေးမည်ဖြစ်ကြောင်း။

No comments:

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။