Wednesday, October 17, 2007

သန်းရွှေ ဘက်မှ ခံစားတင်ပြသည်


ကျွန်ုပ်လည်း ကျပ်ပြေးမျှစ်ချဉ်ကို မြည်းရင်း... မင်းဒမြတောင် စီးကရက်ကို တစ်ချက်မျှ ဖွာရှိုက်လိုက်လေသည်။ ဟိုးတရက်က ကင်ဂျုံအီး လက်ဆောင်ပေးထားသော ကိုရီးယားမှိုတစ်ဖတ်နှိုက်လိုက်... အီရန်မှ သံပုရာနှင့်နှပ်ထားသော ဆိတ်သားကင်ကို ကိုက်လိုက်... ၀မ်ကျားပေါင် ပေးသနားထားသော ကြွေခရားထဲတွင်... ရုရှမှ ဗော်ဒကာ အရက်ကိုထည့်ကာ တမျှဉ်းမျှဉ်းသောက်ရမည့်အစား... မော့နေကျ အာမီရမ်မော့သလို အငမ်းမရ မော့လိုက်လေ သည်။

အမှောင်ကြီးထဲရောက်သွားသလို... မိုက်ကနဲဖြစ်သွားရင်း...

အို..ဘုန်းကြီးတွေ...ဘုန်းကြီးတွေ... သွေးတွေနဲ့.......ကျုပ်သတ်တာမဟုတ်ဘူး... ကျုပ်မသတ်ဘူး... ကျုပ်မသတ်ဘူး........ ကျုပ်ကိုလာခေါ်နေကြပြီ... မလာကြပါနဲ့.. မလာကြပါနဲ့...

စိုးဝင်း .... စိုးဝင်း.. ကျုပ်ကို လာခေါ်နေပြီ... ဗလုံးဗထွေး ရေရွတ်လိုက်လေသည်။

ရင်တခုလုံး ဖားဖိုထိုးသကဲသို့ မောဟိုက်လှ၏။ ရေကဆာလှသည်။ ဇီးကင်းခန့် ချွေးစေးများလည်း ပြန်နေသည်။

(တပ်ချုပ်ကြီး..တပ်ချုပ်ကြီး.. ကိုယ်ရံတော်လေး သန့်ရှင်း)

အော်.. ကျုပ် သေခါနီးလို့ ငရဲ နိမိတ်တွေထင်နေတာပါလား။

(သန်းရွှေ ဘက်မှ ခံစားတင်ပြသည်။)
ငှဲလျောင်း ငှဲလျောင်း
(ဝေသာလီ ပုံနား)

No comments:

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။