Showing posts with label စွေစောင်း. Show all posts
Showing posts with label စွေစောင်း. Show all posts

Friday, October 19, 2007

ပန်ကြားပါသည် (၇) ရက်သားသမီး စိတ်ချမ်းသာဖို့

(တွဲဖတ်ရန် -ပန်ကြားပါသည် စာဖတ်သူများသို့)


ကျွန်တော်လဲ အခုတလော ဘလော့ဂ်မရေးရဲဘူး..ကျောင်းနဲ့ပလက်ဖောင်းကူးပြီး မျောက်သစ်ကိုင်းလွတ်သလို တပ်ပြန်ဖို့ အရေး တွေးကြောက်နေတယ်..တချို့ကတော့ အမြီးထောင်နိုင်ရင် ထောင်ပါအုန်းလို့ပြောတယ်..တချို့ကျတော့လဲ သူတို့ကိုကြောက်သွားလို့ ပြန်မရေးနိုင်တော့ဘူးလို့ ပြောတယ် (အမှန်တွေ မပြောကြပါနဲ့..အမှန်တွေကြားရင် အဖျားဝင်တတ်တဲ့ ရောဂါ ဆိတ်ဗိုလ်မှာ ရှိတယ်)..ဘာလိုပဲဖြစ်ဖြစ် ကျွန်တော်ပြန်ရေးဖို့ မပြောနဲ့ ကိုယ့်ဘလော့ဂ်မှာ လာရေးတဲ့ Comment တွေတောင် မဖတ်ရဲတော့တာတော့ အမှန်ပဲ…(စရေးတုန်းက အခုသူတို့ထောက်ပြထားတာတွေ မတွေးမိလို့ပါ ခမျာ…တက်ချုပ်ကြီး အော်ဒါပေးတဲ့အတိုင်း….အဲလေ…သြ၀ါဒပေးတဲ့အတိုင်း သံယောင်လိုက်တာပါပဲ..။) ကြိတ်စုထားတဲ့ ဒေါ်လာလေး ဘယ်လောက်ရပလဲ ရေနေရတာနဲ့ကို အချိန်ကုန်နေရတယ်ဆိုတော့ ကျန်တာတွေ စိတ်မ၀င်စားနိုင်သေးဘူး..

အဲဒီအချိန်မှာ ကောင်းကောင်းကြီးဆော်ပလော်တီးနေတဲ့သူတွေကလဲ တပုံတခေါင်းကြီးပေါ့.. (အမှန်တော့ ကျနော်နေ့တိုင်း အဆောင်တံခါးပိတ်ပြီး ခိုးဖတ်ပါတယ်။) မခံနိုင်တဲ့သူတွေက ပြန်ပြောကြတယ်…(ဆိတ်ဗိုလ်နေလင်းကြောင်..မင်းဟာမင်း `ခံ´တဲ့။) …ပို့စ်အသစ်တင်ပြီး ပြန်တိုက်ခိုက်လို့ ပြောကျတယ်…(ခင်ဗျားတို့ မြှောက်ပေး..အခု ကျုပ်ခံရတာ ချာလပတ်ကို ရမ်းနေပြီ)….ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော့ဒေါ်လှပြားလောက် ဘယ်အရာမှ အရေးမကြီးဘူး..ယောင်္ကျားဖြစ်ပြီး မိန်းမပါးစပ်တွေလို အပုတ်ချအတင်းပြောလဲ ပြောကျပေါ့……(ကျုပ်က စပြောခဲ့တာ..အခုထိ အဲလိုပဲ..မယုံရင် ဘားမားတူဒေးမှာ သွားဖတ်၊ `ဝေဖန်စာတစ်စောင်´ဆိုလား အဲဒီခေါင်းစဉ်နဲ့ တင်ထားတယ်။ ကျုပ်က ပိုင်အိုးနီးယားပါဗျ…ငှဲ..ငှဲ..) သူတို့တွေက ကျွန်တော့ဖွက်ယူဒေါ်လာလောက် အရေးမကြီးတော့လဲ အိတ်ထောင်ထဲတောင် မထည့်ပါဘူး…..

ကျွန်တော့ကို တိုက်ခိုက်ရမှ ဟမ်ဘာဂါစားလို့ဖြောင့်မယ်ဆိုလဲ ဆက်သာဘီယာနဲ့ မျောချကြတော့..ကျွန်တော်ကတော့ ကိုယ့်အကုသိုလ်နဲ့ကိုယ်၊ ဘ၀ပျက်မဲ့ကိစ္စတွေကို လုပ်မိနေပြီဆိုတော့လဲ ရှေ့တိုးတော့လည်း ထမ်းပိုး နောက်ဆုတ်တော့လည်း သန်းရွှေဒုတ် (ရိုက်တဲ့ ဒုတ်ပြောပါတယ်။) ဆိုတော့ ပြန်ကိုက်မနေတော့ဘူး..စီနီယာတစ်ယောက်ပြောတဲ့ စကားလေး သွားသတိရမိတယ်..လမင်းကြီးကို ခွေးဟောင်တယ်တဲ့..ခွေးသာဟောင်ရင်းနဲ့ သေသွားမယ်.လမင်းကြီးကတော့ ပုံမပျက် လင်းနေအုန်းမှာပဲ….(အဲဒါ မင်းရဲ့ စီနီယာက ပြောတာမဟုတ်ဘူး။ မဃဒေ၀ကျမ်းပြုအကျော် မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဗျာဟဲ့..ငကြောင်ရဲ့…မင်းစီနီယာ ပါးစပ်ကိုများ နတ်စကား ထွက်တယ်မှတ်နေလား..မင်းတို့ အဲဒါခက်တာပေါ့…သန်းရွှေ လေလည်တာလောက်ကို အမြှောက်သံထင်နေတဲ့ ဂျိုကုပ်ကလေးတွေ..မနိုင်ရင် မနိုင်ဘူးပေါ့…စစ်သားပီပီ လက်နက်ချရင်ချတယ်ပေါ့….နောက်ပြီးပြောလိုက်ဦးမယ် အဲဒီ `လမင်းကို ခွေးဟောင်လို့၊ ရွှေလရောင် ပြောင်မပျက်တယ်၊ ထွန်းလျက်ပင်သာ´ ဆိုတဲ့ ကဗျာက စုံမှိတ်ပြီး အော်ချင်ရာ အော်နေတဲ့ မင်းတို့ဖတ်ဖို့ကွဲ့…ကြားလား…နောက်ပြီး ဟိုနောက်ပေါက် ဂျိုယားလေး န.အာ.ဖ ကိုလည်း ပြောလိုက်ဦးမယ်..လေးဖြူတို့ အငဲတို့ မျိုးကြီးတို့ ဆိုတဲ့ သီချင်းတွေက နင်တို့ကို ဆုံးမနေတာ…ဒါပေမဲ့လည်း နွားကို ဂစ်တာတီးပြမိသလို မင်းတို့ကတော့ စကားခေါက်ခက် အ၀င်နက်ပါဘိ…အေးလေ..အ၀င်လည်း နက်လောက်ရောပေါ့..)

အဲဒီလိုပဲ ကျွန်တော်ကတော့ ကိုယ်ခံစရာရှိတာကို လှိမ့်ပိန့်ခံနေတုန်းဆိုတာ ပြောလိုက်ချင်တယ်..ပြောချင်တာတွေ ပြောချင်တိုင်း ပြောနေတဲ့သူတွေကတော့ သူတို့ပြောတဲ့ စကားတွေထဲမှာ သူတို့အဆင့်အတန်းတွေကို ဖော်ပြမှန်းမသိအောင် ပြောဆိုနေကြတာ.. သေချာတွေးကြည့်တော့ ယောင်္ကျားတွေလဲ အတင်းပြော အပုတ်ချတတ်တယ်ဆိုတာတွေ မြင်လိုက်ရသေးတယ်….(ကျနော် နေလင်းကြောင် ထိပ်ကပါပဲ…နိုင်ငံနဲ့ချီပြီး အပုတ်ဆန်အောင် ပြောနေတာ…)

စိတ်တော့မနှံ့တော့ပါဘူး..ဒါကလဲ မွေးရာပါဆိုတော့လဲ ကျနော့်ကို မတားကြပါနဲ့..အဲဒီတော့ အရှုံးပေးပါပြီ..ပြောချင်တဲ့သူတွေ ဆက်ပြောပြီး ထမင်းလေးဝအောင် စားကြတော့…..ကျွန်တော်ကတော့ ဖွက်ယူဒေါ်လာအတွက်ပဲ အငတ်ခံနေတော့တယ်…(ဖွက်ယူဒေါ်လာလို့ ပြောရတာက မဖွက်ရင် အိမ်အပြန် ရုရှလေဆိပ်မှာ သိမ်းလို့ပါ ခမျာ)..အားတဲ့အချိန်လေးတွေမှာတော့ အကူသိုလ်လဲများ၊ စာဖတ်သူလဲ ၀ိုင်းဆဲကြမယ့် ပို့စ်လေးတွေ၊ ကျွန်တော် `နွားလိုက်အော့ဖ်မြန်မာ´တို့၊ `ကြေးမှုန်´တို့က ကူးထားတာလေးတွေ ဖော်ပြပေးသွားမှာပါ..ကျောင်းကနှင်ထားတဲ့ရက်တွေကလိုတော့ အားတိုင်းယားတိုင်းပို့စ်အသစ် မတင်နိုင်တော့တာ (၇) ရက်သားသမီး စိတ်ချမ်းသာဖို့ ဖြစ်တဲ့အကြောင်း ပန်ကြားပါတယ်…

(မင်းရေးတာ ဖတ်ဖတ်ပြီး `ရီချင်တယ် ကြည်ခင်ရယ်´၊ `ရီသေးတယ် ကြည်အေးရယ်´လို့ပဲ ပြောချင်တာပဲ။ မင်း…ဘလော့ဂ်လည်း တစ်ခါ ဖျက်လိုက်ရပြီးပြီ။ ဒါလည်း အမှတ်မရှိဘူး။ အခုထပ်ရေးပြန်တော့လည်း မင်းရဲ့ Comment နဲ့ စီဘောက်တွေမှာ မြင်မှာပေါ့။ Comment အားလုံးအခု ၂၀ ကျော်လောက်ဖတ်တာမှာ မင်းရေးတာ ထောက်ခံတဲ့သူ တစ်ယောက်ပါရင် မင်းစာသင်ဆောင်ပေါ်က ဂျွမ်းသာထိုးချလိုက်။ ခက်တာက အဲဒီ ထောက်ခံပါတယ်ဆိုတဲ့ တစ်ခုကလည်း နအဖ ရဲ့ ထောက်ခံပွဲတွေလို မင်း ကိုယ့်ဘာသာ လံကြုတ်ပြန်ရေးရတာဆိုတော့ ဘယ်ပျော်နိုင်လိမ့်မလဲ။ အားလုံးက ကန့်ကွက် ဆဲဆို ကြိမ်းမောင်းတာနဲ့တင် မင်း အမြီးကုပ်ပြီး ဘလော့လောကကနေ အောင်ဖျာလိပ်သင့်ပြီ။

မင်းကို လာရောက်ပြောပြဆုံးမနေတာ မင်းနဲ့ရွယ်တူတွေတောင်မဟုတ်ပါဘူး။ အရွယ်တူရင်တောင် မင်းထက် ဥာဏ်သက်တော့ ရင့်ကြတယ်။ စွေစောင်းဘလော့ဂ်နဲ့ ဆက်မရေးရဲလည်း အသစ်တစ်ခု လုပ်ပေါ့။

အစတော့ မင်း မျက်နှာများရမလားလို့ နအဖအာဘော်တွေ လျောက်ရေးနေပြီး စကားထဲက ဇာတိပြတာတွေ၊ စကားကျွံပြီးနုတ်မရတာတွေ ဖြစ်တယ်။ အခုတော့ မင်း တပ်ကိုပြန်ရင် မျက်နှာမရပဲ ခြေထောက်ထက်ဆိုးတာ ရတော့မယ်။ မင်းလုပ်တာ၊ ဗရမ်းဗတာ ပြောတာတွေ ရုရှက မြန်မာသံရုံးက၊ နေပြည်တော်စစ်ရုံးချုပ်က မသိဘူးထင်လို့လား။ မင်းလိုဖားချင်တဲ့ကောင် မှင်နီတွေရဲပြီး ဖင်အသားနီလန်ဖို့ပြင်။ နအဖ အာဘော်အတိုင်း၊ ဂျပုကျော်ဆန်းလေအတိုင်း လျှောက်ပြော။ သူတို့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံကပြောနေတာ တဖက်သတ်ဆိုတော့၊ ခွေးတောင် အအိပ်မပျက်သလို ဘယ်သူကိုမှလဲ ရှင်းချက်ပေးစရာမလိုဘူး။ မင်းလည်းပြောရော လာသမျှ၊ ဝေဖန်သမျှ ဘာမှ ပြန်မချေနိုင်၊ ထပ်မပြောနိုင် ဖြစ်တော့တာကိုး။

မင်းသိဖို့ရာက နအဖ ပြောသမျှ သတင်းစာက အီအီးကုံးဖို့လောက် အသုံးဝင်တာ၊ နိုင်ငံတကာ ဘလော့ဂ်စာမျက်နှာပေါ်မျိုးလာတင်လို့ မရဘူး။ မင်းဦးနှောက်ကလည်း နအဖ (နင့်အဖေ) သင်မထားရင် ဘာမှ ပြောတတ်တာမဟုတ်။ မင်းအပါအ၀င် ဇော်မျိုးတို့၊ သာဂိန်တို့၊ န.အာ.ဖ တို့ကို ငါ ရေးရပြောရတာကလည်း နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုတာလို ဖိချည်းထောင်းနေရ၊ ခွေးပိန်လေး ချောင်ပိတ်ကန်နေရသလို တကိန်ကိန်ဖြစ်နေတော့ တခါတလေတော့လည်း သနားတယ်။ ဒါပေမယ့် မချိသွားဖြဲ လာလာလုပ်တော့ နံကြားကန်ပစ်ရတာပဲ။

ကိုယ်လုပ်စရှိတာလုပ်၊ ဗွက်က အချိန်တန်ရင် ရုရှကပေးလိုက်မှာပဲ။ ဒေါ်လာလေးရသလောက်ဖွက်သွား။ အိမ်မက်ဆိုးတွေမက်မနေနဲ့။ တွေးမိပြီး ရင်ပူလာရင် အပြင်ထွက်ပြီး နှင်းလွှာပေါ် မှောက်အိပ်ချေ။)

အားတဲ့အချိန်မှာ ရုရှားမြို့ပြသ ပလက်ဖောင်းအကြောင်းလေး ရေးတင်ပေးပါမယ်..အဖေမပေါ်တဲ့ ကလေးများအတွက် ဗဟုသုတတစ်ခုပေါ့

Sunday, October 14, 2007

ပုလင်းထောင်ပြီးစောင့်နေတယ်

(တွဲဖက်မြည်းရန်....ဟုတ်ပါဘူး...မှားလို့...ဖတ်ရန် နေလင်းဟောင်..No..No..နေလင်းမောင်၏
အလင်းထဲကစောင့်နေတယ်)

(ဘာကို`စောင့်´မှာလဲတော့ တိဘူးဂျ။ ချက် ချက်တွေ လုပ်နဲ့။)

ကဲဗျာ..အခုတစ်လော ပုလင်းခွံတွေ ကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်မဟုတ်ဘူးဆိုတဲ့အကြောင်းတွေ အီးမေးလ်ပါတင်ပြီး ရှင်းချင်တဲ့သူ သိချင်တဲ့သူလာ ကြိုဆိုပါတယ်ဆိုတော့ တစ်ချို့တစ်လေတော့ လာကြပါတယ်..ဒါပေမဲ့ ခွက်ပုန်းဆိုင်တွေ သွားမော့ပြီး မူးနေကြတဲ့သူတွေနဲ့ Gtalk မှာ ချီးယားလုပ်ပြီး ခွက်ရှဲနေရတဲ့သူတွေရဲ့စာရင်းကို ယှဉ်ကြည့်လိုက်ရင် အများကြီးကွာတယ်..အဲဒီတော့ လူတိုင်းကို လိုက်ဒကာမခံနိုင်ဘူး..ကျွန်တော်နိုင်သလောက်ကိုပဲ ရှင်းပေးနိုင်တယ်..လူတိုင်းကို မရှင်းပေးနိုင်လို့လဲ ခွက်ပုန်းချစရာတော့ မရှိဘူး..ချလည်းမချဘူး..ဘာလို့လဲဆိုတော့ ဒီလူတွေ မူးသွားလို့လဲ ဘာမှဖြစ်မလာသလို ဒီအတိုင်းမမူးလဲ ဘာမှဖြစ်မလာဘူး..


မနေ့ကတော့ တော်တော်လေးလာအန်ကြတယ်..တချို့ကျတော့လဲ စကားစပြောတာနဲ့ မူးမှန်ကိုသိကြတယ်..တချို့ကျတော့လဲ မူးတော့ မူးသွားပါတယ်..ခြံစည်းရိုးမှာ သွားအန်တယ်..



အဲဒီ ခင်ဗျားတို့ ဘလော့ခ်မှာရေးထားတဲ့ ဦးလေးအိမ်ဆိုတာတွေ၊ ညီမ၀မ်းကွဲဗိုက်ကြီးတယ်ဆိုတာတွေ၊ တာဝန်မယူဘူးဆိုတာတွေဟာ mmedwatch.blogspot.com ကလူတွေရော၊ သတင်းပေးတွေရောအားလုံးကိုရော ကျုပ်မူးလို့လုပ်တာ သေချာတယ်ဆိုတာကို ဘယ်သူတာဝန်ယူနိုင်ပါသလဲ..ဟိုလူပြောတာကြားလို့ ဒီလူပြောတာကြားလို့ဆိုပြီးတော့ မပြောစေချင်ဘူး...အမှန်တွေ မပြောစေချင်ဘူး..

မင်းနှမနဲ့ဖြစ်တာ ငါပဲကွာဆိုပြီး လူပုံအလယ်ကို ထွက်လာခဲ့...ဆိုတော့ အခုဖြစ်နေတာက ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ ခြင်ထောင်ထဲက သတင်းကို ကောက်တင်ပြီး အပုတ်ချတာ မရှက်ဘူးလားဗျာ...ဟို ကိုအေးလွင်ပြောသလိုပဲ...မူးပြီးလျှောက်ပြောတဲ့ သတင်းတွေမှာ စစ်တပ်ဟာ တော်တော်လေးဂျိုးကပ်နေတယ်တဲ့..သူကတော့ ခွက်ပုန်းပဲချတော့ သိတယ်တဲ့..

အဲဒီလိုပဲ ကျွန်တော်လဲ ခင်ဗျားတို့လျှောက်ပြောမှ တော်တော်လေးကို ဘ၀က ပုတ်သွားတော့တယ်..ခင်ဗျားတို့ရေးထားတဲ့ ကျွန်တော့ရဲ့ ကိုယ်ရေးအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ပေါ့ ကျွန်တော်ရှင်းပြချင်တယ်..
၁။ အမည်မှန်တယ် (နေ့ခင်းဟောင်)
၂။ ကိုယ်ပိုင်အမှတ် မှန်တယ် (ဦးသန်းရွှေပြီးရင်ကျုပ်)
၃။ နေရပ်က မန္တလေးဆိုတာပဲ မှန်တယ်..ပိုက်ကျုံးဆိုတာမှားတယ်...(ဆင်ချေးကျုံးအရပ်မှာနေတာ)
၎။ MEPhI ဆိုတာကတော့ မှန်တယ်..လောလောဆယ်တော့မဟုတ်ဘူး.. စရောက်ကတည်းက လမ်းဘေးမှာနေတယ်..ပြန်တော့လဲ ပလက်ဖောင်းကပဲ ပြန်မှာပဲ.. ဘယ်မှလဲ မပြောင်းဘူး...အဲဒီတော့ လောလောဆယ်ဆိုတာ မထည့်ရင် မှန်တယ်..
၅။ စည်းကမ်းထိမ်းသိမ်းရေး ကျောင်းသားခေါင်းဆောင် ဆိုတာမှားတယ်..(ဘယ်တော့မှ စည်းမထိမ်းဘူး..လစ်ရင်ချတာပဲ)
၆။ ဗိုလ်လောင်းဘ၀က မပွေဘူးဆိုတာ အိမ်ကဧည့်တွေ့ ခဏခဏလာပါတယ် ခင်ဗျာ..မိသားစုနဲ့သာတွေ့ဆုံပါတယ်..(ဗိုလ်ဖြစ်ပြီးမှ ပွေတာ)
၇။ ကျွန်တော့ ဦးလေးက ကျိုက်ထိုမှာနေပါတယ် ခင်ဗျာ..စစ်သားပါ..သူ့သမီး ညီမ၀မ်းကွဲဆိုတာ ကျွန်တော် ၁၀ တန်းလောက်ကတည်းက ယောင်္ကျားရသွားပါပြီ (ကောင်္ကျားရတယ်ဆိုတာ ဟိုသင်းဖြစ်တာကိုပြောတာ၊ ဘယ်သူဘယ်ဝါနဲ့လို့ အပြောဘူးနော်...အနော်လည်းပါတယ်) ခင်ဗျာ..ကျိုက်ထိုဘက်က လှည်းသမားနဲ့အိမ်ထောင်ကျပါတယ် ခင်ဗျာ...ဒီနေ့ထိ ကျွန်တော့ညီမ၀မ်းကွဲများနဲ့ ကောင်းကောင်းမတွေ့ဘူးပါ ခင်ဗျာ..(တွေ့ဖို့လိုတော့လူး.....၀ပြီ....အဲလေ..ယောင်လို့...ဝေးပြီ)

ခင်ဗျားတို့ရေးတဲ့ ကျုပ်ရှုပ်တာတွေ ခင်ဗျားတို့ တာဝန်မယူနိုင်ပဲ ခေါင်းမခံနိုင်ပဲ လျေက်လျောက်မရေးပါနဲ့..(ကျုပ်တောင် တာဝန်မယူပါဘူးဆို).လူအထင်သေးတဲ့ စကားလုံးတွေသုံးပြီးတော့ သူ့ယောက်ဖ ကိုယ့်ယောက်ဖဖြစ်အောင်လုပ်တဲ့ လုပ်ရပ်တွေ၊ ခွက်ပုန်းတွေလုပ်နေကြ လုပ်နည်းတွေလို လာမလုပ်နဲ့..လှည်းကျိုးထမ်းရဲရင်ထွက်လာခဲ့ပါ...ကျွန်တော်ပြောချင်တာကတော့ အခုဖြစ်နေတဲ့ပုံက ကျွန်တော်လုပ်တာ လူတွေသိတယ်..ကျွန်တော်က ကြားကားဆွဲတဲ့ကောင်ကို မသိဘူး..လူတွေထဲကနေ ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီး နွားမရွံ့ပိတ်လုပ်နေတာ ကြည့်မကောင်းဘူး..ရှေ့ကိုထွက်လာခဲ့လိုက်..လှည်းတပ်ပေးမယ်...အဲဒီတော့ ကျွန်တော်ပုလင်းထောင်ပြီးစောင့်နေတယ်..ခွက်ပုန်းချတဲ့နေရာက ထွက်လာခဲ့လိုက်ပါ..

ငကြောင်တွေ ထင်ရာစိုင်းသမျှကို
နောင်ရာဇ၀င်မှာ မရိုင်းရအောင်
အကြင်ဆရာ မောင်ဒိုင်း ရေးသည်
ဣတိ တသ္မာ - ထို့ကြောင့်
မောင်ဒိုင်းဘလော့ဂ်မည်၏။