Tuesday, October 23, 2007

အဖြစ်မှန်များအား ဂျော့ဘုရှ် အသိလွန်

(သာဂိနွားရဲ့ ခေါင်းစဉ်က အဖြစ်မှန်များအား ဂျော့ဘုရှ် သိရန်လို တဲ့။ ဂရုမစိုက်ဘူးဆို။ ဇော်မျိုးရေ..ဖြေစမ်းပါဦးဟ..။ မင်းတို့ အနောက်ဆန့်ကျင်ရေး လုပ်နေတာ မဟုတ်လား။ မင်းတို့ စိတ်ဓာတ်စစ်ဆင်ရေးက ပြောတာနဲ့..ပြန်ကျားရေး ဂွတို တော်စမ်းပါ ကျော်ဆန်းရာတို့ အပေါက်မညီတာ ပြောပါတယ်။)


ယနေ့ခေတ်မီဒီယာများအနေဖြင့် ကမ္ဘာနှင့် အ၀ှမ်းဖြန့်ကျတ် (စာလုံးပေါင်းမှား) နေပြီး လူငယ်များအား မကောင်းမှုကို တိုက်တွန်း နိုင်သည်မှာ လည်း ရှိသလို ၊(ကြံ့ဖွတ်) လူငယ်/ လူရွယ်များအား လမ်းမှားရောက်အောင် ပို့ဆောင် နိုင်သည်မှာလည်း (လျက်တပြက်လို ) မီဒီယာမျိုးစုံပင် ဖြစ်ပေသည်။


(ဟုတ်လိုက်လေဗျာ။ စွမ်းအားရှင်မဟုတ်တဲ့ ဖမ်းအားရှင်တို့၊ ကြံ့ဖွတ်တို့လို ဝေလေလေလေးတွေ လမ်းမှားရောက်အောင်ပို့နေတာ လျပ်တပြက်လို ဂျာနယ်၊ MK လို မီဒီယာတွေပေါ့။ ကျန်တဲ့သူတွေတော့ လိမ်လို့မရဘူးလေ။ သူတို့ကိုလည်းလမ်းမှားပို့ရင်း ကိုယ်ပါ လမ်းဆုံးရောက်နေပြီ မဟုတ်လား။)

သတင်းနှင့် နည်းပညာခေတ်ထဲတွင် မြေပြင် စစ်ပွဲများမှ အစ မီဒီယာများ၏ထိုးနှက်မှုများကြောင့် စစ်ပွဲအောင်မြင်ခြင်းများ ရှိသလို တစ်ဖက်ရန်သူများမှလည်း အဆိုပါအသံလွှင် မီဒီယာများကြောင့် ရူံးနိမ့် ရခြင်းများလည်း ရှိပါသည်။ သာဓက အား အမေရိကန်တို့ ဆင်နွဲခဲ့သော ကူဝိတ် စစ်ပွဲကို ကြည့်ပါက အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ကောလင်းပါဝယ် မှ စစ်ပွဲအောင်မြင်ခြင်း ရှုံးနိမ်ခြင်းသည် ၄င်းတို့မှ ပြောလို့ မရကြောင်း CNN မှ စစ် ပွဲအနိုင်အရှုံး ကြေညာမှသာ စစ်ပွဲ ပြီးဆုံးကြောင်း ပြောခဲ့ဘူးပါသည်။


(ဒါလည်းမှန်ပေတယ်။ ရေးပုံရေးလက်ကတော့ စာပေကင်ပေတိုင်ရုံးက ဆိတ်ဗိုလ် မရဲတရဲတင့်ဆွေ ရေးတဲ့အတိုင်းပဲ...ဟိ..ဟိ။ မယုံရင် အလဲဗင်း (11) နိုင်ငံတကာဂျာနယ်ထဲက မရဲတရဲတင့်ဆွေရေးတာတွေနဲ့ ယှဉ်ဖတ်ကြည့်။ အခုလည်း စစ်အုပ်စု ခွေးကျင့်ခွေးကြံ ကြံပုံဟာ တာဝန်သိပြည်သူသတင်းထောက်၊ မီဒီယာ၊ ဘလော်ဂါတွေကြောင့် ၀က်ဝက်ကွဲ ပေါ်ကုန်တာမဟုတ်လား။ ဘာဖြစ်ဖြစ် တကယ်တမ်းမှာ ဘယ်သူ အရှုံးပေါ်သလဲဆိုတာ အခု သူတို့ နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ နာမည်ပျက်စာရင်းသွင်းခံရတာ၊ နိုင်ငံတကာမှာ စစ်အုပ်စု မရှိတဲ့ သိက္ခာခွေးစားသွားတာတွေ၊ အို...ပြောနေဖို့ မလိုပါဘူးလေ။)

ထိုနည်းတူစွာပင် အသံလွှင်မီဒီယာများ၏ ထိုးနှက်ချက်မှာ မည်မျှပြင်းထန်ကြောင်း သိသာလှပါသည်။

(ဒီလို ၀န်ခံသင့်တာကြာပီ။ မီဒီယာကို မီဒီညာနဲ့ တိုက်တာ ရှုံးပါပြီလို့ ၀န်ခံခြင်းတမျိုးပေါ့။)


ထိုနည်းတူစွာပင် ယနေ့ သတင်းနှင့်နည်းပညာ (နအဖ အတွက်တော့ အတင်းနှင့် နည်းပြင်ညာပေါ့ဗျာ) ခေတ်ကြီးတွင် တိုင်းပြည် တစ်ပြည်၏ ကောင်းကွက်များကို ချန်လှပ်ထားပြီး ဆိုးကွက်များအား ဖော်ကြူးပြီး နိုင်ငံ ကိုအုပ်ချုပ် (သွေးစုပ်) နေသော တာဝန်(မ)ရှိသူများအား ဆိုးသွမ်း ယုတ်မာသည့် အသွင်(စရိုက်ရင်းကို) ဖော်ညွှန်းကာ မြန်မာပြည်ကြီင်္းအား (စစ်အုပ်စုကိုပါ..မြန်မာပြည်ကို ဆွဲမထည့်ပါနဲ့) Presidential Statement များအား အမေရိကန် သမ္မတ ဂျော့ဘုရှ်မှ ချမှတ်နိုင်ရေး ဆွေးနွေးသွားကြောင်း သိရှိရပါသည်။

(ဘယ်နေရာမှာ ကောင်းသလဲ ဆိုတာ ရေးနေကြပါတယ်။ ကောင်းကွက်တွေ မချန်လှပ်ပါဘူး။ ဥပမာ - ဗြောင်လိမ်ဗြောင်စားတို့၊ သောက်ရှက်မရှိတာတို့၊ မျက်နှာဗြောင်တိုက်တာတို့၊ ဦးနှောက်မဲ့တာတို့မှာ သူများတွေတက် သာလွန်ကောင်းမွန်၊ ပြိုင်ဘက်ကင်းဖြစ်ကြောင်း ကျနော်အပါအ၀င် အားလုံးက အခုတ်တရ ရေးကြပါတယ်။

ခင်ဗျားတို့ ဖအေသန်းရွှေကြီးကိုလည်း `ပရက်ဆီဒန်ရှယ် စတိတ်မန့်´ တွေကို ချမှတ်ခိုင်းပေါ့ဗျာ။ ကျုပ်သိပါတယ်။ သူက `အမိန့် တော်မျတ်´ပဲ ခင်ဗျားတို့ကို ချချပြီး မှတ်နေတာ မဟုတ်လား။)


အမေရိကန် သမ္မတ ဂျော့ဘုရှ် အနေဖြင့် မြန်မာစစ်အစိုးရအား နိုင်ငံအား အကြောက်တရားဖြင့် အုပ်ချုပ်နေကြောင်း ပြောဆိုသွားပါသည်။

(မဟုတ်လို့လား။ အနာပေါ်ဒုတ်တင်မကဘူး...ဓားတွေ၊ ကပ်ကြေးတွေပါ ကျတာ။ အဲဒါကြောင့် နာနေတာမဟုတ်လား။ ခင်ဗျားကိုယ်တိုင် ကြောက်နေရလို့ စိတ်ပါပါမပါပါ ပို့စ်တွေတင်နေရတာ မဟုတ်လား။)


မြန်မာစစ်အစိုးရအနေဖြင့် စစ်အစိုးရ ဖြစ်သောကြောင့် မာရှယ်လောဖြင့် အုပ်ချုပ်ရန်လိုပါသည်။

(စစ်အစိုးရဖြင့် စစ်အစိုးရပေါ့။ နိုင်ငံတော်အကြီးအကဲတွေ၊ အပြူးအပြဲတွေ လုပ်မနေနဲ့။ ကိုယ့်အကြောင်းကိုယ်သိ။)


သို့သော် ပြည်ထောင်စုမပြိုကွဲအောင် (ဂက်စ်တွေ၊ သစ်တောတွေ ရောင်းစားတဲ့ သတင်းဖတ်) ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲအောင်(တိုင်းရင်းသူများကို မုဒိန်းကျင့်သည့် သတင်းဖတ်) ဆောင်ထိန်းနေသော (ဘာကိုဆောင်ထိန်းတာလဲ...စာလုံးလေးတောင် မှန်အောင် မပေါင်းတတ်ဘူး) တပ်မတော် ဖြစ်သည့် အတွက် မာရှယ်လောဖြင့် အုပ်ချုပ်ခြင်း မရှိဘဲ ရှိပြီးသား (သေနတ်) ဥပဒေ (ထောင်) နည်းဥပဒေများအတိုင်း တရားဥပဒေ စိုးမိုးရေး (ခြောက်လှန့်ရေး) အတွက် သာ အုပ်ချုပ်နေပါသည်။ (သေနတ်ဖြင့်....)


မြန်မာပြည် အကြောင်း ဂဃနဏ မသိသော အမေရိကန် သမ္မတ မှ မြန်မာပြည် အကြောင်း ပြောနေခြင်းများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ လက်ရှိ အစိုးရအပေါ် မလိုလားသော သူများမှ ပုံကြီးချဲ့ သူများမှ မီဒီယာများအား အသုံးပြုပြီး မြန်မာနိုင်ငံအား ဆိုးသွမ်းနေသည့် အသွင်များ ဖေါ်ကျူး တင်ပြခြင်းများအား အတည် မှတ်ယူပြီး ဆိုခဲ့သည့် Presidential Statement အား ချမှတ်သွားခြင်း ဖြစ်ပါသည်။ (မြန်မာလူထုအကြောင်း အေဘီင်္စီဒီမျှ သောက်ဂရုမစိုက်သော သန်းရွှေမှ ဒီမိုကရေစီအကြောင်း ပြောနေခြင်းများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ စစ်အုပ်စု အပေါ် မလိုလားသူများမှ အမှန်အတိုင်း ကိုယ့်အသိစိတ်ဖြင့်ကိုယ် စစ်အုပ်စုအား ဆိုးသွမ်းနေသည့် အသွင်များ ဖေါ်ကျူး တင်ပြခြင်းများအား အတည် မှတ်ယူပြီး ဆိုခဲ့သည့် Presidential Statement အား ချမှတ်သွားခြင်း ဖြစ်ပါသည်...လို့ ပြင်ဖတ်ပါ။)

အနှစ်ချုပ်ရပါက ပြည်ပမီဒီယာများ၏ ထိုးနှက်ချက်များကြောင့် ကောင်းသည့် အသွင်စရိုက်များပျောက်ကွယ်သွားပြီး (အစကတည်းက မရှိတာခင်ဗျ။) ၄င်းတို့လိုလားသော ဆိုးသည့် အသွင်စရိုက်များ ဖြစ်သွားပါသည်။ (၀န်ခံ...၀န်ခံ....ရှေ့ကဖုံးနောက်ကပေါ်။)

မည်သို့ပင် ဖြစ်စေ ငဖား သာဂီနွား၊ ဇော်မျိုး၊ န.အာ.ဖ၊ စွေစောင်းတို့အနေဖြင့် မိမိ မြန်မာပြည်ကြီးအား အမှန်တကယ် ချစ်မြတ်နိုးရာ မရောက်ဘဲ နှစ်ရာရောက်သော အပြုအမှုများပင် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

2 comments:

Anonymous said...

အခုတလော ချမ်းမြအေး ၏ "သားရွှေအိုးထမ်းလာတာ မြင်လိုပါသည်" ဆိုသည့် ဆောင်းပါးနဲ့ အတူတကွ ဆိုသလို... ဗိုလ်ချုပ်ကြီးတွေ လူအ၀တ်အစား ၀တ်ဝတ်ပြီး ရေဆင်း က ဘွဲ့နှင်းသဘင်မှာ လုပ်တဲ့ သုဝဏ္ဏသာမ ဇာတ်တော်ကြီး ပြိုင်ပွဲဆိုပြီး တယောက်တလှည့် အလှည့်ကျ ကြည့်ကြည့် နေကြတယ်ဗျ။

Anonymous said...

Very good Ye Baw...If we have to public in local, it will be better....We all are beside you.

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။