ကိုးလလွယ်ဆယ်လမွေး.နို့ ချိုကြွေးထမင်းခွံ့ 
အမေ့ရဲ့မေတ္တာ..မင်းပြန်မဆပ်တာအကြောင်းမဟုတ်။
မင်းကိုလူဖြစ်အောင်ကျွေး..ပညာရေးပေးခဲ့
အဖေ့ကျေးဇူး..မသိဘူးတာ..အရေးမဟုတ်။
ငယ်စဉ်ကိုယ်ရင်ဘ၀..ရွာဦးကျောင်းကဘဘုန်းကြီးရဲ့
သွန်သင်ကျေးဇူး မေ့လျော့ဖူးတာ..အထူုးဆန်းမဟုတ်။
ကြီးခါလေလေ..ပိုပိုမိုက်..ကိလေသာရဲ့အမှောင်တိုက်
အာဏာနဲ့ ..အဿပြာ..ရုးမိုက်စွာတက်မက်
သွေးစွန်းနေတဲ့မင်းရဲ့လက်..မာနထန်တဲ့ မင်းမျက်ခွက်
“မောင်သန်းရွှေ “ အမည်ရ..အမေ့သား..
မရဏရဲ့ တံခါးဝနားမှာ...တံခါးခေါက်ဖို့ အချိန်ရောက်တောင်
သတိ.သစ္စာ..သမာဓိ ကိုမဆောင်နိုင်ဘဲ..ဆက်ဆက်ခါ..မိုက်မဲ..
ဒီ သံသရာထဲက..မင်း လွတ်ဖို့ ရယ်.တကယ်မလွယ်..
ဖူးမျှော်မာန်လျှော့..ထိခြင်းငါးပါးနဲ့ကန်တော့..
လောကရဲ့ဦးသျှောင်.ဗုဒ္ဓရဲ့တန်ဆောင်..
သရဏဂုံမတည်တဲ့..လညစ်မိုက်..
ငါ့ဝမ်းကြာတိုက်ကထွက်ခဲ့တာ..ငါ့အသည်းနာ..၀မ်းရေစပ်
မင်းကိုယ်ထဲက ငါ့သွေး ရှိသမျှတွေ..ဖောက်ထုတ်စမ်းချင်..
နောင်..ဘယ်ဘ၀ရောက်ရောက်..မင်းနဲ့ အမျိုးမတော်စေချင်။
ဘုရားကိုစော်ကား..ပြက်လုံးများလုပ်ရယ်..
တရားကိုမထီ်.ကတိသစ္စာမတည်တဲ့လူသား
သံဃာကိုဂိုဏ်းခွဲ..ညှဉ်းပန်းရဲတဲ့ယောက်ျား..
ထွီ..ရွံ့ ရှာသွား…ဝေးဝေးသွား...ဝေးဝေးသွား...
မင်းဟာ..ငါတို့ သားမဟုတ်..
မာရ်နတ်မင်းရဲ့..နိမိတ်ပုံရုပ်
ထထိုင်နေတဲ့ ဘီလူးငုတ်တုတ်
အယုတ်တကာ..ထိပ်ခေါင်..
မွေးမေ့ အသည်းနာစေခဲ့..ခွေးကောင်..
လူမျိုးမြိုမှ လူမျိုးပြုတ်..
သာသနာ.ဘာသာကိုချိုးဖြုတ်..
ဒီဂုဏ်ယုတ်နဲ့ ကျမသား..ရှက်လွန်းအားကြီးလှပါချည့်
ဒီအတိုင်းမကြည့်ထားနဲ့အရပ်ကတို့ ရေ..
သားသမီးမကောင်းရင်မိဘခေါင်း..
ကျမတို့ဟာ..မိဘကောင်း..
မွေးထားတဲ့ သားမိုက်ကို..လက်နဲ့သတ်ပစ်ချင်ငြား
မလုပ်ရက်အားနိုင်တာမို့ ..
အရပ်ကောင်းရင်အလောင်းလှ..
ဒင်းကိုသာ..အ၀ီဇိငရဲကို ဆွဲပဲချကြပါတော့..
ကျမတို့ အပြစ်မမြင်..ကျေးဇူးဥပကာရတင်.
သာဓုသာခေါ်လိုက်ချင်။
မသဒ္ဓါ (၉။၂၁။၂၀၀၇)
(ဦးသန်းရွှေ၏ မိခင်ကြီးထံမှ အိတ်ဖွင့်ပေးစာဖြစ်ပါသည်၊၊)
(မသဒ္ဓါ၏ နာမည်ကျော်ကဗျာတစ်ပုဒ်ကို ပြန်လည်ဆန်းသစ် ဖော်ပြပါသည်။)
Subscribe to:
Post Comments (Atom)
ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။
No comments:
Post a Comment