(သြော်....သန်းနှင့်ချီသော ရဟန်းရှင်လူတို့ကို ဒင်းတို့ စွပ်စွဲချင်သလိုစွပ်စွဲပြီး ရေးချင်သလိုရေး၊ စော်ကားချင်သလိုစော်ကားပြီး အသံတွေလွှင့် လုပ်နေရရင်ဖြင့် ဟုတ်နေတာပဲ။ သူတို့ကို ချက်နဲ့လက်နဲ့ သဘောလောက် တို့ထိပြတာတောင် ဆတ်ဆတ်ခါ နာတတ်တယ်။ ဟောဒီက စာကလေးကို န.အာ.ဖ ရဲ့ ဟောဒီ To My Respectable Visitors ဆို ပရမ်းပတာ အရမ်းကာရော ရေးထားတဲ့စာနဲ့ တွဲ၍ဖတ်။ ကွက်ကွက်ကွင်းကွင်းမြင်လာမည်။)
ကျွန်တော်ရဲ့ လေးစားရပါသောဧည့်သည်များခင်ဗျား....
ဒီရက်ပိုင်းတွေမှာ ကျွန်တော် တကယ်ပင်လက်သံပြောင်တာကြောင့် Post အသစ်တွေကို တခဲနက်အားပေးကြတာဝမ်းသာပါတယ်။ ဒါပေမယ့် သီချင်းကော်ပီတွေခေတ်စားချိန် နာမည်တူ (http://www.na-ah-pha.blogspot.com) ကိုအသုံးပြုပြီး ကျွန်တော်က (www.na-ar-pha.blogspot.com) အပါအ၀င် အခြားသေနာ blog များအား လက်သံညီညီ၊ အရှိုက်ထိုး သရော်စာတွေ ရေးသား၍ ၄င်းတို့ ဖင်ပေါ်ရန်ကြိုးစားနေသဖြင့် ၄င်းတို့နှင့်သင့်တော်မည်ဖြစ်သော Data အားလုံးကို ဖန်တီးထားပါတယ်။ ယခုမှစ၍ ၄င်းတို့ ၏ အဖားဇာတ် Post များ အဆင့်မည်မျှရှိကြောင်း ဘူးပေါ်သလိုပေါ်နေတော့သည်ကို အားပေးဖတ်ရှုကြရပေပြီ။
ဒီပရိသတ်ထဲက သူတော်ကောင်းများကလည်း ထပ်တီးပါ၊ နာနာဆော်ပါဟု လက်ခုပ်တီးအားပေး (တနည်း) ဒေ၀ဒတ်ချွတ်ခန်းတွေ့ သဘိသို့  အားပေးသာဓုခေါ်လုပ်နေတာကို တွေ့ရပါတယ်။
န.အာ.ဖ၊ ဇော်မျိုး၊ သာဂိနွား၊ စွေစောင်းတို့ Blog ပေါ်မှာ အခြားစာဖတ်သူများ မဖတ်ရှု၊ မမြင်သာအောင် နအဖနောက်မြီးဆွဲ၊ ဟိုသာ ဟိုဘက်ကပ်၊ ဒီသာဒီဘက်ကပ် ဆိတ်လစိ ပီသစွာ အထိန်းအကွပ်မရှိ၊ ဟောင်ချင်ရာဟောင်နေကြသော အဖားတသင်း၊ ဒေ၀ဒတ်အပင်းတို့ကိုလည်း အချိန်တိုအတွင်းဖော်ထုတ် ပဲ့ပြင်ဆုံးမပေးလျက်ရှိပါသည်။
Blog များပေါ်မှာလည်း နိုင်ငံရေးအမြင်ဆွေနွေးဖလှယ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်ကိစ္စများအပြင် ကာယကံရှင်မှ အချက်အလက်မှန်ကို ဖုံးအုပ်လိမ်ညာနေသော်လည်း မရသည့်အပြင် ထပ်မံ၍ တသက်လုံးဖုံးသမျှ ကုန်းကာမှအကုန်ပေါ်၊ ကြောက်ကန်ကန်ကာ လှည့်ဟောင်၍ IP ဖျောက်ကာလိုက်ဆဲ နေကြသည်များကိုလည်း ဟာသမြောက်စွာတွေ့ မြင်နေရပါသည်။
ရီချင်ဖွယ်ကောင်းသော အချက်တစ်ချက်မှာ ဘိုးသန်းရွှေနှင့် ဗိုလချုပ်ဂျိုကုပ်တို့ လုပ်သမျှ မှန်ပါ့ဘုရား၊ ကောင်းပါ့ဘုရားဟု ယိုသူမရှက်၊ မြင်သူရှက် ခွေးဇာတ်ခင်းနေသော သူများသည် ကိုယ်ပိုင် Blog များတွင်သာမက ဘက်စုံ၊ ထောင်စုံမှ ၄င်းတို့ ၏ အမြင်ကျဉ်းမှု ၀ါးလုံးခေါင်းထဲ လသာသည့် အဆင့်အတန်းများကို ပြသနေကြသော်လည်း အခြားနိုင်ငံရေးအမြင်ရှိသောသူများ၏ Blog များတွင် စဉ်းစားဆင်ခြင်အပ်သော တုံ့ ပြန်မှုမျိုးများ ရေးပြသော်လည်း ဥာဏ်မမီကြရှာ၊ နားမလည်ကြရှာပေ။
ကဲ နောင်မရိုင်းရအောင် မောင်ဒိုင်းရေးသမျှကို အားပေးကြတဲ့ ပရိတ်သတ်ကြီးကရော...





