Showing posts with label သရော်စာဆော်စာ. Show all posts
Showing posts with label သရော်စာဆော်စာ. Show all posts

Wednesday, October 24, 2007

TV ဆင်ဆာ

ဒီဆင်ဆာက ဘာသဘောလည်း မသိဘူး။ ဒီက TV channel တွေမှာပြောပါတယ်။ ကိုရီးယား series တွေမှာဆိုရင် ရည်းစားတွေ နမ်းရင် ဖြတ်တယ်။ Lip kiss ဆိုရင်တော့ မပြောနဲ့တော့၊ ပါးကိုနမ်းတာကိုပဲ ဖြတ်တာ။ ကောင်မလေးက ပါးကိုကိုင်ပြီး ရှက်သလိုဖြစ်သွားရင် နမ်းလိုက်လို့ပဲ လို့နားလည်ပေးနေရတယ်။ ဒီ့ထက်ကြောင်တာ ရှိသေးတယ်။ ပါးရိုက်လိုက်ရင် လည်းဖြတ်တယ်။ ဒါလည်း ပါးကိုကိုင်ပြီး နာနေသလိုဖြစ်နေရင် ပါးရိုက်လိုက်လို့ နားလည်ပေးရတယ်။

ကျွန်တော်ထင်တာပြောမယ်နော်။ ကြိုင်ကြိုင်က သန်းရွှေကို တစ်ခါမှ မနမ်းဖူးဘူးတဲ့။ အဲဒါ သန်းရွှေက TVမှာ သူများတွေနမ်းတာမြင်တိုင်း စိတ်နာလို့ TVမှာ နမ်းတာမပြရလို့ အမိန့်ထုတ်ထားတာ။ နောက်ပြီး ကြိုင်ကြိုင်က သန်းရွှေကို တစ်ချိန်လုံး ပါးချနေတာ။ သန်းရွှေက TVမှာ သူများတွေ ပါးချတာ မြင်တိုင်း ရင်နာလွန်းလွန့် ဆိုပြီး TVမှာ ဘယ်သူမှ ပါးမချရလို့ အမိန့်ထုတ်ထားတာဒဲ့။ :D
င်္( http://dathana.blogspot.com/2007/08/blog-post_10.html မှ)

Saturday, October 20, 2007

ဂျိုကုပ်မှူးကြီးတိုင်းခန်းလှည့်လည်ခြင်း

တနေ့ မှာပေါ့ ။ ဘုရင်ရူး ရူးနေတဲ့ ဂျိုကုပ်မှူးကြီးတယောက်ဟာ ရှေးရှေးတုန်းက ဘုရင်တွေကို အားကျပြီး တိုင်းခန်းလှည့်လည်ဖို့ အကြံရသတဲ့။ ဂျိုကုပ်မှူးကြီးက ရှေးဘုရင်တွေလို ရုပ်ဖျက်စရာတော့ မလိုဘူး။ သူ့ ရုပ်က နဂိုကတည်းကပျက်ပြီးသားမို့ လို့  :-D ဘယ်နှယ့်ဗျာ။ မြန်မာပြည်က ကာတွန်းဆရာတွေ၊ရုပ်ပြောင်ရေးတဲ့ဆရာတွေ က ကျုပ်တို့  ဂျိုကုပ်မှူးကြီးကို ခွေးတွေ၊ဝက်တွေ နဲ့ များနှိုင်းရတယ်လို့ ။ ခွေးတွေ၊ ဝက်တွေက အပုံကြီးပိုချောပါတယ်ဗျ။ :-D အဲဒါနဲ့ ခွေးတွေ ၊ဝက်တွေ၊ရှိသမျှအကောင်ပလောင်တွေ အားလုံး မခံမရပ်နိုင်ဖြစ်ပြီးတော့ သူတို့ ကို ဂျိုကုပ်မှူးကြီးနဲ့ မနှိုင်းကြဖို့ စုပြီး တိရစ္ဆာန်များသဘောထားဆိုပြီး ကြေငြာချက်တွေ၊ မေတ္တာရပ်ခံချက်တွေ ထုတ်ကြတယ်ဆိုပဲ။

အဲဒါနဲ့  ဂျိုကုပ်မှူးကြီးတိုင်းခန်းလှည့်လည်ရောဆိုပါတော့။ ဂျိုကုပ်မှူးကြီးတိုင်းခန်းလှည့်လည်တာလဲ ဂျိုကုပ်များရာဇဝင်မှာ စာတင်လောက်တယ်ဗျို့ ။ ပထမ night club တွေကိုချည်း ဗူးခန်းလှည့်လည်၊ အဲလေ…ယောင်လို့ …..တိုင်းခန်းလှည့်လည်တယ်။ နောက်တော့ အနံ့ ထွက်နေတဲ့ model girl တွေဆီကို(သတင်းအနံ့ ကိုပြောတာနော်။ တခြားအနံ့ ဟုတ်ဘူး။ ) တိုင်းခန်းလှည့်လည်တယ်။ ဒါပေမယ့် ဘယ်နေရာကမှ ဂျိုကုပ်မှူးကြီးကို ကောင်းကောင်း မကြိုဆိုကြဘူးတဲ့။ ဂျိုကုပ်မှူးကြီးလဲ ငြီးငွေ့ လာရောဆိုပါတော့။ အဲဒါနဲ့  ပညာရေးဘက်လှည့်ဖို့  ပညာရေးဝန်ကြီး (ခဏခဏ စနစ်တွေ၊ syllabus တွေ ပြင်ပြီး ကျောင်းသားတွေကို ညာနေလို့  ပညာရေးဝန်ကြီးလို့ ခေါ်တာ။) ပညာရေးဝန်ကြီးနဲ့ တိုင်ပင်ပြီးတော့ ကျောင်းတွေဆီကို တိုင်းခန်းလှည့်လည်ဖို့  စိတ်ကူးရသတဲ့။ ဒါပေမယ့် ဂျိုကုပ်ကြီးက သူ့ ကိုယ်သူ သိတယ်။ တက္ကသိုလ်တွေ မပြောနဲ့ ၊ မူလတန်းကျောင်းတောင်မသွားရဲ ဘူး။ သူ့ ကိုကျောင်းသားတွေက ဝိုင်းပြီး ဘေလိုက်ရင် အမြီးတခြားကိုယ်တခြား…အဲလေ…ယောင်လို့ ….ခေါင်းတခြားကိုယ်တခြား ဖြစ်သွားမှာစိုးလို့ မသွားရဲဘူးတဲ့။ အဲဒါနဲ့  မူကြိုကျောင်းကိုပဲ သွားဖို့  ဆုံးဖြတ်လိုက်တယ်တဲ့။ ထုံးစံအတိုင်းပဲ မူကြိုကျောင်းကို ဘယ်နေ့ ဘယ်ရက်ဘယ်နှစ်နာရီ၊ဘယ်နှစ်မိနစ်၊ဘယ်နှစ်စက္ကန့် မှာ ရုတ်တရက်ရှောင်တခင် အမှတ်အထင် ဝင်စစ်ဆေးမယ်ဆိုတာ အတိအကျ ကြိုတင်သတင်းပေးရတာပေါ့။ အဲဒါနဲ့  မူကြိုကျောင်းက ဖားဖို့ စိတ်စော နေတဲ့ ဆရာမကလည်း ဘုစုခရုလေးတွေနဲ့  ဇာတ်တိုက်လေ့ကျင့်ရတော့တာပေါ့။ “ဂျိုကုပ်မှူးကြီး ချမ်းသာပါစေ" …ဘာညာပေါ့ဗျာ၊) အဲဒီမှာ ဘုစုခရုလေးတစ်ယောက်က သူ့ အိမ်မှာ ကြောင်မကြီးက ကြောင်လေးတွေ မွေးတယ်တဲ့။ ကြောင်လေးတွေက သူခိုးများညီလာခံ က ချမှတ်ထားတဲ့ အခြေယိုင်ဥပဒေကို ထောက်ခံပါတယ်တဲ့။ တကယ် ဂျိုကုပ်မှူးကြီးလာတဲ့နေ့ လည်းရောက်ရော မူကြိုက ဆရာမလေးလည်း ဝမ်းသာအားရနဲ့  ကြောင်လေးတွေ အကြောင်းပြောပြီးဖားတော့တာပေါ့။ ဂျိုကုပ်ကြီးလည်း သူတို့ လုပ်တာ ထောက်ခံမယ့်သူရှိလို့ ဝမ်းသာအားရဖြစ်ပြီးတော့ ဘုစုခရုလေးကို ကိုယ်တိုင်မေးတော့တာပေါ့။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ ဘုစုခရုလေးက “အခု ကြောင်လေးတွေလည်း မထောက်ခံတော့ဘူး။ အဲဒီတုန်းက သူတို့  မွေးကာစ ဆိုတော့ မျက်စေ့ကောင်းကောင်း မပွင့် သေးဘူးလေ။ အခု မျက်စေ့ပွင့်လာပြီ ” တဲ့။ မှတ်ကရော။ ဟုတ်တယ်။ သူတို့ လုပ်သမျှ ပုတ်သင်ညိုတွေကို သွားပြောရင်တောင်မှ ပုတ်သင်ထု တရပ်လုံးကတညီတညွတ်တည်း ခေါင်းခါကြမယ်ထင်တယ်။ (တကယ့် ပုတ်သင်အစစ်တွေကို ပြောတာပါ။ လူ့ ပုတ်သင်တွေမပါဘူး။)

ကောင်းကင်ကို

မှတ်ချက်။ ။ Reader’s digest ထဲက ဟာသတပုဒ်ကို အနည်းငယ်မှီငြမ်းထားပါတယ်။

Friday, October 19, 2007

ပန်ကြားပါသည် (၇) ရက်သားသမီး စိတ်ချမ်းသာဖို့

(တွဲဖတ်ရန် -ပန်ကြားပါသည် စာဖတ်သူများသို့)


ကျွန်တော်လဲ အခုတလော ဘလော့ဂ်မရေးရဲဘူး..ကျောင်းနဲ့ပလက်ဖောင်းကူးပြီး မျောက်သစ်ကိုင်းလွတ်သလို တပ်ပြန်ဖို့ အရေး တွေးကြောက်နေတယ်..တချို့ကတော့ အမြီးထောင်နိုင်ရင် ထောင်ပါအုန်းလို့ပြောတယ်..တချို့ကျတော့လဲ သူတို့ကိုကြောက်သွားလို့ ပြန်မရေးနိုင်တော့ဘူးလို့ ပြောတယ် (အမှန်တွေ မပြောကြပါနဲ့..အမှန်တွေကြားရင် အဖျားဝင်တတ်တဲ့ ရောဂါ ဆိတ်ဗိုလ်မှာ ရှိတယ်)..ဘာလိုပဲဖြစ်ဖြစ် ကျွန်တော်ပြန်ရေးဖို့ မပြောနဲ့ ကိုယ့်ဘလော့ဂ်မှာ လာရေးတဲ့ Comment တွေတောင် မဖတ်ရဲတော့တာတော့ အမှန်ပဲ…(စရေးတုန်းက အခုသူတို့ထောက်ပြထားတာတွေ မတွေးမိလို့ပါ ခမျာ…တက်ချုပ်ကြီး အော်ဒါပေးတဲ့အတိုင်း….အဲလေ…သြ၀ါဒပေးတဲ့အတိုင်း သံယောင်လိုက်တာပါပဲ..။) ကြိတ်စုထားတဲ့ ဒေါ်လာလေး ဘယ်လောက်ရပလဲ ရေနေရတာနဲ့ကို အချိန်ကုန်နေရတယ်ဆိုတော့ ကျန်တာတွေ စိတ်မ၀င်စားနိုင်သေးဘူး..

အဲဒီအချိန်မှာ ကောင်းကောင်းကြီးဆော်ပလော်တီးနေတဲ့သူတွေကလဲ တပုံတခေါင်းကြီးပေါ့.. (အမှန်တော့ ကျနော်နေ့တိုင်း အဆောင်တံခါးပိတ်ပြီး ခိုးဖတ်ပါတယ်။) မခံနိုင်တဲ့သူတွေက ပြန်ပြောကြတယ်…(ဆိတ်ဗိုလ်နေလင်းကြောင်..မင်းဟာမင်း `ခံ´တဲ့။) …ပို့စ်အသစ်တင်ပြီး ပြန်တိုက်ခိုက်လို့ ပြောကျတယ်…(ခင်ဗျားတို့ မြှောက်ပေး..အခု ကျုပ်ခံရတာ ချာလပတ်ကို ရမ်းနေပြီ)….ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော့ဒေါ်လှပြားလောက် ဘယ်အရာမှ အရေးမကြီးဘူး..ယောင်္ကျားဖြစ်ပြီး မိန်းမပါးစပ်တွေလို အပုတ်ချအတင်းပြောလဲ ပြောကျပေါ့……(ကျုပ်က စပြောခဲ့တာ..အခုထိ အဲလိုပဲ..မယုံရင် ဘားမားတူဒေးမှာ သွားဖတ်၊ `ဝေဖန်စာတစ်စောင်´ဆိုလား အဲဒီခေါင်းစဉ်နဲ့ တင်ထားတယ်။ ကျုပ်က ပိုင်အိုးနီးယားပါဗျ…ငှဲ..ငှဲ..) သူတို့တွေက ကျွန်တော့ဖွက်ယူဒေါ်လာလောက် အရေးမကြီးတော့လဲ အိတ်ထောင်ထဲတောင် မထည့်ပါဘူး…..

ကျွန်တော့ကို တိုက်ခိုက်ရမှ ဟမ်ဘာဂါစားလို့ဖြောင့်မယ်ဆိုလဲ ဆက်သာဘီယာနဲ့ မျောချကြတော့..ကျွန်တော်ကတော့ ကိုယ့်အကုသိုလ်နဲ့ကိုယ်၊ ဘ၀ပျက်မဲ့ကိစ္စတွေကို လုပ်မိနေပြီဆိုတော့လဲ ရှေ့တိုးတော့လည်း ထမ်းပိုး နောက်ဆုတ်တော့လည်း သန်းရွှေဒုတ် (ရိုက်တဲ့ ဒုတ်ပြောပါတယ်။) ဆိုတော့ ပြန်ကိုက်မနေတော့ဘူး..စီနီယာတစ်ယောက်ပြောတဲ့ စကားလေး သွားသတိရမိတယ်..လမင်းကြီးကို ခွေးဟောင်တယ်တဲ့..ခွေးသာဟောင်ရင်းနဲ့ သေသွားမယ်.လမင်းကြီးကတော့ ပုံမပျက် လင်းနေအုန်းမှာပဲ….(အဲဒါ မင်းရဲ့ စီနီယာက ပြောတာမဟုတ်ဘူး။ မဃဒေ၀ကျမ်းပြုအကျော် မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဗျာဟဲ့..ငကြောင်ရဲ့…မင်းစီနီယာ ပါးစပ်ကိုများ နတ်စကား ထွက်တယ်မှတ်နေလား..မင်းတို့ အဲဒါခက်တာပေါ့…သန်းရွှေ လေလည်တာလောက်ကို အမြှောက်သံထင်နေတဲ့ ဂျိုကုပ်ကလေးတွေ..မနိုင်ရင် မနိုင်ဘူးပေါ့…စစ်သားပီပီ လက်နက်ချရင်ချတယ်ပေါ့….နောက်ပြီးပြောလိုက်ဦးမယ် အဲဒီ `လမင်းကို ခွေးဟောင်လို့၊ ရွှေလရောင် ပြောင်မပျက်တယ်၊ ထွန်းလျက်ပင်သာ´ ဆိုတဲ့ ကဗျာက စုံမှိတ်ပြီး အော်ချင်ရာ အော်နေတဲ့ မင်းတို့ဖတ်ဖို့ကွဲ့…ကြားလား…နောက်ပြီး ဟိုနောက်ပေါက် ဂျိုယားလေး န.အာ.ဖ ကိုလည်း ပြောလိုက်ဦးမယ်..လေးဖြူတို့ အငဲတို့ မျိုးကြီးတို့ ဆိုတဲ့ သီချင်းတွေက နင်တို့ကို ဆုံးမနေတာ…ဒါပေမဲ့လည်း နွားကို ဂစ်တာတီးပြမိသလို မင်းတို့ကတော့ စကားခေါက်ခက် အ၀င်နက်ပါဘိ…အေးလေ..အ၀င်လည်း နက်လောက်ရောပေါ့..)

အဲဒီလိုပဲ ကျွန်တော်ကတော့ ကိုယ်ခံစရာရှိတာကို လှိမ့်ပိန့်ခံနေတုန်းဆိုတာ ပြောလိုက်ချင်တယ်..ပြောချင်တာတွေ ပြောချင်တိုင်း ပြောနေတဲ့သူတွေကတော့ သူတို့ပြောတဲ့ စကားတွေထဲမှာ သူတို့အဆင့်အတန်းတွေကို ဖော်ပြမှန်းမသိအောင် ပြောဆိုနေကြတာ.. သေချာတွေးကြည့်တော့ ယောင်္ကျားတွေလဲ အတင်းပြော အပုတ်ချတတ်တယ်ဆိုတာတွေ မြင်လိုက်ရသေးတယ်….(ကျနော် နေလင်းကြောင် ထိပ်ကပါပဲ…နိုင်ငံနဲ့ချီပြီး အပုတ်ဆန်အောင် ပြောနေတာ…)

စိတ်တော့မနှံ့တော့ပါဘူး..ဒါကလဲ မွေးရာပါဆိုတော့လဲ ကျနော့်ကို မတားကြပါနဲ့..အဲဒီတော့ အရှုံးပေးပါပြီ..ပြောချင်တဲ့သူတွေ ဆက်ပြောပြီး ထမင်းလေးဝအောင် စားကြတော့…..ကျွန်တော်ကတော့ ဖွက်ယူဒေါ်လာအတွက်ပဲ အငတ်ခံနေတော့တယ်…(ဖွက်ယူဒေါ်လာလို့ ပြောရတာက မဖွက်ရင် အိမ်အပြန် ရုရှလေဆိပ်မှာ သိမ်းလို့ပါ ခမျာ)..အားတဲ့အချိန်လေးတွေမှာတော့ အကူသိုလ်လဲများ၊ စာဖတ်သူလဲ ၀ိုင်းဆဲကြမယ့် ပို့စ်လေးတွေ၊ ကျွန်တော် `နွားလိုက်အော့ဖ်မြန်မာ´တို့၊ `ကြေးမှုန်´တို့က ကူးထားတာလေးတွေ ဖော်ပြပေးသွားမှာပါ..ကျောင်းကနှင်ထားတဲ့ရက်တွေကလိုတော့ အားတိုင်းယားတိုင်းပို့စ်အသစ် မတင်နိုင်တော့တာ (၇) ရက်သားသမီး စိတ်ချမ်းသာဖို့ ဖြစ်တဲ့အကြောင်း ပန်ကြားပါတယ်…

(မင်းရေးတာ ဖတ်ဖတ်ပြီး `ရီချင်တယ် ကြည်ခင်ရယ်´၊ `ရီသေးတယ် ကြည်အေးရယ်´လို့ပဲ ပြောချင်တာပဲ။ မင်း…ဘလော့ဂ်လည်း တစ်ခါ ဖျက်လိုက်ရပြီးပြီ။ ဒါလည်း အမှတ်မရှိဘူး။ အခုထပ်ရေးပြန်တော့လည်း မင်းရဲ့ Comment နဲ့ စီဘောက်တွေမှာ မြင်မှာပေါ့။ Comment အားလုံးအခု ၂၀ ကျော်လောက်ဖတ်တာမှာ မင်းရေးတာ ထောက်ခံတဲ့သူ တစ်ယောက်ပါရင် မင်းစာသင်ဆောင်ပေါ်က ဂျွမ်းသာထိုးချလိုက်။ ခက်တာက အဲဒီ ထောက်ခံပါတယ်ဆိုတဲ့ တစ်ခုကလည်း နအဖ ရဲ့ ထောက်ခံပွဲတွေလို မင်း ကိုယ့်ဘာသာ လံကြုတ်ပြန်ရေးရတာဆိုတော့ ဘယ်ပျော်နိုင်လိမ့်မလဲ။ အားလုံးက ကန့်ကွက် ဆဲဆို ကြိမ်းမောင်းတာနဲ့တင် မင်း အမြီးကုပ်ပြီး ဘလော့လောကကနေ အောင်ဖျာလိပ်သင့်ပြီ။

မင်းကို လာရောက်ပြောပြဆုံးမနေတာ မင်းနဲ့ရွယ်တူတွေတောင်မဟုတ်ပါဘူး။ အရွယ်တူရင်တောင် မင်းထက် ဥာဏ်သက်တော့ ရင့်ကြတယ်။ စွေစောင်းဘလော့ဂ်နဲ့ ဆက်မရေးရဲလည်း အသစ်တစ်ခု လုပ်ပေါ့။

အစတော့ မင်း မျက်နှာများရမလားလို့ နအဖအာဘော်တွေ လျောက်ရေးနေပြီး စကားထဲက ဇာတိပြတာတွေ၊ စကားကျွံပြီးနုတ်မရတာတွေ ဖြစ်တယ်။ အခုတော့ မင်း တပ်ကိုပြန်ရင် မျက်နှာမရပဲ ခြေထောက်ထက်ဆိုးတာ ရတော့မယ်။ မင်းလုပ်တာ၊ ဗရမ်းဗတာ ပြောတာတွေ ရုရှက မြန်မာသံရုံးက၊ နေပြည်တော်စစ်ရုံးချုပ်က မသိဘူးထင်လို့လား။ မင်းလိုဖားချင်တဲ့ကောင် မှင်နီတွေရဲပြီး ဖင်အသားနီလန်ဖို့ပြင်။ နအဖ အာဘော်အတိုင်း၊ ဂျပုကျော်ဆန်းလေအတိုင်း လျှောက်ပြော။ သူတို့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံကပြောနေတာ တဖက်သတ်ဆိုတော့၊ ခွေးတောင် အအိပ်မပျက်သလို ဘယ်သူကိုမှလဲ ရှင်းချက်ပေးစရာမလိုဘူး။ မင်းလည်းပြောရော လာသမျှ၊ ဝေဖန်သမျှ ဘာမှ ပြန်မချေနိုင်၊ ထပ်မပြောနိုင် ဖြစ်တော့တာကိုး။

မင်းသိဖို့ရာက နအဖ ပြောသမျှ သတင်းစာက အီအီးကုံးဖို့လောက် အသုံးဝင်တာ၊ နိုင်ငံတကာ ဘလော့ဂ်စာမျက်နှာပေါ်မျိုးလာတင်လို့ မရဘူး။ မင်းဦးနှောက်ကလည်း နအဖ (နင့်အဖေ) သင်မထားရင် ဘာမှ ပြောတတ်တာမဟုတ်။ မင်းအပါအ၀င် ဇော်မျိုးတို့၊ သာဂိန်တို့၊ န.အာ.ဖ တို့ကို ငါ ရေးရပြောရတာကလည်း နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုတာလို ဖိချည်းထောင်းနေရ၊ ခွေးပိန်လေး ချောင်ပိတ်ကန်နေရသလို တကိန်ကိန်ဖြစ်နေတော့ တခါတလေတော့လည်း သနားတယ်။ ဒါပေမယ့် မချိသွားဖြဲ လာလာလုပ်တော့ နံကြားကန်ပစ်ရတာပဲ။

ကိုယ်လုပ်စရှိတာလုပ်၊ ဗွက်က အချိန်တန်ရင် ရုရှကပေးလိုက်မှာပဲ။ ဒေါ်လာလေးရသလောက်ဖွက်သွား။ အိမ်မက်ဆိုးတွေမက်မနေနဲ့။ တွေးမိပြီး ရင်ပူလာရင် အပြင်ထွက်ပြီး နှင်းလွှာပေါ် မှောက်အိပ်ချေ။)

အားတဲ့အချိန်မှာ ရုရှားမြို့ပြသ ပလက်ဖောင်းအကြောင်းလေး ရေးတင်ပေးပါမယ်..အဖေမပေါ်တဲ့ ကလေးများအတွက် ဗဟုသုတတစ်ခုပေါ့

စွမ်းအားရှင်တို့၊ သာဂိနွားတို့ ဘာကြောင့် ဖားပြီးကြီးပွားနေသလဲ

(သာဂိနွား၏ နှစ်ခါမှားတင်တားသော ဂျပန် နိုင်ငံ ကိုရီးယားနိုင်ငံ တို့ ဘာကြောင့်ကြီးပွားတိုးတက်နေသလဲ နှင့် ယှဉ်၍ဖတ်။)


ကျနော်ငဖား တစ်ယောက်ဖြစ်သော်လည်း တာဝန်သိပြည်သူ တစ်ယောက်မဟုတ်ပါ။ ပုံမှန်ခိုးလောက် ၀ှက်လောက်ရုံနှင့် ကလိမ်ကကျစ်လုပ်နိုင်ရုံလောက်သာ နအဖ အလိုတော်ရိ လက်ကိုင်ဒုတ် တစ်ဦးဖြစ်ပါသည်။ ပါမစ်များလည်း ရရှိပါသည်။ လက်ရှိ မြန်မာနိုင်ငံအား ဖာနိုင်ငံဖြစ်အောင်လုပ်နေသော စစ်အစိုးရအနေဖြင့် ချွေးထွက်စီပွားရေးစနစ်အား ပုံဖေါ် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအား အနောက်နိုင်ငံများမှ ဒီမိုကရေစီ ၀ါဒအား ပုံဖေါ်မည့် ပြည်သူ့အစိုးရ မတက်နိုင်သဖြင့် စီးပွားရေးပိတ်ဆို့မှုမျာအား EU နှင့် အမေရိကန် ပြည်ထောင်စု တို့ကပါ စီင်္းပွားရေးပိတ်ဆို့မှုများကို နှစ်ရှည် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖော်ဆောင်နိုင်အောင် အားရလောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။ လုံးလုံးလျားလျား ထိခိုက်ခြင်း ရှိပြီး စက်ရုံ အလုပ်ရုံများ ပိတ်ရသည့်အတွက် နအဖ ၀ါးတီးခွင်များ ထိခိုက်မှုများရှိ ပါသည်။

ပြည်ပနိုင်ငံကြီးများ၏စီးပွားရေးပိတ်ဆို့မှုများကို အားပေးထောက်ခံနေသော ပြည်တွင်းမှ အတိုက်အခံနိုင်ငံရေး အင်အားစုများသည် လက်ရှိအုစုပ်နေသော အဲလေ..ယောင်လို့..သွေးစုပ်နေသော စစ်အုပ်စုအား အကြပ်အတည်း အမျိုးမျိုးတွေ ရအောင် ပြည့်သူဘဏ္ဌာခိုး ဗိုလချုပ်ကြီးများ စီးပွားရေး ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ရအောင် ဖေါ်ဆောင်နေသည်မှာ သိသာထင်ရှားလှပါသည်။

ယခုရက်ပိုင်းများအတွင်း သံဃာလှုပ်ရှားမှုများအား နိုင်ငံရေးအသွင်ပြောင်းပြီး လူထုလှုပ်ရှားမှု အသွင်အဖြစ် ပုံဖေါ်ဆောင်ရွက်ခြင်းများကြောင့် လက်နက်ရှိ အာဏာ ချိုင်များမှ ပစ်သတ် ခေါင်းရိုက်ခွဲခဲ့ရခြင်းများ ဖမ်းဆီးမှုများအပေါ် ပြစ်တင်ရှုတ်ချသည့် အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း EU မှ ကြေညာခဲ့ပါသည်။ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းမှလည်း မြန်မာနိုင်ငံရေးအား ထိထိရောက်ရောက် ၀င်ရောက်ကိုင်တွယ်မည့် အကြောင်း ကြေညာခဲ့ပါသည်။ (သာဂိနွားရေ..စာလုံးပေါင်း မှန်အောင်ပေါင်းဟ…ပြန်ကျားရေးဂျပုကျော်ဆန်းက စာပေကင်ပေတိုင်မှူး မရဲတရဲတင့်ဆွေကနေ တဆင့် ချပေးတဲ့အတိုင်း မပြင်ရဲလို့ ဤသည်မရွေး တင်တာလည်း တင်တာပေါ့…စာလုံးပေါင်းလောက်တော့ ပြင်ရဲအောင် ပြင်စမ်းပါ..ခင်ဗျားလည်း စာနယ်ဇင်းလောကမှာ ၀ါးလာတာ မော်ဒယ်တွေလည်း ကုန်ပြီ…အဲလေ အရိုးတွေလည်း ရင့်နေပြီ)။ အကြပ်အတည်းများ မည်မျှပင်ရှိစေကာမှု လက်ရှိ မသာပေါ်တော့မည့် စစ်အုပ်စု၏ ပုံဖေါ်ဆောင်ရွက်နေသော ပလီပလာဝေစီ နိုင်ငံတော်ညစ်ကို မိမိအသွင်စရိုက်နှင့် ကိုက်ညီအောင် မဖြစ်ဖြစ်အောင် လျှောက်လုပ်သွားမည် ဖြစ်ပါသည်။ ချေးပုံကြားထဲမှ လူးလွန့်တက်လာသော အညွှန့်မှာ ယင်တလောင်းလောင်းဖြင့် နံဆဲ ဟောင်မြဲ ဖြစ်နေပါသည်။

ဒါကို မနာလို မရှုစိမ့် ဖြစ်နေသော ပြည်တွင်းမှ မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီးထိုးဖေါက်ရန် ကြံရွယ်နေသော လက်ကိုင်ဒုတ်၊ ဘောမများမှ နအဖမျက်နှာပေးမှုများကို မျှော်ကိုးပြီး တပြည်လုံး ဖွတ်ကျောပြာစု ဖြစ်အောင် ဆောင်ရွက်သွားမှာ ဧကန်မလွဲပေ။ ထို့ကဲ့သို့ တိုင်းပြည် ဖွတ်တက်မွဲတေရန် ၀ိုင်းဝန်းဘေးတီး၊ ဖား လျက်နေမည့် အစား (M) ကို(W) အဖြစ် မြင်သော တဇောက်ကန်းအမြင်များဖြင့် နိုင်ငံရေးအဖားစကားများ တွင်တွင်ပြောနေသမျှ မိမိ အသိုင်းအ၀န်း၏ စီးပွားရေး လုပ်ငန်းများတွင် များစွာ ကြောက်လန့်နေရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် မိမိတို့၏ အကျိုးစီးပွား ၊ နိုင်ငံနှင့် သက်ဆိုင်သည့် အမျိုးသား အကျိုးင်္စီးပွားအား ဆောင်ရွက်ရာတွင် နိုင်ငံရေး စကားများ မပြောပါ။ တစ်ယောက်တစ်ပေါက်မရှိပါ။ (သာဂိနွားတို့ပဲ အပေါက်ပိုပါ ပါသည်။) (မန်းနီး) ဆိုရင် (ဒေါ်လာ) ပဲမြင် ကြပြီး (ယွမ်ငွေလဲ) လို့ ငါတကောအမြင်မျိုးများ အပင်ဒဆို့ပြီး မျက်နှာလိုအားရ၊ သခင်အားရ ကျွန်ပါးဝ လုပ်ငန်းများကို ကျိုးစားဆောင်ရွက်ခြင်းများကြောင့် ရဟန်းရှင်လူပြည်သူများ၊ သံသရာဝဋ္ဋ်နှင့် ငရဲတို့က နေမည်မဟုတ်ကြောင်း သတိပေးအပ်ပါသည်။

မြန်မာနိုင်ငံတွင် ရဟန်ရှင်လူပြည်သူများ သန်းနှင့်ချီရှိကာ မြန်မာပြည်သူများထဲ တွင် (ငရဲ) ကို (ရွှေပန်း) အမြင်မျိုး မြင်သူအလိုတော်ရိများမှ တစ်ယောက်တစ်ပေါက် ပြောကြားနေပြီး အမျိုးမျိုး လိမ်ညာကာ အဖားဇာတ်များ ထခင်းနေသမျှ မိမိမယားငယ်ပတ်ဝန်းကျင် ၏စီးပွားရေးလည်း ထိခိုက်ပါသည်။ ၄င်းအပြင် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အမျိုးသားသူခိုးစီးပွားရေး တို့တွင်လည်း အထက်မှ သေခါနီးကြီးများမှ မည်မျှပင် အားစိုက်ခွန်စိုက် ခိုးစားနေကာမူ မွဲတေမှုများ အတိုင်းအတာ တစ်ခု အထိ မြန်ဆန်နေမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံ ဖွတ်ကျောပြာစုမွဲတေသော ကလီကမာ နိုင်ငံတော်ညစ်ကြီး ဖြစ်ဖို့ရာ တာဝန်ရှိသူများမှ တွန်းပို့နေခြင်းအပေါ် ဝေစုခွဲ အရိုးကိုက်ခြင်းများအား ရှောင်ရှားပြီး မိမိတိုင်းပြည်ကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မိမိ မိသားစု အသိုင်းအ၀ိုင်း စီးပွားရေး တသံတရာလုံးရေစုန်မမျောစေရန်၊ ပြည်သူ့ခုံရုံးမှာ အဆုံးအစီရင်မခံရစေရန် အတွက် ကမျောက်ကချောက်စကား မဆိုဘဲ မိမိ စီးပွားရေး အား ဇောက်ချလုပ်ကိုင်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

Thursday, October 18, 2007

လူအပေါင်းအရေးကောင်းချိန်မှာ ခွေးဟောင်သံကြောင့်လန့်လန့်ဖြန့်ဖြန့်

(သာဂိနွားရေး `စိန်ကောင်း ကျောက်ကောင်း ရောင်းနေချိန်တွင် ဆေးရိုးသည်က ကန့်လန်´ ဆိုသော သတ်ပုံပင် မှန်အောင်မပေါင်းတတ်သည့် နွားဝဲစား၏ စာနှင့် တွဲ၍ဖတ်၊ ရှုရှုးထွက်အောင် ရီရမည်။)


အချိန်ကောင်းအခါကောင်း ဗိုလချုပ်ဂျိုကုပ်ကြီးများပြုတ်ကျရေး တော်လှန်ရေးလုပ်နေချိန်တွင် ဖင်ယား ဖင်လျက်ဖြစ်သော ခေတ်ပျက်သူဌေးဖြစ်ချင်၊ ခွေးရာဝင်ချင်သူများမှ သမိုင်းပေးတော်လှန်ရေးထမ်းဆောင်နေသော ရဟန်းရှင်လူများအကြား ၄င်း၏ ပထွေးအောင်သောင်းထံမှ ဆိုင်ကယ် ဖြန့်ချီခွင့်ရရေး၊ မအေပေးထားရသော ဂျပုကျော်ဆန်းထံမှ ကားပါမစ်၊ အထွေထွေထုတ်ဝေခွင့်ကတ်ရရှိရေးအတွက် ကိုယ့်သဘောနှင့်ကို ဖားချင်လှသောကြောင့် ခွေးတစ်ကောင်ပမာ ရဟန်းရှင်လူပြည်သူအပေါင်းကို ဘလော့ဂ်ပေါ်တက်လှည့်ဟောင်နေခြင်းကို အကြောင်းပြုပြီး မြန်မာ ဘလော့ဂ်စကားပုံတွင် `လူအပေါင်းအရေးကောင်းချိန်မှာ ခွေးဟောင်သံကြောင့် လန့်လန့်ဖြန့်ဖြန့်´ ဆိုပြီး စကားပုံ တစ်ခုပေါ်ပေါက်လာပါသည်။

ထိုနည်းတူစွာပင် မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်ပြီး၊ ဖြစ်ပေါ်ဆဲသော သံဃာလှုပ်ရှားမှုများအား နိုင်ငံရေးခွက်စောင်းခုတ်ပြီး ၄င်းတို့လိုရာဆွဲကာ `ဆန့်ကျင်ဖက်(ပြည်ဖျက်) နိုင်ငံရေးအင်အားစုများမှ ပြည်သူလူထုအတွင်းတည်ငြိမ်မျှုများ ပျက်ပြားအောင် ဆောင်ရွက်သွားခဲ့ပါသည်´ဟု ဆင်သေကို ဆိတ်သရေနှင့်ဖုံးကာ မိုးကြိုးပစ်မှ ဖင်ဘူးထောင်ပြီး ကာချင်၍ အရပ်တကာလှည့်ဟောင်နေပါသည်။ အဆိုပါ လှည့်ဟောင်ချက်များအား သင်းတို့ပထွေးများမှ သွေးထိုး၊ ရေတိုက်၊ ထညက်ခဲ ကြွေးပြီးသကာလ ပြည်တွင်းပြည်ပ၌ နေထိုင်သော ကမ္ဘာအ၀ှမ်း ရှိ နိုင်ငံတကာမှ ပြည်သူလူထုများသည် အင်အားထောင်ချီ သောင်းချီပြီး ပြည်သူလုထု၏ဆန္ဒ အစစ်အမှန်များအား ဖေါ်ထုတ်ပွဲအား နိုင်ငံတကာရှိ စစ်ခွေးတို့၏သံရုံးများ၊ စစ်ခွေးတို့၏ သခင် တရုတ်သံရုံးများရှေ့၌ ပြုလုပ်လျှက် ရှိနေပါသည်။

အဆိုပါ ကမ္ဘာနှင့်အ၀ှမ်း ပြည်သူလူထုဆန္ဒ အစစ်အမှန် ဖေါ်ထုတ်ပွဲများအား နိုင်ငံတကာအတိုင်းအတာ တက်ကြွတာဝန်သိစွာ ဆင်နွဲနေချိန်တွင် တိုင်းပြည် ဖျက်မည့် နိုင်ငံတော်သွေးလွှမ်း မသာပေါ်ရေးနှင့် ဖွင့်ခိုးရေးကောင်စီ အဖွဲ့ဝင်များ၊ ကြံ့ဖွတ်၊ စွမ်းအားမရှိသော ဖမ်းအားရှင်ထဲမှ အကုန်လုံးသော စိတ်ဓါတ်မမှန်သော (ကျပ်မပြည့်သော၊ ဂေါက်နေသော၊ သန္ဓေမမှန်သော) ခွေးအကုန်လုံးက ကြောင်တောင်တောင် ၀င်ရောက် နှောက်ယှက်ခြင်းများရှိခဲ့သည်။

သာဓက အားဖြင့် စင်ကာပူနိုင်ငံ စစ်ခွေးသံရုံးရှေ့၌ စင်ကာပူရောက်မြန်မာများ နိုင်ငံရေးလှုပ်ရှားသူနှင့် ကျောင်းသားကျောင်းသူများမှ စုစုပေါင်းအင်အား မရေမတွက်နိုင်တို့သည် နအဖပြုတ်ကျရေး၊ တိုင်းရင်းသား ရဟန်းရှင်လူများကို နှိပ်စက်သတ်ဖြတ်နေမှုရပ်တန့်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြမှုများ ဆောင်ရွက်နေချိန်တွင် စင်ကာပူရဲများအား ဆန္ဒပြသူများကို မှတ်တမ်းတင်၊ တက်ရောက်နေသည့် တက္ကသိုလ်၊ နေရပ်တို့ကို စုံစမ်း၊ ကွန်ပျူတာတွေလာသိမ်း၊ Pass Word တွေတောင်း၊ ရည်းစားပုံထည့်ထားသည့်စီဒီတွေပါသိမ်း၊ (ဟုတ်တယ်မဟုတ်လား..ညီမလေး လင်းလက်ကြယ်စင်ရယ်...ပြောပြလိုက်စမ်း)၊ စစ်ခွေးသံရုံးကို သတင်းပို့၊ စစ်ခွေးသံရုံးဝန်ထမ်းတွေကလည်း ဆန္ဒပြသူတွေကို မှတ်တမ်းတင် ဓာတ်ပုံ ဗီဒီယိုတွေရိုက်၊ ဗိုလချုပ်ဂျိုကုတ်တွေကို သံတော်ဦးတင်၊ ပြန်လာရင်လေဆိပ်မှာ တိုက်စစ်ပြီး ဖမ်းပစ်မယ်၊ ဘာလုပ်မယ် အမြီးကုပ်ကာ ခြိမ်းခြောက်ခြင်းများဆောင်ရွက်နေသည်မှာ လူတွေ ဘလော့ဂ်ဖွင့်ပြီးတော်လှန်ရေးလုပ်နေတာကို မျက်စေ့နောက်နေသော ခွေးဝဲစားက ဟောင်သကဲ့သို့ တ၀ုန်းဝုန်းနှင့် သာဂီနွယ်၊ နေလင်းကြောင်၊ ဇော်မျိုး၊ န.အာ.ဖ တို့က ဟောင်နေပါသည်။ နိုင်ငံတကာမှ ဘလော်ဂါများက ၀ိုင်းဝန်းသမ၊ မေတ္တာဖြင့်ဖနောင့်နှင့်ပေါက်သောအခါ အနှီ အေရိုး ခွေးဝဲစားလေးများမှာ တ၀ုတ်ဝုတ်ပင် မအော်နိုင်ဘဲ တကိန်ကိန်နှင့် ဟောင်သံများတိမ်ဝင်သွားပါသည်။

ခေါင်းစီး ပါသာဓက နှင့် သာ ခိုင်းနှိုင်းခြင်ပါသည်။

ဒီထက်ပိုပြီး တင်စားရပါက -------------

စစ်သင်္ကန်းခြုံတက္ကသိုလ်

နေရာ။ ။ မြန်မာနိုင်ငံ

အချိန်ကာလ။ ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသောသံဃာတော်များကို စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲပြီးသကာလ။

ဇာတ်ကောင်။ ။ ဂျိုကုပ်ကြီးများ (အဲ…နွားလောက မီဒီယာတွေမှာတော့ ဒင်း(ဗိုလ်ချုပ်ကြီးတွေ) တို့ ကို သူတို့ နဲ့ နှိုင်းရကောင်းလားဆိုပြီး နွားတွေကနာပြီးတော့ ကျွန်တော့် ကို စာလုံးအမည်းကြီးတွေနဲ့  အကြီးအကျယ် ရှုတ်ချနေမလားပဲ။) :-D

ဂျိုကုပ်ကြီးများ သူတို့ ကုလားထိုင်လှုပ်လာလို့  တကိုယ်လုံးက ရှိသမျှ အင်္ဂါတွေတုန်အောင်ကြောက်ပြီး တိုးတိုးတိတ်တိတ် အစည်းအဝေးလုပ်ကြပါတယ်။

ဂျိုကုပ်ရူး အဲလေ ဂျိုကုပ်မှုးကြီး။ ။ငါတို့ ရဲ့  မီဒီယာ ကို ပလီပလာ နဲ့ …အဲ… မီဒီိယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အစီအစဉ် မအောင်မြင်ပါလား။

ဂျိုကုပ်ကြီးတဦး။ ။ မပူပါနဲ့  ဂျိုကုပ်မှုးကြီးရဲ့ ၊ အဲဒီအစီအစဉ်မအောင်မြင်လို့  ပုဂံနတ် (bagannet) ကြီးကို အနားယူခိုင်းထားပါတယ်။ ခုဆို ပုဂံနတ် (bagannet) ကြီး နတ်ပြည်မှာ အေးအေးဆေးဆေးနှပ်နေရောပေါ့ ။ခုဆို လူတွေကြားထဲမှာ စကားပုံတခုခောတ်စားနေတယ်။ “internet ရတဲ့ ခဏဒုလ္လဘ၊ မီးလာတဲ့ ခဏဒုလ္လဘတဲ့”

ဂျိုကုပ်မှူးကြီး။ ။အေးဗျာ။ ဟိုရက်တွေကဆို ကျုပ်ဖြင့် ဆက်ဒမ်ဟူစိန်ကြီး လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေနေတဲ့ပုံကြီးပဲ မြင်ယောင်ပြီးအိပ်လို့ မပျော်ဘူး။ ပေါင်ချိန်ကြည့် လိုက်တာ ၀.၃၆၂၁ ပေါင်တိတိ လျော့သွားတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦးမှ။တော်ကြာလူသတ်ဖို့ အမိန့် မပေးနိုင်ပဲ နေဦးမယ်။ ဒါနဲ့ နေပါဦး။ ဘုန်းကြီးကျောင်းတွေကို ဝင်စီးတဲ့ ကိစ္စကော ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ကြရဲ့ လား။ ဘုန်းကြီးတွေက စွမ်းတယ်ဗျာ။ သတ္တိလဲ ရှိကြတယ်။ နောက်လဲ ပြည်သူတွေကို ကျုပ်တို့ ရက်ရက်စက်စက် လုပ်ရင် ဘုန်းကြီးတွေကငြိမ်ခံနေမှာ မဟုတ်ဘူး။ ဘယ်လို လုပ်ရမလဲ။ အကြံပေးကြစမ်းပါဦး။ ကျုပ်တို့ တော့ ကိုယ်ကျိုးနည်းပြီနဲ့  တူပါတယ်။

ဂျိုကုပ်ကြီးတတွေ ပြောရင်းဆိုရင်းနဲ့ ရုတ်တရက်ကြောက်ဒူးတုန်သွားပြီး အစည်းအဝေးအခန်းကြီးတခုလုံးတိတ်သွားတယ်။ အဲဒီ့ အချိန်မှာ ခပ်ဂေါက်ဂေါက် အကြံဥာဏ်တွေ အမြဲတမ်းပေးလေ့ရှိတဲ့  ဂျိုကုပ်ကြီးတယောက် က ထတဲ့ပြီး “လွယ်ပါတယ်၊ဂျိုကုပ်ကြီး ၊ ခုဆိုရင် ကျုပ်တို့ တွေ ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ သပိတ်မှောက်မှာ မပူရတော့ဘူး။ ကျုပ်တို့ မှာ စစ်ဆေးတက္ကသိုလ်၊စစ်အင်ဂျင်နီယာတက္ကသိုလ်တွေရှိပြီလေ။ ခုလဲ ကျုပ်တို့  စစ်သံဃာ့တက္ကလိုလ်ဆို ပြီ်းဖွင့်လိုက်ကြတာပေါ့ ဂျိုကုပ်ကြီးရဲ့ ။ ဝင်ခွင့် အရည်အချင်းက တခြားဘာမှမလိုဘူး။ကျုပ်တို့ ဂျိုကုပ်မျိုးနွယ်ပဲ ဖြစ်ရမယ်။မကောင်းဘူးလား၊” လို့ ပြောလိုက်တယ်။ အဲဒီ့ မှာ ခပ်ဂေါက်ဂေါက် idea ကို ခပ်ဂေါက်ဂေါက် ဂျိုကုပ်ကြီးတွေရဲ့ ထောက်ခံသံတွေ၊ ငှက်ဆိုးထိုးသလို ရယ်သံကြီးတွေနဲ့  အစည်းဝေးအခန်းကြီးတခုလုံး ဆူညံသွားပါတော့တယ်။

ကောင်းကင်ကို

http://kaungkinko.blogspot.com/

ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြသော သံဃာ့ အာဇာနည်များအား ရှိခိုးလိုက်ပါ၏ဘုရား။

ခေတ်သစ်သတင်းစာပညာ

အယ်ဒီတာပေါက်စတယောက်ငိုက်စိုက်ငိုက်စိုက်နဲ့ ဆရာကြီးအာလူးဆီကိုရောက်လာတယ်။(သတင်းစာထဲက ပေါက်ကရဆောင်းပါးတွေရေးတဲ့ ပေါက်စကိုပြောတာမဟုတ်ဘူးနော်၊ ဝါနုသေးတဲ့ အယ်ဒီတာမို့ လို့ အယ်ဒီတာပေါက်စလို့ ပြောတာ) :-D

ဆရာကြီးအာလူး။ ။ “ဟေ့လူ၊ ခင်ဗျားကြည့်ရတာ စိတ်မချမ်းသာလိုက်တာ။ တခုခုကို စိုးရိမ်နေသလိုပဲ...”

အယ်ဒီတာ။ ။ “အေးဗျာ၊ အယ်ဒီတာလုပ်ရတာလည်း မစားသာဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တနေ့ တခြား ရွံရွံလာပြီ။ စိစစ်ရေးဝင်ရင်လည်း မိုက်မိုက်ရိုင်းရိုင်း အဆဲခံရသေးတယ်။ ဟိုဟာ မထည့်ရ၊ ဒီဟာမထည့်ရနဲ့ ...”

ဆရာကြီးအာလူး။ ။ “ဘာတွေများမထည့်ရလို့ လဲ၊ ပြောစမ်းပါဦး”

အယ်ဒီတာ။ ။ “ဥပမာဗျာ၊ ကုန်ဈေးနှုန်းကျရင်တော့ ထည့်လို့ ရတယ်။ တက်သွားရင်ထည့်လို့ မရဘူး။”

ဆရာကြီး။ ။ “သူတို့က မှန်သားပဲ။ ခင်ဗျားကိုက ပိန်းတာ။ ဒီမယ်ကိုယ့်လူ၊ ထူးခြားမှုရှိမှ သတင်းလို့ ခေါ်တယ်။ လူတိုင်းသိပြီးသားကိစ္စက သတင်းမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာက အမြဲတမ်းဖြစ်နေတာ။ သတင်းမဟုတ်ဘူး။ ကျတာက တခါတရံမှဖြစ်လို့ သတင်း။ အဲလိုပဲ၊ မီးပျက်တာလဲ လူတိုင်းသိပြီးသား။ အထူးအဆန်းကိစ္စ မဟုတ်ဘူး။ မီးမှန်ရင်သာ သတင်း။ ခင်ဗျား ပိန်းလို့ အဆဲခံရတာ နည်းတောင်နည်းသေး။”

အယ်ဒီတာ။ ။ “ဒါဆိုရင် ဒင်းဒို့တတွေ ဘုရားတွေကို နေ့တိုင်း အယောင်ဆောင်သွားဖူးပြီး သူတော်ကောင်းယောင်ဆောင်နေတာကော။ အဲဒါက နေ့တိုင်းလေ။ ထူးခြားမှုမရှိဘဲ ဘာလို့ TV သတင်းထဲမှာ ထည့်လဲ။”

ဆရာကြီး။ ။ “ဟ..ထူးခြားတာပေါ့။ လူတွေဘုရားရှိခိုးရင်တော့ မဆန်းဘူး။ သတင်းမဟုတ်ဘူး။ ခွေးတွေဘုရားရှိခိုးတာ မြင်ဘူးလို့ လား။ အဲဒါသတင်းပေါ့ ။”

အယ်ဒီတာ။ ။ “မှားပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေ၊ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကော။ အဲဒါကျ ဘာလို့ မထည့်လဲ။”

ဆရာကြီး။ ။ “ခင်ဗျားကလည်း၊ ပိန်းပြန်ပြီ။ သတင်းလောကမှာ ဆိုရိုးရှိတယ်။ လူကခွေးကို ကိုက်မှသတင်း။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ သူ့ သဘာဝ။ ကိုက်မှာပဲ။ မြဲမြဲမှတ်ထားကိုယ့် လူ။”

အယ်ဒီတာ။ ။ “မေးမိတာ မှားပါတယ်ဗျာ။”

ကောင်းကင်ကို
http://kaungkinko.blogspot.com/

ဗိုလ်ချုပ်ကြေးရုပ် ပြောတဲ့ စကား

အချိန်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်ပေါ့။ သိတယ်မို့လား။ အိမ်စောင့်တယ်ဆိုတာက ခွေးလေ။အိမ်စောင့်အစိုးရဆိုတော့….. :-D

အဲဒီခွေးအစိုးရ…အဲ…ယောင်လို့ …အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မူး … အဲလေ..ယောင်လို့ … ဗိုလ်မှူးတယောက်က ကျန်းမာရေးအတွက် ရန်ကုန်မှာရှိတဲ့ ကန်တော်ကြီးကို ပတ်ပြီးလမ်းလျှောက်သတဲ့။ တနေရာရောက်တော့ အဲဒီဗိုလ်မှူးက သူ့ကိုခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဗိုလ်ချုပ်ကြေးရုပ်က လှမ်းပြီးခေါ်တာ ဖြစ်နေလို့ အရမ်းအံ့သြသွားသတဲ့။ အဲဒီဗိုလ်ချုပ်ကြေးရုပ်က မတ်တတ်ရပ်နေတဲ့ ကြေးရုပ်ပါ။

ဗိုလ်ချုပ်ကြေးရုပ်။ ။“ငါဒီအတိုင်း ရပ်နေရတာ ညောင်းပြီကွာ၊ အဲဒါ....”

စိတ်မြန်တဲ့ ဗိုလ်မှူးက ဗိုလ်ချုပ်ရဲ့ စကားဆုံးအောင်တောင်မစောင့်ဘူး။
“သိပြီ၊ ဗိုလ်ချုပ်။ ကျွန်တော်ဗိုလ်ချုပ်အတွက် ကုလားထိုင်တလုံး.....”

ဗိုလ်ချုပ်လည်းရုတ်တရက်ဒေါသထွက်သွားပြီး အဲဒီဗိုလ်မှူးရဲ့ စကားဆုံးအောင်မစောင့်တော့ဘဲ “ဟေ့ကောင်၊တော်စမ်း…ငါလွတ်လပ်ရေးရအောင်လုပ်ခဲ့တာ ကုလားထိုင် မက်လို့ မဟုတ်ဘူးကွ။ တိုင်းပြည်ကိုချစ်လို့ လုပ်ခဲ့တာ။ဒါပေမယ့် ငါရပ်နေရတာ ညောင်းပြီကွာ၊ တခြားကြေးရုပ်တွေလိုမြင်းစီးချင်တယ်။”

သိတဲ့အတိုင်းပဲဗျာ။ သာမန်ဗိုလ်မှူးလေးမှာက ဘာအာဏာပါဝါမှ မရှိဘူးလေ။ ဒီတော့ ဦးနေဝင်းကြီးကို တင်ပြရတော့တာပေါ့။ ဒါပေမယ့် ဦးနေဝင်းကြီးက ဗိုလ်ချုပ်ကြေးရုပ်က စကားပြောတယ် ဆိုတာကို မယုံဘူးတဲ့။ သူကိုယ်တိုင် မေးမယ်ဆိုလို့ ဗိုလ်မှူးလေးလည်း သူ့ ကို ဗိုလ်ချုပ်ကြေးရုပ်ဆီ ခေါ်သွားရတော့တာပေါ့။

အဲဒီမှာ ပြဿနာ စတက်တော့တာပဲ။ ဗိုလ်ချုပ်ကြေးရုပ်က ဦးနေဝင်းကြီးကိုလည်း မြင်ရော ဗိုလ်မှူးလေးကို ဒီလိုလှမ်းပြောလိုက်သတဲ့။

“ဟေ့ကောင်၊ ငါစီးချင်တာမြင်းကွ၊ မင်းကဘာလို့ နွားကြီး ခေါ်လာရတာလဲ”။ ။ :-D

ကောင်းကင်ကို

http://kaungkinko.blogspot.com/

ဝန်ခံချက်။ ။ Reader’s Digest မှ ဖတ်ခဲ့ဖူးသောဟာသတပုဒ်နှင့် ကျွန်တော့်စိတ်ကူးတချို့ ပေါင်းစပ်ပြီး ဖန်တီးထားခြင်းဖြစ်ပါသည်။

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။