Tuesday, October 16, 2007

စက်ရပ်သတင်း

ဤဘလော့ဂ်တော်ကြီး ရေးသားသည်နှင့် တပြိုင်နက် စွေစောင်းမှ နေလင်းကြောင်လည်း စောင်းရာမှပစ်လည်း၊ အလင်းမရသည့် ဇော်မျိုးလည်း ဘာမှမရေးနိုင်၊ သာဂိနွားလည်း ထွန်ချက်ချမရ၊ န.အာ.ဖ ဆိုသည့် ငတိလေးလည်း ဂယောင်ခြောက်ခြား အင်္ဂလိပ်လို မဆိုင်တာတွေ တင်လို့တင်နှင့် တပ်ပျက်လျက်ရှိကြောင်း၊ ယခင်က သူတို့ဘလော့ဂ်တွေကို လာလာမေတ္တာပို့၊ ဆဲရေးဂုဏ်ပြုသူများနှင့်မတူ ဤဘလော့ဂ် (ကျုပ်နော်၊ တခြားလူဟုတ်ဖူး)၏ ရိုက်ချက်မှာ ကိုယ်ရေးလိုက်တာနဲ့ ကိုယ့်ဖင် ဆီပြန်ပြန်စွတ်သလို ဖြစ်ဘိသောကြောင့် နေလင်းကြောင်၊ သာဂိနွား (မြတ်ခိုင်ထင်ပါ့)၊ ဇော်မျောက် နှင့် န.အာ.ဖတို့ မျောက်ဖင်နီ မီးခဲပေါ်ထိုင်မိပြီး ဓာတ်ဆီပုံးရွက်ထားရသလိုဖြစ်နေကြောင်း ခိုင်လုံသော ကိုယ်ဘာသာပြောသည့် သတင်းရပ်ကွက်မှ စက်ရပ်သတင်းကောင်း ရရှိပါသည်။

န.အာ.ဖ http://na-ar-pha.blogspot.com/
သာဂိနွား http://tharkinwe.blogspot.com/
ဇော်မျောက် http://www.lightofmyanmar.blogspot.com/
ဆိတ်ဗိုလ်နေလင်းကြောင် http://oppositeyes.blogspot.com/

3 comments:

MMEDwatch said...

We really appreciate for your contribution of "War on Pro-Than Shwe bloggers".

Thank a lot for all.

Best,
MMEDWatch

YeKyawAungMDY said...

သိပ်ကောင်းတဲ့ထိထိမိမိပြန်လည်ချေပချက်ဘလော့ဂ်ပါပဲဗျာ။

Anonymous said...

ကျွန်ုပ်လည်း ကျပ်ပြေးမျှစ်ချဉ် ကို မြည်းရင်း... မင်းဒမြတောင် စီးကရက်ကို တစ်ချက်မျှ ဖွာရှိုက်လိုက်လေသည်။ ဟိုးတရက်က
ကင်ဂျုံအီး လက်ဆောင်ပေးထားသော မှို တစ်ဖတ်နှိုက်လိုက်... အီရန်မှ သံပုရာနှင့်နှပ်ထားသော ဆိတ်သားကင်ကို ကိုက်လိုက်... ၀မ်ကျားပေါင် လက်ဆောင်ပေးထားသော ကြွေခရားထဲတွင်... ရုရှမှ ဗော်ဒကာ အရက်ကိုထည့်ကာ တမျှဉ်းမျှဉ်းသောက်ရမည့်အစား... မော့နေကျ အာမီရမ်မော့သလိုအငမ်းမရ မော့လိုက်လေ သည်။
အမှောင်ကြီးထဲရောက်သွားသလို... မိုက်ကနဲဖြစ်သွားရင်း... အို..ဘုန်းကြီးတွေ...ဘုန်းကြီးတွေ... သွေးတွေနဲ့..ကျုပ်သတ်တာမဟုတ်ဘူး... ကျုပ်မသတ်ဘူး... ကျုပ်မသတ်ဘူး........ ကျုပ်ကိုလာခေါ်နေကြပြီ... မလာကြပါနဲ့.. မလာကြပါနဲ့... စိုးဝင်း စိုးဝင်း.. ကျုပ်ကို လာခေါ်နေပြီ... ဗလုံးဗထွေးရေရွတ်လိုက် လေသည်။ ရင်တခုလုံး ဖားဖိုထိုးသကဲသို့ မောဟိုက်လှ၏။ ရေကဆာလှသည်။ ဇီးကင်းခန့် ချွေးစေးများလည်း ပြန်နေသည်။ (တပ်ချုပ်ကြီး..တပ်ချုပ်ကြီး.. ကိုယ်ရံတော်လေး သန့်ရှင်း) အော်.. ကျုပ် သေခါနီးလို့ ငရဲ နိမိတ်တွေထင်နေတာပါလား။ (သန်းရွှေ ဘက်မှ ခံစားတင်ပြသည်။)
ငှဲလျောင်း ငှဲလျောင်း (ဝေသာလီ ပုံနား)

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။