Showing posts with label သာဂိနွား. Show all posts
Showing posts with label သာဂိနွား. Show all posts

Friday, October 19, 2007

စွမ်းအားရှင်တို့၊ သာဂိနွားတို့ ဘာကြောင့် ဖားပြီးကြီးပွားနေသလဲ

(သာဂိနွား၏ နှစ်ခါမှားတင်တားသော ဂျပန် နိုင်ငံ ကိုရီးယားနိုင်ငံ တို့ ဘာကြောင့်ကြီးပွားတိုးတက်နေသလဲ နှင့် ယှဉ်၍ဖတ်။)


ကျနော်ငဖား တစ်ယောက်ဖြစ်သော်လည်း တာဝန်သိပြည်သူ တစ်ယောက်မဟုတ်ပါ။ ပုံမှန်ခိုးလောက် ၀ှက်လောက်ရုံနှင့် ကလိမ်ကကျစ်လုပ်နိုင်ရုံလောက်သာ နအဖ အလိုတော်ရိ လက်ကိုင်ဒုတ် တစ်ဦးဖြစ်ပါသည်။ ပါမစ်များလည်း ရရှိပါသည်။ လက်ရှိ မြန်မာနိုင်ငံအား ဖာနိုင်ငံဖြစ်အောင်လုပ်နေသော စစ်အစိုးရအနေဖြင့် ချွေးထွက်စီပွားရေးစနစ်အား ပုံဖေါ် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအား အနောက်နိုင်ငံများမှ ဒီမိုကရေစီ ၀ါဒအား ပုံဖေါ်မည့် ပြည်သူ့အစိုးရ မတက်နိုင်သဖြင့် စီးပွားရေးပိတ်ဆို့မှုမျာအား EU နှင့် အမေရိကန် ပြည်ထောင်စု တို့ကပါ စီင်္းပွားရေးပိတ်ဆို့မှုများကို နှစ်ရှည် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖော်ဆောင်နိုင်အောင် အားရလောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။ လုံးလုံးလျားလျား ထိခိုက်ခြင်း ရှိပြီး စက်ရုံ အလုပ်ရုံများ ပိတ်ရသည့်အတွက် နအဖ ၀ါးတီးခွင်များ ထိခိုက်မှုများရှိ ပါသည်။

ပြည်ပနိုင်ငံကြီးများ၏စီးပွားရေးပိတ်ဆို့မှုများကို အားပေးထောက်ခံနေသော ပြည်တွင်းမှ အတိုက်အခံနိုင်ငံရေး အင်အားစုများသည် လက်ရှိအုစုပ်နေသော အဲလေ..ယောင်လို့..သွေးစုပ်နေသော စစ်အုပ်စုအား အကြပ်အတည်း အမျိုးမျိုးတွေ ရအောင် ပြည့်သူဘဏ္ဌာခိုး ဗိုလချုပ်ကြီးများ စီးပွားရေး ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ရအောင် ဖေါ်ဆောင်နေသည်မှာ သိသာထင်ရှားလှပါသည်။

ယခုရက်ပိုင်းများအတွင်း သံဃာလှုပ်ရှားမှုများအား နိုင်ငံရေးအသွင်ပြောင်းပြီး လူထုလှုပ်ရှားမှု အသွင်အဖြစ် ပုံဖေါ်ဆောင်ရွက်ခြင်းများကြောင့် လက်နက်ရှိ အာဏာ ချိုင်များမှ ပစ်သတ် ခေါင်းရိုက်ခွဲခဲ့ရခြင်းများ ဖမ်းဆီးမှုများအပေါ် ပြစ်တင်ရှုတ်ချသည့် အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း EU မှ ကြေညာခဲ့ပါသည်။ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းမှလည်း မြန်မာနိုင်ငံရေးအား ထိထိရောက်ရောက် ၀င်ရောက်ကိုင်တွယ်မည့် အကြောင်း ကြေညာခဲ့ပါသည်။ (သာဂိနွားရေ..စာလုံးပေါင်း မှန်အောင်ပေါင်းဟ…ပြန်ကျားရေးဂျပုကျော်ဆန်းက စာပေကင်ပေတိုင်မှူး မရဲတရဲတင့်ဆွေကနေ တဆင့် ချပေးတဲ့အတိုင်း မပြင်ရဲလို့ ဤသည်မရွေး တင်တာလည်း တင်တာပေါ့…စာလုံးပေါင်းလောက်တော့ ပြင်ရဲအောင် ပြင်စမ်းပါ..ခင်ဗျားလည်း စာနယ်ဇင်းလောကမှာ ၀ါးလာတာ မော်ဒယ်တွေလည်း ကုန်ပြီ…အဲလေ အရိုးတွေလည်း ရင့်နေပြီ)။ အကြပ်အတည်းများ မည်မျှပင်ရှိစေကာမှု လက်ရှိ မသာပေါ်တော့မည့် စစ်အုပ်စု၏ ပုံဖေါ်ဆောင်ရွက်နေသော ပလီပလာဝေစီ နိုင်ငံတော်ညစ်ကို မိမိအသွင်စရိုက်နှင့် ကိုက်ညီအောင် မဖြစ်ဖြစ်အောင် လျှောက်လုပ်သွားမည် ဖြစ်ပါသည်။ ချေးပုံကြားထဲမှ လူးလွန့်တက်လာသော အညွှန့်မှာ ယင်တလောင်းလောင်းဖြင့် နံဆဲ ဟောင်မြဲ ဖြစ်နေပါသည်။

ဒါကို မနာလို မရှုစိမ့် ဖြစ်နေသော ပြည်တွင်းမှ မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီးထိုးဖေါက်ရန် ကြံရွယ်နေသော လက်ကိုင်ဒုတ်၊ ဘောမများမှ နအဖမျက်နှာပေးမှုများကို မျှော်ကိုးပြီး တပြည်လုံး ဖွတ်ကျောပြာစု ဖြစ်အောင် ဆောင်ရွက်သွားမှာ ဧကန်မလွဲပေ။ ထို့ကဲ့သို့ တိုင်းပြည် ဖွတ်တက်မွဲတေရန် ၀ိုင်းဝန်းဘေးတီး၊ ဖား လျက်နေမည့် အစား (M) ကို(W) အဖြစ် မြင်သော တဇောက်ကန်းအမြင်များဖြင့် နိုင်ငံရေးအဖားစကားများ တွင်တွင်ပြောနေသမျှ မိမိ အသိုင်းအ၀န်း၏ စီးပွားရေး လုပ်ငန်းများတွင် များစွာ ကြောက်လန့်နေရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် မိမိတို့၏ အကျိုးစီးပွား ၊ နိုင်ငံနှင့် သက်ဆိုင်သည့် အမျိုးသား အကျိုးင်္စီးပွားအား ဆောင်ရွက်ရာတွင် နိုင်ငံရေး စကားများ မပြောပါ။ တစ်ယောက်တစ်ပေါက်မရှိပါ။ (သာဂိနွားတို့ပဲ အပေါက်ပိုပါ ပါသည်။) (မန်းနီး) ဆိုရင် (ဒေါ်လာ) ပဲမြင် ကြပြီး (ယွမ်ငွေလဲ) လို့ ငါတကောအမြင်မျိုးများ အပင်ဒဆို့ပြီး မျက်နှာလိုအားရ၊ သခင်အားရ ကျွန်ပါးဝ လုပ်ငန်းများကို ကျိုးစားဆောင်ရွက်ခြင်းများကြောင့် ရဟန်းရှင်လူပြည်သူများ၊ သံသရာဝဋ္ဋ်နှင့် ငရဲတို့က နေမည်မဟုတ်ကြောင်း သတိပေးအပ်ပါသည်။

မြန်မာနိုင်ငံတွင် ရဟန်ရှင်လူပြည်သူများ သန်းနှင့်ချီရှိကာ မြန်မာပြည်သူများထဲ တွင် (ငရဲ) ကို (ရွှေပန်း) အမြင်မျိုး မြင်သူအလိုတော်ရိများမှ တစ်ယောက်တစ်ပေါက် ပြောကြားနေပြီး အမျိုးမျိုး လိမ်ညာကာ အဖားဇာတ်များ ထခင်းနေသမျှ မိမိမယားငယ်ပတ်ဝန်းကျင် ၏စီးပွားရေးလည်း ထိခိုက်ပါသည်။ ၄င်းအပြင် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အမျိုးသားသူခိုးစီးပွားရေး တို့တွင်လည်း အထက်မှ သေခါနီးကြီးများမှ မည်မျှပင် အားစိုက်ခွန်စိုက် ခိုးစားနေကာမူ မွဲတေမှုများ အတိုင်းအတာ တစ်ခု အထိ မြန်ဆန်နေမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံ ဖွတ်ကျောပြာစုမွဲတေသော ကလီကမာ နိုင်ငံတော်ညစ်ကြီး ဖြစ်ဖို့ရာ တာဝန်ရှိသူများမှ တွန်းပို့နေခြင်းအပေါ် ဝေစုခွဲ အရိုးကိုက်ခြင်းများအား ရှောင်ရှားပြီး မိမိတိုင်းပြည်ကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မိမိ မိသားစု အသိုင်းအ၀ိုင်း စီးပွားရေး တသံတရာလုံးရေစုန်မမျောစေရန်၊ ပြည်သူ့ခုံရုံးမှာ အဆုံးအစီရင်မခံရစေရန် အတွက် ကမျောက်ကချောက်စကား မဆိုဘဲ မိမိ စီးပွားရေး အား ဇောက်ချလုပ်ကိုင်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

သာသနာတော်သန့်ရှင်းရေးသို့

(ငရဲပြည်အတွက် အမြဲနေထိုင်ခွင့် ဂရင်းကတ် ရပြီးတဲ့ သာဂိနွား၏ ဇောက်ထီးဖြစ်အောင်ရေးထားသော သာသနာတော်သန့်ရှင်းရေးသို့ ဟူသော မဟုတ်ကဟုတ်ကစာနှင့် တွဲ၍ဖတ်။)

အားလုံး သိတဲ့အတိုင်းပဲ ဘွဲ့တံဆိပ်တော်တွေပေးဝယ်၊ ဒါတွေရအောင် နအဖကို အခါတော်ပေးထားတဲ့ စွမ်းအားရှင် ခင်ကြီးအချို့နဲ့ ဘုန်းဂျီးလူထွက်
မောင်အံ့(ခေါ်)အံ့မောင်(ဘုံဘေ)တို့ဟာ နိုင်ငံတော်အတွင်းမှာ အထွေထွေအကြပ်အတည်းက လွတ်မြောက်ဖို့အတွက် ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသား၊ နိုင်ငံရေးလှုပ်ရှားသူ နဲ့ အနုပညာရှင်များကပါ မလွှဲမရှောင်သာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်တဲ့ အခါ အချို့ခင်ကြီး၊ ဘုန်းဂျီးတွေဖြစ်တဲ့ နအဖ စွမ်းအားရှင်များအဖြစ် ဇာတိပြ ပေါ်ထွက်လာတာကတော့ (၁)။ ဦးတေဇောဘာသ၊ အလယ်တိုက်၊ ပခုက္ကူမြို့။(မေတ္တာပို့သံဃာတော်များကို ၀င်ရောက်ဖမ်းဆီးသူ)။ (၂)။ ဦးကောသလ္လ၊ စံပြကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် (မေတ္တာပို့သံဃာတော်များအား ရွှေတိဂုံစေတီသို့မတက်ရန်တားမြစ်သူ)။ (၃)။ ဦးဇောတိပါလ၊ ကြခတ်ဝိုင်းဆရာတော်၊ ပဲခူးမြို့။ (သားသုံးသားရှင်းလင်းရန် နအဖအား အကြံပေးသူ)။ (၄)။ ဦးသီလ၀ံသ၊ ၀န်းသိုကျောင်းဆရာတော်၊ မြစ်ကြီးနားမြို့။ (ကျောင်းတိုက်ရှိ မေတ္တာပို့သံဃာတော်များကို နှင်ထုပ်သူ)။ (၅)။ ဦးပညာဝံသ၊ ရန်ကင်းကျောင်း၊ မုံရွာမြို့။(တိုင်းမှူးလှူသောပစ္စည်းမျာကို အလှူခံကာ ပတ္တနိကုဇ္ဖနကံဆောင်သံဃာ တော်များကို ပျက်ရယ်ပြုပြီး သံဃာတော်များကို နှင်ထုတ်သူ)။ (၆)။ ဇောတိကကျောင်းဆရာတော်၊ မုံရွာမြို့။ (မေတ္တာပို့ခဲ့ကြသော မိမိတို့ကျောင်းတိုက်မှ သံဃာတော်များကို နှင်ထုတ်သူ)။ (၇)။ ဦးဣန္ဒက၊ ညောင်ကန်အေးကျောင်းတိုက်၊ အင်းစိန်၊ ရန်ကုန်။ (သံဃာတော်များအား နအဖက ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်တာ နိုင်ငံခြား သတင်းဌာနတွေက ကြေငြာသလိုမဟုတ်ဘူး၊ သံဃာတော်တွေဟာ ပုံမှန်အ တိုင်းသီတင်းသုံးနေကြပါတယ်ဟု နအဖအသံယောင်လိုက် သတင်းလွှင့်သူ)။ (၈)။ ကုဏ္ဍလာဇောတိ၊ ဇောတိကာရုံကျောင်းတိုက်၊ ပြည်မြို့။ (စိုးဝင်းအသုဘသို့ ကြွရောက်ခဲ့သောဆရာတော်)။ (၉)။ ဦးသြသဓါဘိဝံသ၊ ပုဏ္ဏာရာမကျောင်းတိုက်၊ ညောင်တုန်းမြို့။ (စိုးဝင်းအသုဘ ကြွရောက်ခဲ့သော ဆရာတော်) (၁၀)။ ဘဒ္ဒန္တဇောတိက၊ရန်ကုန်တိုင်းသံဃာနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌဒေါပုံမြို့နယ်၊သာသနာအလင်းရောင်ကျောင်းတိုက်ဆရာတော်
(၁၁)။ ဘဒ္ဒန္တဇယသေန၊ ရန်ကုန်တိုင်း၊ သံဃာနာယကအဖွဲ့(မူလဒွါရ)ဥက္ကဋ္ဌစမ်းချောင်းမြို့နယ် ဂန္ဓာရုံကျောင်းတိုက် ဆရာတော်။ (၁၂)။ ဘဒ္ဒန္တပညောဘာသ၊ရန်ကုန်တိုင်း၊ သံဃနာယကအဖွဲ့ (ဝေဠုဝန်)ဥက္ကဋ္ဌ စမ်းချောင်းမြို့နယ်၊ ဘီးလင်းကျောင်းတိုက်ဆရာတော်။ (၁၃)။ ဘဒ္ဒန္တအာဒိစ္စ၀ံသ၊ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ ဒလမြို့နယ် လယ်ကိုင်းကျောင်းတိုက် ဆရာတော် တို့ဖြစ်ကြတဲ့ အကြောင်းကို သိလိုက်ရတော့ ကျနော် ဖတ်လိုက်ရတဲ့ မျိုးဝတီရေးတဲ့ `တရားခံတွေသိဖို့လိုပြီ´ ဆောင်းပါးထဲက စာတွေကို သတိရလိုက်မိတယ်။ စာကိုတော့ အကုန်လုံး ဖော်ပြလိုက်ပါတယ်။

နအဖစစ်မိစ္ဆာဝါဒီတို့၏ ရက်စက်ယုတ်မာ လူသားချင်းမစာနာ ဘုရားသားတော် ရှင်ရဟန်းများအပါအ၀င် အပြစ်မဲ့ ပြည်သူတို့အား သတ်ဖြတ်ခဲ့သည်ကို မြန်မာမက ကမ္ဘာကပါ သိခဲ့ပြီ။ မကောင်းမှုမိစ္ဆာကမ္မန္တ မိစ္ဆ၀ါစာများဖြစ်ပေါ်အောင်၊ မိစ္ဆာဒိဋ္ဌိ (မှားယွင်းသောအမြင်)ကအဓိကပါ၊ ယင်းမိစ္ဆာဒိဋ္ဌိဖြစ်ပေါ်မှု၏ အဓိကအကြောင်းယင်းမှာ ရတနာသုံးပါး တန်ဘိုးနားမလည်မှု၊ မှားယွင်းသော ကြံစည်မှု(မိစ္ဆာသင်္ကပ္ပ)သည် အဓိကဖြစ်ပေသည်ဟု ဗုဒ္ဓဟောခဲ့ပါ၏။ ထို့ကြောင့် နအဖ၏ မိစ္ဆာဝါဒီလုပ်ရပ်များကို စီစစ်ကြည့်သော် ဝေးသောအကြောင်းကား မကောင်းသောအကြံအစည်များကို အမြဲပေးလေ့ရှိသော တရုတ်အစိုးရ၏ အားပေးထောက်ခံမှုကိုရခြင်း၊ နီးသောအကြောင်းကား စစ်မိစ္ဆာတို့၏အနီးဝယ် မကောင်းသောအကြံများ ပေးနေသော နိုင်ငံတော်အကြံပေး ဘွဲ့တံဆိပ်ခံ လူမိုက်ကြီးများပင် ဖြစ်ပေသည်။ လူမိုက်ကြီးတစ်ယောက်အကြောင်း လေ့လာကြည့်သော် ဘာသာရေးတိုက်ပွဲတိုင်း၏ နောက်ကွယ်တွင် အမြဲအကြံပေးလေ့ရှိသော တစ်ချိန်က ရဟန်းပညာရှိ၊ လောကုတ်၊ လောကီကျွမ်းကျင်ပါသည်ဆိုသော မောင်အံ့(ခေါ်)အံ့မောင်(ဘုံဘေ)သည် မိစ္ဆာကောင်တို့၏ နောက်ကွယ်မှ အကြံပေးသူဖြစ်သည်။ စာရေးသူ ယင်းပုဂ္ဂိုလ်နှင့် ဆုံခဲ့စဉ်က သူပြောခဲ့သော စကားတစ်ချို့ ကောက်နုတ်ဖော်ပြရသော် ``ကိုယ်တော်တို့ ကိုယ်အပြစ်ကို ကိုယ်ဝန်ခံရဲရတယ်၊ တပည့်တော်ဆို အမျိုးသမီးတစ်ယောက်နှင့် (ယခုလက်ရှိ ဇနီးကိုဆိုလိုဟန်ရှိသည်) ရဟန်းဘ၀နဲ့ ဖောက်ပြန်ခဲ့တယ်၊ ကိုယ်ဝန်နှစ်လရတော့ ကိုယ်အပြစ်ကို ကိုယ်ဝန်ခံတဲ့အနေနဲ့ ဂုဏ်သိက္ခာပညာပါဝါတွေကို အမှုမထား လူဝတ်လဲခဲ့တယ်။ ပြီးနောက် ဦးစိန်လွင် လက်ထက် သာသနာသန့်ရှင်းရေး လုပ်ရာမှာလည်း သရက်တောကျောင်းတိုက်မှ သံဃာတစ်ချို့ကို မိမိကိုယ်တိုင် အကြမ်းဖက်နှိမ်နင်းမှုမှာ ပါဝင်ခဲ့တယ်။´´ အထက်ပါအချက်ကို သုံးသပ်ကြည့်လျှင် မောင်အံ့(ခေါ်)အံ့မောင်၏ ဘုရားအာဏာကို စော်ကားမှု၊ သံဃာကို စော်ကားမှုများသည် ထင်ရှားလှပေသည်။
ယခု နအဖလက်ထက်တွင်လည်း ယင်းပုဂ္ဂိုလ်၏ သာသနာဖျက်ဆီးမှုတစ်ချို့ တင်ပြရသော် စစ်အစိုးရမှ နှစ်စဉ်ချီးမြှင့်သော ဘွဲ့တံဆိပ်တော်များရရှိရေးနှင့်ပတ်သက်၍ မသမာသောငွေကြေးတောင်းခံမှုများရှိခြင်း၊ ယခု ပစ္စက္ခဖြစ်ပွားခဲ့သော ရဟန်းပြည်သူတို့၏ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတွင် ရဟန်းတော်များကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်ရန် စီစဉ်အကြံပေးမှုများမှာလည်း ထိုပုဂ္ဂိုလ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ အထက်ဖော်ပြချက်များအရလည်းကောင်း၊ လက်ရှိအခြေအနေအရလည်းကောင်း မိစ္ဆာဝါဒီတို့ကို မိစ္ဆာဒိဋ္ဌိဖြစ်အောင် ပြုသူသည် မိစ္ဆာသင်္ကပ္ပသမား အံ့မောင်(နိုင်ငံတော်အကြံပေး)သာဖြစ်ဖွယ်ရှိသည်။ ညောင်ကန်အေးဆရာတော်ကြီးကိုလည်း လက်ရှိဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှုများ၊ နှိပ်စက်မှုများနှင့် ပတ်သက်ပြီး ပြည်သူကို လိမ်ညာရန်အလို့ငှာ စာတစ်စောင်ကို အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းသည်ဟု သိရပါသည်။
ထို့ကြောင့် စစ်မိစ္ဆာဝါဒီ နအဖစစ်ခွေးတို့၏ နောက်ကွယ်မှ ကြိုးကိုင်နေသော တရားခံအစစ်များကို မိမိတို့ ၀ိဘဇ္ဇဥာဏ်လက်နက်နှင့် ထိုးနှက်တိုက်စစ်ဆင်နိုင်ကြပါစေ။ ။

မျိုးဝတီ

ဒီလို စာမှာ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ဗုဒ္ဓ သာသနာတော်ရဲ့ ဂုဏ်ကျက်သရေ ညှိုးမှိန်စေရန်၊ နအဖ ဆက်မြဲပြီး ဂုတ်သွေးစုပ်စေရန် လုပ်ကြံဖန်တီးတဲ့အတွက် သာသနာတော် ထိခိုက်ပြီး ပြည်သူမှာလည်း ထိခိုက် နစ်နာခဲ့ရတာကို အကျယ် မပြောလိုတော့ပါဘူး။

နိုင်ငံတော် စွမ်းအားရှင် ခင်ကြီးများကလည်း ဘုန်းကြီးဖြစ်တဲ့ အနေနဲ့ မြတ်စွာ ဘုရားရဲ့ ၀ိနည်းတော်၊ သံဃာအား ဘုရားမလွန်သာဆိုသည့်အတိုင်း သံဃာထုရဲ့ ဆန္ဒနဲ့ ပြည်သူအများရဲ့ တောင့်တမူစတဲ့ ကိစ္စသုံးရပ်ကို ဂရုပြု ငဲ့ညှာရမှာ ဖြစ်ပြီး သန်းရွှေအလိုကျ၊ နအဖ သက်ဆိုးရှည်အောင် အားပေးအားမြှောက်လုပ်နေပါက ငရဲသို့ ဗီဇာမလိုပဲရောက်နိုင်ကြောင်း ၊ နအဖက အကြမ်းဖက်နှိမ်နင်းခဲ့စဉ် ကာလအတွင်း တာဝန်ရှိသူများရဲ့ ဖမ်းဆီးထောင်ချမူများနဲ့ သာသနာတော် ဖျက်ဆီးရေးအတွက် သပ်လျှို သံဃာသင်းခွဲမှု များဟာ သာသနာဖျက်ရာ ရောက်ကြောင်း သတိပေးပီး ဖြစ်ပါတယ်။

မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ခင်ဗျား... သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ကြိုးစား ဆောင်ရွက်ပေးစေ လိုပါတယ်။ သံဃာနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ပါက အောင်မြင်မည်မှာ မလွဲ ဧကန် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ်။

Thursday, October 18, 2007

လူအပေါင်းအရေးကောင်းချိန်မှာ ခွေးဟောင်သံကြောင့်လန့်လန့်ဖြန့်ဖြန့်

(သာဂိနွားရေး `စိန်ကောင်း ကျောက်ကောင်း ရောင်းနေချိန်တွင် ဆေးရိုးသည်က ကန့်လန်´ ဆိုသော သတ်ပုံပင် မှန်အောင်မပေါင်းတတ်သည့် နွားဝဲစား၏ စာနှင့် တွဲ၍ဖတ်၊ ရှုရှုးထွက်အောင် ရီရမည်။)


အချိန်ကောင်းအခါကောင်း ဗိုလချုပ်ဂျိုကုပ်ကြီးများပြုတ်ကျရေး တော်လှန်ရေးလုပ်နေချိန်တွင် ဖင်ယား ဖင်လျက်ဖြစ်သော ခေတ်ပျက်သူဌေးဖြစ်ချင်၊ ခွေးရာဝင်ချင်သူများမှ သမိုင်းပေးတော်လှန်ရေးထမ်းဆောင်နေသော ရဟန်းရှင်လူများအကြား ၄င်း၏ ပထွေးအောင်သောင်းထံမှ ဆိုင်ကယ် ဖြန့်ချီခွင့်ရရေး၊ မအေပေးထားရသော ဂျပုကျော်ဆန်းထံမှ ကားပါမစ်၊ အထွေထွေထုတ်ဝေခွင့်ကတ်ရရှိရေးအတွက် ကိုယ့်သဘောနှင့်ကို ဖားချင်လှသောကြောင့် ခွေးတစ်ကောင်ပမာ ရဟန်းရှင်လူပြည်သူအပေါင်းကို ဘလော့ဂ်ပေါ်တက်လှည့်ဟောင်နေခြင်းကို အကြောင်းပြုပြီး မြန်မာ ဘလော့ဂ်စကားပုံတွင် `လူအပေါင်းအရေးကောင်းချိန်မှာ ခွေးဟောင်သံကြောင့် လန့်လန့်ဖြန့်ဖြန့်´ ဆိုပြီး စကားပုံ တစ်ခုပေါ်ပေါက်လာပါသည်။

ထိုနည်းတူစွာပင် မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်ပြီး၊ ဖြစ်ပေါ်ဆဲသော သံဃာလှုပ်ရှားမှုများအား နိုင်ငံရေးခွက်စောင်းခုတ်ပြီး ၄င်းတို့လိုရာဆွဲကာ `ဆန့်ကျင်ဖက်(ပြည်ဖျက်) နိုင်ငံရေးအင်အားစုများမှ ပြည်သူလူထုအတွင်းတည်ငြိမ်မျှုများ ပျက်ပြားအောင် ဆောင်ရွက်သွားခဲ့ပါသည်´ဟု ဆင်သေကို ဆိတ်သရေနှင့်ဖုံးကာ မိုးကြိုးပစ်မှ ဖင်ဘူးထောင်ပြီး ကာချင်၍ အရပ်တကာလှည့်ဟောင်နေပါသည်။ အဆိုပါ လှည့်ဟောင်ချက်များအား သင်းတို့ပထွေးများမှ သွေးထိုး၊ ရေတိုက်၊ ထညက်ခဲ ကြွေးပြီးသကာလ ပြည်တွင်းပြည်ပ၌ နေထိုင်သော ကမ္ဘာအ၀ှမ်း ရှိ နိုင်ငံတကာမှ ပြည်သူလူထုများသည် အင်အားထောင်ချီ သောင်းချီပြီး ပြည်သူလုထု၏ဆန္ဒ အစစ်အမှန်များအား ဖေါ်ထုတ်ပွဲအား နိုင်ငံတကာရှိ စစ်ခွေးတို့၏သံရုံးများ၊ စစ်ခွေးတို့၏ သခင် တရုတ်သံရုံးများရှေ့၌ ပြုလုပ်လျှက် ရှိနေပါသည်။

အဆိုပါ ကမ္ဘာနှင့်အ၀ှမ်း ပြည်သူလူထုဆန္ဒ အစစ်အမှန် ဖေါ်ထုတ်ပွဲများအား နိုင်ငံတကာအတိုင်းအတာ တက်ကြွတာဝန်သိစွာ ဆင်နွဲနေချိန်တွင် တိုင်းပြည် ဖျက်မည့် နိုင်ငံတော်သွေးလွှမ်း မသာပေါ်ရေးနှင့် ဖွင့်ခိုးရေးကောင်စီ အဖွဲ့ဝင်များ၊ ကြံ့ဖွတ်၊ စွမ်းအားမရှိသော ဖမ်းအားရှင်ထဲမှ အကုန်လုံးသော စိတ်ဓါတ်မမှန်သော (ကျပ်မပြည့်သော၊ ဂေါက်နေသော၊ သန္ဓေမမှန်သော) ခွေးအကုန်လုံးက ကြောင်တောင်တောင် ၀င်ရောက် နှောက်ယှက်ခြင်းများရှိခဲ့သည်။

သာဓက အားဖြင့် စင်ကာပူနိုင်ငံ စစ်ခွေးသံရုံးရှေ့၌ စင်ကာပူရောက်မြန်မာများ နိုင်ငံရေးလှုပ်ရှားသူနှင့် ကျောင်းသားကျောင်းသူများမှ စုစုပေါင်းအင်အား မရေမတွက်နိုင်တို့သည် နအဖပြုတ်ကျရေး၊ တိုင်းရင်းသား ရဟန်းရှင်လူများကို နှိပ်စက်သတ်ဖြတ်နေမှုရပ်တန့်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြမှုများ ဆောင်ရွက်နေချိန်တွင် စင်ကာပူရဲများအား ဆန္ဒပြသူများကို မှတ်တမ်းတင်၊ တက်ရောက်နေသည့် တက္ကသိုလ်၊ နေရပ်တို့ကို စုံစမ်း၊ ကွန်ပျူတာတွေလာသိမ်း၊ Pass Word တွေတောင်း၊ ရည်းစားပုံထည့်ထားသည့်စီဒီတွေပါသိမ်း၊ (ဟုတ်တယ်မဟုတ်လား..ညီမလေး လင်းလက်ကြယ်စင်ရယ်...ပြောပြလိုက်စမ်း)၊ စစ်ခွေးသံရုံးကို သတင်းပို့၊ စစ်ခွေးသံရုံးဝန်ထမ်းတွေကလည်း ဆန္ဒပြသူတွေကို မှတ်တမ်းတင် ဓာတ်ပုံ ဗီဒီယိုတွေရိုက်၊ ဗိုလချုပ်ဂျိုကုတ်တွေကို သံတော်ဦးတင်၊ ပြန်လာရင်လေဆိပ်မှာ တိုက်စစ်ပြီး ဖမ်းပစ်မယ်၊ ဘာလုပ်မယ် အမြီးကုပ်ကာ ခြိမ်းခြောက်ခြင်းများဆောင်ရွက်နေသည်မှာ လူတွေ ဘလော့ဂ်ဖွင့်ပြီးတော်လှန်ရေးလုပ်နေတာကို မျက်စေ့နောက်နေသော ခွေးဝဲစားက ဟောင်သကဲ့သို့ တ၀ုန်းဝုန်းနှင့် သာဂီနွယ်၊ နေလင်းကြောင်၊ ဇော်မျိုး၊ န.အာ.ဖ တို့က ဟောင်နေပါသည်။ နိုင်ငံတကာမှ ဘလော်ဂါများက ၀ိုင်းဝန်းသမ၊ မေတ္တာဖြင့်ဖနောင့်နှင့်ပေါက်သောအခါ အနှီ အေရိုး ခွေးဝဲစားလေးများမှာ တ၀ုတ်ဝုတ်ပင် မအော်နိုင်ဘဲ တကိန်ကိန်နှင့် ဟောင်သံများတိမ်ဝင်သွားပါသည်။

ခေါင်းစီး ပါသာဓက နှင့် သာ ခိုင်းနှိုင်းခြင်ပါသည်။

ဒီထက်ပိုပြီး တင်စားရပါက -------------

Sunday, October 14, 2007

နိုင်ငံရေးသည် အပြေးဖားစရာမဟုတ်

(ဒီအဖားဇာတ်ကို သာဂီနွယ်၏

ဤဖားလုံးဖြင့် တွဲ၍ဖတ် )


နိုင်ငံရေး လုပ်ရာတွင် ဆရာ အာပလာကြီး ပြောဖူးသော စကားတစ်ခွန်း ရှိပါသည်။ ဖျံအစစ် နှင့် ဖျံအတု ခွဲခြားခြင်းပင် ဖြစ်ပါသည်။ (မဟုတ်လျှင် ဖျံသို အင်မိမှာစိုးလို့)။ No Sex ဖြစ်တတ်သည်။ စားခွက်လုပြီး ပွဲလန့်သည့်အလစ်အငိုက် ကို ရယူပြီး ဖျာခင်းနိုင်ခြင်း ဖြစ်ပါသည်။

ဖျံသိုသည် သိသာထင်ရှား ပါသည်။ ဒီကောင်တော့ ဖျံမနဲ့ပလူးပြီဆိုရင်၊ ဖျံထီးမှန်း လူသိသွားပါက ဖျံသို ခပ်စစ်စစ် ဖြစ်ပါသည်။ ဖျံသိုသည် လူသုံးများပါသည်။ (သာဂီနွယ်လည်း သုံးပါသည်။)

ယခုလည်းကြည့်ပါ။ မြန်မာ့နိုင်ငံရေးဇတ်ခုံတွင် သူ့ထက်ငါငဖားများအား နဖားထိုးရေး အားဆေးများ ရောထည့်ကာ အနှိပ်ခန်းအမြဲသွားကြသော MK မှ၊ ဖော်လံဖားမီဒီယာမှ အလံရှုးများ နှင့် နောက်လိုက်နောက်ပါ တစ်စုသည် လက်ရှိ တပ်မတော်အစိုးရအား အမျိုးမျိုးဖားကာ သံကောင်းဟစ်မူများ ဖန်တီးသွားသော်လည်း လူထု၏တံတွေးခွက်တွင် ပက်လက်မျောသည့် အတွက် အောင်မြင်မှုများမရရှိဘဲ ပြန်ကြားရေးဝန်ကြီး ဂျပုကျော်ဆန်းရှေ့၌သာ ဘာပါမစ်မှ မရဘဲ အငေါက်ခံနေရပါသည်။

ယခုရက်ပိုင်း အတွင်းတွင်လည်း ငဖားများကြောင်တောင်တောင် ဖြစ်ကာ ဆန္ဒပြသည့် ခွေးများ လည်ပင်းမှ ဓါတ်ပုံများ ချိတ်ဆွဲထားတာ ဖြုတ်မည်ဆိုပြီး လိုက်ဖမ်းနေပါသည်။ လူမလုပ်နိုင်တော့ လမ်းဘေးခွေးများနှင့် စားခွက်လုကာ ခွေးကျင့် ခွေးကြံ ကြံစည်နေသော လုပ်ရပ်ဖြစ်ပြီး၊ အောက်တန်းကျသော အဆင့်မရှိ သောဖားကွက်များ ဖေါ်ဆောင်နေသမျှ အဆင့်မရှိသော အပြေးဖားသမားများ ပင်ဖြစ်လာပါမည်။ အဆိုပါအဆင့်မရှိသော အဖားသမားများမှ --------------

ကာမအားတိုးဆေး တောင်းဆိုနေသမျှ ----

ငဖားတို့အား ငဲ့ကွက်သော အားဖြင့် ကြိုင်ကြိုင့် ထမီအောက်သို့ အရင်ဝင်ပြီး နောက်ဖေးပေါက်တက်ရေး အဖားဗေဒ ဘာသာရပ်အား သွားရောက် ၀င်ယူကြရန် တိုက်တွန်းအပ်ပါသည်။
(ဆန္ဒပြမစ္စတာခွေးများထံမှ အတည်ပြုချက်ရယူပြီး။ မစ္စတာမောင်ဒိုင်း)

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။